SJ WorldNews - шаблон joomla Авто

ယနေ့ ခေတ် လူငယ်နှင့် ဗုဒ္ဓ သာသနာ

Saturday, 19 August 2017 10:56 Written by  font size decrease font size decrease font size increase font size increase font size

ခေတ်တစ်ခေတ်၏ အနေအထားကို သုံးသပ်ကြည့်လျှင်  တိုးတက်ခြင်းနှင့်  ဆုတ်ယုတ်ခြင်း  အဖြေ နှစ်ခုကို တွေ့ရမည်ဖြစ်သည်။

မည်သည့်ကိစ္စတွင် တိုးတက်၍ မည်သည့်ကိစ္စတွင် ဆုတ် ယုတ် ကြောင်း အဖြေရှာကြည့်နိုင်သည်။ ကိစ္စများမြောင် လူတို့ဘောင်ဟုဆိုသည့်အတိုင်း ကိစ္စရပ် တိုင်းကို နှိုင်းယှဉ်ပြောလျှင် ကုန်နိုင် ဖွယ်မရှိ။

လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ပညာရေးနှင့်  ဆက်သွယ်ရေးစသည်ဖြင့် အရေးကိ စ္စများ မြောင်လှ၏။   စာရေးသူ အဓိကပြောချင်သည်မှာဘာသာရေးနှင့် စပ်လျဉ်းသည့် ကိစ္စဖြစ် သည်။ လွန်ခဲ့သော ခေတ်တစ်ခေတ်၊ စာရေးသူတို့အရွယ်လတ်ပိုင်းတွင် လူငယ်အတော် များများပင် ဘာသာရေး အလုပ်လုပ်သူ နည်းပါးသည်။ ဘာသာရေးနှင့်သက်ဆိုင်သော  မဂ္ဂ ဇင်းများ၊ ဂျာနယ်များနှင့်  ဘာသာရေးစာအုပ်များ ယခုလောက် မများလှသေး။ ဘာသာ ရေး စာပေဖတ်ချင်လျှင် ရှာဖွေဖတ်ရသည်။ စာအုပ်စုဆောင်းထားသူများထံမှငှားဖတ်ရသည်။

ဆရာတော်များ၏ တရားပွဲသည်လည်းအကြိမ်များများ၊    နေရာများများတွင် တွင်ကျယ် ပျံ့နှံ့မှု မရှိသေးပေ။  ထိုအချိန်က အမျိုးသား၊ အမျိုးသမီးလူငယ်လူရွယ်အတော်များများ  ဘာသာ ရေး ကိစ္စလျော့ရဲကြသည်။ နက်နက်ရှိုင်းရှိုင်းမရှိလှ။ မိဘများ၏ ကိုးကွယ်ရာဗုဒ္ဓဘာသာကို သား သမီးများက  ဆက်ခံကြခြင်းသာ။မိရိုးဖလာဓလေ့စရိုက်အရ နံနက်၊ ညဘုရား ရှစ် ခိုးခြင်း၊ ဥပုသ် သီ တင်း ဆောက်တည်ခြင်းကိုပင် လူငယ်တိုင်းလုပ်လေ့မရှိ။  မပျက်မကွက်လုပ်ရမည့် ကိစ္စဟု နှလုံးမသွင်းကြ၊  ပေါ့ပေါ့တွေး၊ ပေါ့ပေါ့နေအဆင့်တွင်သာရှိသည်။

တချို့ဆိုလျှင် ဘာသာတရားအစွဲမရှိဘူးဟု ပြောဆိုလိုက်သည်များ တွေ့ဖူးသည်။  ဗုဒ္ဓဘာသာ စစ်စစ် ဆိုလျှင် ဗုဒ္ဓဘာသာတရားအစွဲရှိကိုရှိရမည်။ လူငယ်ဖြစ်ပြီး ဘာသာရေးလုပ်နေလျှင် အထင် မကြီး။ နောက်ကွယ်တွင် လှောင်ရယ်သေးသည်။ ဒုတိယအရွယ်တွင် စီးပွားရှာဆို သော စကားကို လက်ကိုင်ထား၍ စီးပွားရေးကိုသာ အလေးထားကြသည်။ စီးပွား အရှာ ကောင်း တုန်း သေဆုံးသွားလျှင် ကုသိုလ်လေးမှ ပါမသွားနိုင်သည့်အနေအထား၊ ဘာသာရေး အသိ နည်းပါးခဲ့ကြသည်ကို တွေ့ရ၏။ ယနေ့ခေတ်ကာလတွင် လူငယ်အများစုပင် ဘာသာ တရား ကိုအလေး အနက် ထားလာကြသည်။ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ဖွဲ့စည်း ထား သည့်ဘာသာရေးအသင်းအဖွဲ့များတွင် လူငယ်များစွာ ပါဝင်လာကြသည်ကို တွေ့ရသည်။

