Print this page

မြင်းခွာရွက် ရသာယန အသက် ရှည်ဆေး

Saturday, 19 August 2017 12:22 Written by  font size decrease font size decrease font size increase font size increase font size

လူသားများ အသက်ရှည်အောင် ကျန်းမာ သန်စွမ်း၊ နုပျိုသွက်လက်နေအောင် ပြုလုပ်ဖို့ အတွက် အာဟာရဟာ အရေးကြီးပါတယ်။ လူတို့ရဲ့ ကျန်းမာရေးကို

နေ့စဉ်အာဟာရဖြင့်ပြုပြင်ပေးခြင်းဖြင့် ကျန်း မာရေးကောင်းမွန်လာပြီး ကျန်းမာသန်စွမ်းခြင်းဆိုတဲ့ဆုကိုရရှိစေမှာပါ။ ဒါကြောင့် နိုင်ငံ ပေါင်းများစွာမှာ နေ့စဉ်စားသုံးနေတဲ့အာဟာရကို ဂရုစိုက် လာကြပါတယ်။ ဆေးဝါးတွေဟာ လူတို့ ရဲ့ကျန်းမာရေးကို ပြုပြင်ပေးနိုင်တာမှန်ပေမယ့် အာဟာရအဖြစ် အသုံးပြုဖို့ တော့ မဖြစ် နိုင်ပါ။

အာဟာရ ကတော့ ဆေးအဖြစ်ရော၊ အာဟာရ အဖြစ်ပါ နှစ်မျိုးသုံးလို့ ရပါတယ်။ ဒါကြောင့် အစာ လည်းဆေး၊  ဆေးလည်းအစာလို့ အဆိုရှိပါတယ်။ ယခု ဖော်ပြမည့်မြင်းခွာရွက်ဟာ ရသာ ယန အသက်ရှည်ဆေးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

အင်္ဂလိပ်ခရီးသွားတစ်ယောက်ဟာ တစ်ချိန်က တရုတ်ပြည်ကိုသွားလည်ပါတယ်။ရှေးအခါက လေယာဉ် ပျံ၊ ကားမရှိသေးတော့မြင်းကိုသာ အားကိုးရပါတယ်။ လမ်းခရီးမှာလည်း ဇရပ်တွေ မှာ တည်းခိုလို့ရပါတယ်။

ဒီလိုနဲ့ အင်္ဂလိပ်ခရီးသွားဟာ ဇရပ်တစ်ခုမှာညအိပ်ဖို့ မြင်းရော၊ လူပါ တည်းခိုခဲ့ရတယ်။ အဲဒီဇရပ် မှာ ဝတ်ဖြူစင်ကြယ်နဲ့ ဥပဓိရုပ်ကောင်းကောင်း တရုတ်ခရီးသွားတစ်ယောက် နဲ့သွား ဆုံ ပါတယ်။

အင်္ဂလိပ်ကစပြီး မိတ်ဆွေဖွဲ့ပါတယ်။ ဥပဓိကောင်းလှတဲ့တရုတ်ခရီးသွားကို အသက်ဘယ် လောက် ရှိပြီလဲ မေးကြည့်ပါတယ်။  ကျုပ်အသက် ၂၅ဝ ကျော်ပါပြီဗျာတဲ့။ ဟာ...ကျွန်ုပ်က သင့်ကို အသက် ၄ဝ ကျော်လောက် အောက်မေ့နေတာဗျာ။ ကျုပ်ကိုမနောက်ပါနဲ့လို့ အင်္ဂလိပ် ခရီးသွားကပြောပါတယ် ကျုပ် နောက်နေတာမဟုတ်ပါဘူး။  ကျုပ်မှာ အလွန်အသက် ရှည် တဲ့ ဆေးရှိတယ်။ ခင်ဗျားသိချင်သလား။