စာရေးသူနှင့် နီးစပ်သော ဒေါပုံမြို့နယ်တွင် ထေရဝါဒ   ဗုဒ္ဓဘာသာထိန်းသိမ်းစောင့် ရှောက် ရေး အသင်းနှင့် မာဃလူငယ်အသင်းစသည်ဖြင့်  ဘာသာရေးအသင်းများကို တွေ့ရသည်။  ထို အသင်း အဖွဲ့ တွင် လူငယ်လူရွယ်အမျိုးသား၊  အမျိုးသမီးများသည် စည်းလုံးညီ ညွတ်ကြ သည်။  ဘာသာရေး အသိစိတ်ပြည့်ဝကြသည်။

မြို့နယ်အတွင်း တရားပွဲများကျင်းပခြင်းနှင့် ယဉ်ကျေးမှုသင်တန်း၊ ပဋိစ္စသမုပ္ပာဒ်သင်တန်း စသည်များ  ဖွင့်လှစ်ခြင်းတို့ကိုအောင်မြင်စွာဆောင်ရွက်နိုင်ကြသည်။  ပရဟိတကျောင် များ အတွက် လို အပ်သော စာရေးကိရိယာများ၊ ဆန်၊ ဆီ၊ ဆား၊ အလှူငွေစသည်များကို လှူ ဒါန်းနိုင် စေရန် ကြိုးပမ်းကြသည်။ ထို့ပြင်ဝါတွင်းကာလဥပုသ်ရက်များနှင့်  တရားစခန်းများတွင် တရား စခန်းဝင် လာသော လူငယ်များစွာကို တွေ့ရသည်။ဗုဒ္ဓသာသနာတော်၏    အဆုံးအမတွင် သက်ဝင်ယုံကြည်မှု တိုးပွားလာပြီဟု မှန်းဆ၍ရသည်။

ဘာသာ ရေး အလုပ်လုပ်နေသူသည် ဘုရား၊ တရားယုံကြည်သက်ဝင်နေသင့်သည်။ ဘုရား မရှိ ခိုး ရလျှင် မနေနိုင်သူဖြစ်သင့်သည်။ ဗုဒ္ဓ၏ အဆုံးအမကို ခံယူနေသည့် ဗုဒ္ဓဘာသာ ဝင်ဖြစ် ရ သည်မှာ ဂုဏ်ယူစရာဖြစ်သည်။ တခြားဘာသာမှ ဗုဒ္ဓဘာသာသို့ပြောင်းလာကြခြင်း၊  ဗုဒ္ဓ၏ တရား တော်ကိုလေးလေးနက်နက်သိရှိလာခြင်း စသည့်အကြောင်းအရာများစွာသည် ထေရဝါ ဒဗုဒ္ဓ ဘာ သာ၏ ဂုဏ်တော်တစ်ရပ်ဖြစ်သည်။

မိဘများက ဗုဒ္ဓဘာသာဖြစ်၍ သားသမီးများကလည်း ဗုဒ္ဓဘာသာဖြစ်ပြီးသားပင်။ သို့ရာတွင် ဗုဒ္ဓဘာ သာဖြစ်ပြီဟု ခံယူထားရုံနှင့် ပြည့်စုံပြီဟု မဆိုနိုင်သေးပါ။ တရားတော်၏ အဆုံးအမကို ဘယ်ရွေ့ ဘယ်မျှလိုက်နာနိုင်ပါသလဲဟု   ဆန်းစစ်ကြည့်ရန်လိုသည်။ အနည်းဆုံးတော့  ငါးပါး သီလလုံရန် လိုသည်။ ဗုဒ္ဓတရားတော်၏ အနှစ်သာရကို သေချာစွာလေ့လာဖတ်ရှုပြီး လူ

အများ ရှေ့ပြောဆိုဆွေးနွေးနိုင်သူကို  တွေ့ဖူးသည်။ စာတစ်စောင်၊ ပေတစ်ဖွဲ့ရေး၍မဂ္ဂဇင်း၊ ဂျာနယ်များ တွင် တင်ပြသူများကိုလည်း တွေ့ဖူးသည်။ သူတို့၏ ရင်ထဲတွင် ဗုဒ္ဓအဆုံး အမမည် မျှကိန်းအောင်းနေပြီလဲမသိနိုင်ပါ။တချို့က တကယ်လိုက်နာသူ၊ လက်တွေ့လည်း ဒါန၊ သီလ၊ ဘာဝနာကို ကြိုးစားဖြည့် ဆည်း သူဖြစ်သည်။ တချို့မှာ ရေးသောစာနှင့်တခြားစီဖြစ်နေကြောင်း   တွေ့ဖူးသည်။ကိုယ်ရေးသောစာ၊ ကိုယ်ဆွေးနွေးသော အကြောင်းအရာအတွက် ကိုယ့်ဘာသာ စိတ်လုံ စေချင်သည်။

သာသနာပြုဆရာတော်ကြီးများ၏ ဟောပြော၊ ရေးသား၊ ဆွေးနွေးမှုများသည် စစ်မှန်သောသာသနာပြုလုပ်ငန်းဖြစ်သည်။ ထိုဆရာတော်ကြီးများကြောင့် တိုင်းတစ်ပါးသားနှင့် တခြား ဘာ သာများ မှ ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းနေကြပြီကို တွေ့နိုင်သည်။

ဘုရားရှင်လက်ထက်ကတည်းကပင် ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင်သဖြင့် ဘာသာ ကူး ပြောင်းသော သာဓကများရှိခဲ့သည်။ အသောကမင်းသည် ဂျိန်းဘာသာကို ကိုးကွယ်ခဲ့ သူဖြစ် သည်။ ခမည်းတော်ဗိန္ဒုသာရကိုးကွယ်သည့်အတိုင်း ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ အသောကမင်း သည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး မဟာရာဇာအားလုံးကို သတ်ဖြတ်ခဲ့သူ၊ ကလိင်္ဂတိုက် ပွဲ တွင် မြစ်ချောင်းတို့၌    သွေးချင်းချင်း နီစေခဲ့သူဖြစ်သည်။ ထိုမင်း၏ နှလုံးသားတွင် သောကများ၊စိုး ရိမ်ပူပန်မှုများနှင့် နောင်တများပြည့်နေချိန်တွင် တစ်နေ့သ၌ နိဂြောဓ သာမဏေ လေး ကို ဖူးတွေ့လိုက်ရခြင်းဖြစ်သည်။

နိဂြောဓသာမဏေသည် ခုနစ်နှစ်သားအရွယ်ရဟန္တာဖြစ်သည်။ ငြိမ်းချမ်းသော ဣနြေ္ဒ တည်ကြည် မှုဖြင့်  နန်းတော်ရှေ့မှ ညင်သာသော ခြေလှမ်းဖြင့် ကြွနေသည်ကို ပြတင်းမှ ဖူးတွေ့ရစဉ် မင်းကြီး၏ စိတ်တွင် အလွန်ကြည်လင်ညွတ်နူးသွားသည်။

ထိုရဟန္တာလေးကို နန်းတော်သို့ ပင့်ဆောင်စေလျက် ရဟန္တာလေးထံမှ ဗုဒ္ဓတရားတော်ကိုနာကြားကြ သည်။ ထိုအချိန်မှစ၍ အသောကမင်းကြီး၏ နှလုံးသားတွင် ဗုဒ္ဓဘာသာသည် တကယ့် ဝိ သုဒ္ဓိနှင့် သစ္စာကို ပေးနိုင်သည့် သာသနာဖြစ်ကြောင်း   သိနားလည်သွားသည်။ ထိုအသိ တရားကြောင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီး သာသနာပြုလုပ်ငန်းကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။

 အဆင့်ဆင့်ကိုးကွယ်လာခြင်းဖြင့် သုဝဏ္ဏဘူမိ (သထုံ)မနူဟာမင်းတိုင်အောင် အောက်မြန် မာပြည် ၌ သာသနာတော်ထွန်းကားခဲ့သည်။ အနော်ရထာမင်းလက်ထက်   အထက် မြန် မာပြည် ၌  ကိုးကွယ်ရာ သာသနာမရှိသဖြင့် အရည်းကြီးရဟန်းယောင်များကို ကိုးကွယ် နေကြ သည်။  မွန်သာသနာပြု ရှင်အရဟံနှင့်ဆုံပြီး ရှင်အရဟံက လမ်းညွှန်တရားပြ၍ အနော် ရထာ မင်းလည်း တရား ထူးတရားမြတ် နာကြားခွင့်ရသည်။