ဟာ...သိချင်လိုက်တာဗျာ၊ ကျုပ်တစ်သက်မှာ တစ်ခါမှမကြားဖူးသေးပါဘူးဗျာ။ အဲဒီအခါမှာ တရုတ်ခရီး သွားဟာ အင်္ဂလိပ်ကိုထုတ်ပြလိုက်တာကတော့ ''မြင်းခွာရွက်ခြောက်မှုန့်'' ဖြစ်ကြောင်း သိရတယ်။

အဲဒီလိုနဲ့ အင်္ဂလိပ်ခရီးသွားဟာ တရုတ်ပြည်က မပြန်နိုင်လောက်အောင်ဖြစ်သွားပြီး တရုတ်သူ တော်စင်ထံ နည်းနာခံယူပါတော့တယ်။ မြင်းခွာရွက်စိုက်နည်း၊ မျိုးစေ့တွေကို ရသလောက် စု ဆောင်းပြီး     ဥရောပကိုပြန်သယ်သွားတယ်။ လမ်းမှာဖြတ်သွားတဲ့နိုင်ငံတွေမှာလည်း မြင်းခွာ ရွက် အကြောင်း လူတွေသိအောင်ပြောပြသွားတယ်။ နောက်တော့ ဥရောပမှာ တဖြည်းဖြည်း သတင်း မွှေးသွားကြောင်း မင်းကျော်ဒင်ရဲ့မအိုတဲ့ဆေးစာအုပ်မှာ ဖတ်လိုက်ရပါတယ်။

တရုတ်ပြည်    ပေကျင်းယူနီဗာစီတီမှတက္ကသိုလ်ပါမောက္ခ ကျန့်လီချင်းယွင်းဆိုသူကြောင့် မြင်း ခွာရွက်ဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။   မြင်းခွာရွက်ကို နေ့စဉ်သုံးစွဲသူ ကျန့်လီချင်း ယွင်း ဆို သူ သည် ၁၆၇၇ ခုနှစ်မွေးဖွားပြီး ၁၉၃၃ ခုနှစ် သူ့ရဲ့အသက် ၂၅၆နှစ်မှာကွယ်လွန်ခဲ့တယ်လို့သိရတယ်။

ကမ္ဘာတစ်လွှားမှာ   ဆေးပညာရှင်တွေဟာ မြင်းခွာရွက်ရဲ့အစွမ်းကို    ရောဂါအားလုံး ပျောက် ကင်း စေနိုင်ကြောင်းနဲ့ သုံးစွဲခြင်းဖြင့် နုပျိုသန်စွမ်းကြောင်း အံ့သြဖွယ်တွေ့ရှိခဲ့ကြပါတယ်။

မြန်မာလူမျိုးများဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မြင်းခွာရွက်ကို အာဟာရ အဖြစ် စားသုံးခဲ့သလို ဆေးအဖြစ်သုံးစွဲခဲ့ကြောင်း ရှေးကျတဲ့ဆေးကျမ်းတွေမှာ တွေ့ရှိရတယ်။ မြင်းခွာ ရွက်ကို ဆေးအဖြစ်အသုံးပြုခဲ့ကြောင်းကို ဂေါတမဗုဒ္ဓဘုရားမပွင့်မီတုန်းကကျော်ကြားခဲ့တဲ့ ''စိန္တရီ''  ဆရာကြီးများ စုပေါင်းရေးသားထားသော မနန္တရီဆေးကျမ်းကြီးများမှာ  မြင်းခွာရွက်ရဲ့ အစွမ်း သတ္တိကို အသက်ရှည်ဆေး တစ်ခု အဖြစ် ရေးသားခဲ့တယ်။ ထိုစဉ်ကတည်းက အိန္ဒိ ယပြည် မှာ မြင်းခွာရွက်ကို    အသက်ရှည်ဆေးအဖြစ် အသုံးပြုခဲ့သည်ဟုသိရပါတယ်။ ယော မင်းကြီး ဦး ဘိုး လှိုင်ရေးသားသည့် ဥတုဘောဇနသင်္ဂဟကျမ်းကြီးမှာလည်း မြင်းခွာရွက်နဲ့ ပတ်သက်လို့   အကျယ်တဝင့်ရေးသားထားကြောင်း ဖတ်ရှုခဲ့ရတယ်။