ဒိဋ္ဌိအယူမှားကို ပယ်ရှားခဲ့ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့သည်မှာ ရာဇဝင်များတွင် အ ထင်ကရရှိသည်။အေဒီ ၁ဝ၄၃ တွင် မြန်မာနိုင်ငံအောက်ပိုင်း ဟံသာဝတီနေပြည်တော်တွင် တိ ဿဘုရင်သည် အယူမှားသဖြင့် ဗြဟ္မာကြီးများကို ကိုးကွယ်နေသည်။ ဘုရားဆင်းတုတော်များကို ရေမြောင်းများ၊ မြစ်ချောင်းများတွင် စွန့်ပစ်စေခဲ့သည်။ မည်သူမျှ ဗုဒ္ဓဘုရားကို မကိုး ကွယ် ရ။ အိမ်များတွင် ဗုဒ္ဓဆင်းတုတော်ကို ကိုးကွယ်လျှင် သတ်စေအမိန့်ထုတ်ခဲ့သည်။ ပြည် သူပြည်သားများသည် စိတ်နှလုံးညှိုးနွမ်းစွာ ရုပ်ပွားတော်များကို စွန့်ပစ်ကြ ရသည်။

ထိုအချိန်တွင် နေပြည်တော်နှင့် နှစ်မိုင်အကွာရှိ ပိုင်တရော်ရွာ သူကြွယ်သမီး သိလ ဒေဝီ (သလထောင်) သည် ဗုဒ္ဓဆင်းတုတော်ကို မစွန့်ပစ်သည့်အပြင် ရေချိုးဆိပ်မှ ဆယ်ယူရရှိသော ဗုဒ္ဓဆင်းတုတော်များကို အမွှေးနံ့သာတို့ဖြင့် ဆေးကြောပြီး ပန်းပေါင်းစုံဖြင့်ပူဇော်ထားသည်။ ထိုအချင်း အရာများကို မြင်တွေ့သော မှူးမတ်များ၏ လျှောက်ထားချက်အရ သီလဒေဝီကို ဖမ်း ဆီးစေသည်။

မီးရှို့သတ်ခြင်းဖြင့် မသေ၊ ဆင်နင်းခြင်းဖြင့်မသေ၊ ဓား၊ လှံ၊ လေး၊မြားဖြင့် မသေ၊ အဘယ် အကြောင်း ကြောင့်ဆိုသည်ကို မေးမြန်းရာ ဗုဒ္ဓဘုရားကို ယုံကြည်စွာ ကိုးကွယ်ပြီး ရတနာ သုံးပါးကို ယုံကြည်စွာရှိခိုးခြင်းကြောင့်ဟု မိသလထောင်လျှောက်ထားသည်။ တိဿဘုရင်က ဗုဒ္ဓရုပ်တုနှင့် ဗြဟ္မာကြီးရုပ်တုတို့ တန်ခိုးချင်းပြိုင်စေသည်။ မိသလထောင်က ဂုဏ်တော် ကိုးပါး ကို အာရုံပြု၍ အဓိဋ္ဌာန်လိုက်သဖြင့်  သူယုံကြည်စွာကိုးကွယ်နေသော ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူ ကို ကောင်းကင်မှကြွချီပြီး နန်းရင်ပြင်တွင် ရပ်တန့်၍ တန်ခိုးပြတော်မူ၏။ နန်းရင်ပြင်ရှိ ပြည် သူပြည်သားတို့   အုတ်အော်သောင်းတင်းကောင်းချီးပေးကြသည်။

တစ်ဖန် ဗြဟ္မာနတ်ရုပ်တုကြီးများ ထိုကဲ့သို့ကောင်းကင်၌ ဈာန်ဖြင့်ကြွ၍ တန်ခိုးပြ ရန်ဘုရင် ကပြော သည်။ ပုဏ္ဏားများက ဗြဟ္မာကြီးရုပ်တုများကို တန်ခိုးပြရန် ပုဏ္ဏားဘာသာဖြင့် ရွတ် ဖတ် သော်လည်း ဗြဟ္မာဏရုပ်တုကြီးများက မည်သို့မျှ တန်ခိုးမပြနိုင်။ မကြာမီ တော် လည်း သံကြီးများ မြည်ဟည်းလာပြီး ရုပ်တုကြီးများ ပြိုလဲပျက်စီးကုန်သည်။