မြင်းခွာရွက်ကို အင်္ဂလိပ်တို့က Indian Pennywort ခေါ်ပါတယ်။ ရုက္ခဗေဒအမည် Umbelliferse ခေါ်ပြီး Umbelliferse ခေါ် နံနံပင်မျိုးနွယ်ဖြစ်တယ်။ အမြဲစိမ်းအပင်မျိုးဖြစ်ပြီး ၁၂ လရာ သီလုံး ရေနှင့်နီးစပ်သည့်နေရာ အများမှာ အလေ့ကျပေါက်လေ့ရှိပါတယ်။ မြင်းခွာရွက်ကိုသူရိယဘတ္တာ(နေသွားရာဘက်သို့ အရွက်လှည့်တတ်သောအပင်)လို့ ခေါ်ကြပါတယ်။နံနက် ခင်းနေရောင်ခြည် မှစ၍ နေဝင်တဲ့အထိ နေကိုလိုက်ကြည့်သလိုပါပဲ။ လှည့်လည်သွားတာတွေ့ရပြီး နေမင်းကြီးရဲ့စွမ်းအားဟာ မြင်းခွာရွက်ထဲမှာရှိနေပါတယ်။မြန်မာနိုင်ငံမှာ မြင်းခွာရွက်ကို လေး၊ ငါး မျိုးလောက် ခွဲခြားထားကြပေမယ့် အားလုံးဟာ အာနိ သင်တူကြတယ်လို့ သိရပါတယ်။

တရုတ်မြင်းခွာ၊ မြန်မာမြင်းခွာ၊ အညာမြင်းခွာ၊ ဆေးမြင်းခွာ၊ ဆင်မြင်းခွာ၊ တောမြင်းခွာ၊ ရေ မြင်းခွာစသည်ဖြင့် အမျိုးမျိုးရှိသော်လည်း ဈေးထဲမှာရောင်းနေတဲ့မြင်းခွာကို လူသိများပြီး စား သုံးကြပါ တယ်။ အဲဒါက ရိုးရိုးမြင်းခွာဖြစ်ပြီး ယုံယုံကြည်ကြည်စားသုံးဖို့ တိုက်တွန်းလိုတယ်။ ဆေးဖက် ဝင်တာကတော့  အရွက်ထက်  အရိုးကပိုပြီး ဆေးဖက်ဝင်ပစ္စည်းများပါဝင်တယ်လို့ ဆိုပါ တယ်။ သို့သော်လည်း တစ်ပင်လုံးဟာ ဆေးဖက်ဝင်ချည်းပါ။ အရွက်၊ အရိုး၊ အမြစ် သာရှိပြီး    အားလုံးကို အရိပ်ထဲမှာအခြောက်လှန်းပြီး အမှုန့်ကြိတ်၍အသုံးပြုနိုင်ပါတယ်။

အထူး သဖြင့် အမှုန့်ကို ပျားရည်နဲ့ရောလိုက်တဲ့အခါမှာ အစွမ်းထက်မြက်တဲ့ ရသာယန သက်ရှည်ဆေးကြီးဖြစ်သွားပါတယ်။အဲဒီဆေးကိုနေ့စဉ်သုံးစွဲသူဟာ အသက်ရာကျော် ရှည်ကြာ ကြောင်း ရှေးလူကြီးများကသက်သေခံပါတယ်။ ဒါတင်မက လူကိုပါ အလွန်နုပျို လှပစေ တယ်ဆိုတာလည်း  တွေ့ရပါတယ်။ 