နန်းရင်ပြင်မှလူများသည် ပုဏ္ဏားများကို အော်ဟစ်မောင်းထုတ်ကြတော့သည်။ တိဿ ဘုရင် သည် နတ်ရုပ်တုကြီးများ ပြိုလဲပျက်စီးသည်ကိုတွေ့ပြီး  အထိတ်တလန့်ဖြစ်သွားသည်။ မိသ လထောင်ကိုလည်း ယုံကြည်သွားပြီး ဘုရားရုပ်တုများ စွန့်ပစ်ခိုင်းမိသည်ကို နောင်တရသည်။  သို့ နှင့်  ပုဏ္ဏားများကိုနန်းရင်ပြင်မှ   ဖမ်းဆီးခေါ်ဆောင်စေပြီး ထောင်သွင်း အကျဉ်း ချစေ လိုက် သည်။

မိသလထောင်ကိုလည်း ကောင်းစွာချီးမြှောက်ပြီးမိဖုရားကြီးအရာ အပ်နှင်းမြှောက်စားတော် မူသည်။ နိုင်ငံတစ်ဝန်းလုံးတွင်ဗုဒ္ဓရုပ်ပွားတော်များ ကိုးကွယ်ခွင့်ပေးပြီး  သာသနာတော် ပြန့် ပွား စည် ပင်အောင် ဆောင်ရွက်ခဲ့သည်။

မြစ်ချောင်းအတွင်း စွန့်ပစ်စေခဲ့သော ဗုဒ္ဓရုပ်ပွားတော်များကို ရသလောက်ဆယ်ယူပြီး ထို ရုပ်ပွားတော်များကို ဌာပနာ၍ တည်စေခဲ့သည်။ (တစ်ရာ့လေးဆူသော ဘုရားဆင်းတုတော်ကို ဌာပနာ သဖြင့် ထိုစေတီကို တစ်ရာ့လေးဆူစေတီ  ကျိုက္ကလွန်ပွန်း)ဟုခေါ်တွင်စေခဲ့သည်။

ထိုအချိန်မှစ၍ အောက်မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဗုဒ္ဓသာ သနာပြန့်ပွား ထွန်းကားခဲ့သည်။ မွန်အမျိုးကောင်း သမီး(သလထောင်)၏ စွမ်းဆောင်မှုကြောင့်သာ ဗုဒ္ဓဘာသာ ကွယ်ပျောက်မှေး မှိန်ခြင်း မရှိခဲ့သည့် သမိုင်းတစ်ခုဖြစ်သည်။ မိသလထောင် ခေါ် သီလဒေဝီသာ သူမိဖုရားကြီးဖြစ် ရေး၊ စည်းစိမ် အာဏာမက်ခဲ့လျှင် ဗြဟ္မဏ ဘာသာ၏ လွှမ်းမိုးမှုခံ ရမှာသေချာသည်။ နောင် တွင် လည်း ကမ္ဘာအရပ်ရပ်၌ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်မှုများလာသည်။

ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသည့် လူမျိုးခြားများ တိုးပွားလာသည်။ ဗုဒ္ဓ၏ တရားတော်ကို နာကြားရသော စာပေများတွင် ဖတ်ရှုရသော လူငယ်၊ လူရွယ်များသည် ယဉ်ကျေးသည့် အသိစိတ် ဓာတ်ကြွယ် ဝလာကြသည်။

 အမှားအမှန် ဝေဖန်ပိုင်းခြားလာနိုင်သည်။ ရှောင်သင့်၊ ဆောင သင့်သည်ကို သိလာသည်။ ငါးပါးသီလ၏ အနက်အဓိပ္ပာယ်ကို သိလာသည်နှင့်အမျှ သီလစောင့်ထိန်းခြင်းကို ကျင့်ကြံ လာသည်။ မြန် မာနိုင်ငံမှ ယဉ်ကျေးမှုဓလေ့ စရိုက်သည် ထေရဝါဒဗုဒ္ဓသာ သနာတော်၏ အဆုံး အမအောက်တွင်သာ ရှိနေသင့်ကြောင်း ရေးသားလိုက်ရပါသည်။      

မိုးပန်းမွန်(ရာမည)

Read 734 times
Rate this item
(0 votes)
Last modified on Saturday, 19 August 2017 11:05

Latest from ညောင်ရမ်း