မြင်းခွာရွက်ဟာ ဆံပင်ကို အလွန်နက်မှောင်သန်စွမ်းစေပြီး    မြင်းခွာရွက်ကို   လက်ဖက် ခြောက် အစား ရေနွေးခပ်သောက်လျှင်လည်း  လွန်စွာမှအကျိုးရှိပါတယ်။  (တပ်မတော်မှ အရာရှိ တစ်ဦးဟာ တာဝန်ထမ်းဆောင်စဉ်ကတည်းက   စစ်ရေဘူးထဲမှာ   လက်ဖက်ခြောက် အစား မြင်း ခွာရွက် ခပ်သောက်တာတွေ့ဖူးပါတယ်။) အသက် ၈ဝ ကျော်သော်လည်း နုပျိုတုန်း တွေ့ဖူးပါ တယ်။ အသက်ရှည်ခြင်း၊ နုပျိုခြင်း၊ သန်စွမ်းခြင်း အကျိုးများရရှိနိုင်ပါတယ်။

ဆေး ပညာရှင်များ၏ရှာဖွေတွေ့ရှိချက်အရ မြင်းခွာရွက်ရဲ့စိမ်းရောင်ခြယ်Cholosophyil ဓာတ် ကြောင့် သွေးသားကောင်းစေပါတယ်။အရိုး၊ အမြစ်တို့၏အမျှင်ဓာတ် ကြောင့် အဆီ ကျခြင်း၊ ကို လက်စထရော ကျခြင်း၊  ဝမ်းမှန်၍ အပူကင်းရှင်းခြင်း၊  နှလုံး သွေးကြောသန့် စင်ခြင်း တို့ကို ဖြစ် စေပါတယ်။

Antioxidant အများရှိခြင်းကြောင့်  Free Redical t များကိုနည်းပါးစေပြီး DNAများ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်းသိရပါတယ်။ အဲဒါကြောင့် မြင်းခွာရွက်ဟာ နုပျိုပြီး အသက် ရှည် စေပါတယ်။

မိဘများအနေနဲ့  သားသမီးတွေဥာဏ်ကောင်းဖို့ဆိုရင် မြင်းခွာရွက်မှုန့်တစ်ဇွန်းကို နွားနို့ထဲ ထည့် ဖျော်ပြီး ကလေးကို နေ့စဉ်တိုက်ကျွေးရင် ဥာဏ်ကောင်းစေနိုင်ပါတယ်။

မြင်းခွာရွက်ဟာ ဦးနှောက်အာရုံကြောအားဆေးတစ်မျိုးလို့ဆိုထားပါတယ်။ အမျိုးသမီးများ အပျိုဖော် ဝင်ချိန်တွင် ဆံကေသာကောင်းဖို့နဲ့ မျက်စိထင်းထင်းမြင်စေဖို့ အသားအရေ စိုပြည် လှ ပဖို့  မြင်းခွာရွက်ကိုစားသုံးသင့်ပါတယ်။   မြင်းခွာရွက်ဟာ  အကောင်းဆုံး သဘာဝ ဆေးဖြစ်ပါတယ်။

မျက်နှာတွင် ဝက်ခြံများပြွတ်သိပ်ပေါက်သူတွေဟာ မြင်းခွာရွက်ကို ကျောက် ပျဉ်ပေါ်တင်ပြီး ဆန် ဆေးရည်နဲ့ နယ်ကာ လိမ်းပေးရပါမယ်။ ညဘက်ဝက်ခြံနေရာထူထူအုံပေးရင်၊ သုံးလ လောက်လိမ်းရင် ဝက်ခြံပျောက်သွားပြီး ချောသွားမှာဖြစ်ပါတယ်။

အစာအိမ်အနာရှိသည့်လူနာများတွင်လည်း မြင်းခွာရွက်ဆေးအနှစ်သည် ရောဂါ ပျောက် ကင်း ကြောင်း သိရပါတယ်။ ထို့ပြင်မှတ်ဥာဏ်၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားစေသော အာနိ သင်များ ပါရှိကြောင်း တွေ့ရှိရပါတယ်။ သွေးပြန်ကြောများဖောင်းပွခြင်း၊ အစွန်အဖျား သွေးလည်ပတ်မှု အားနည်းခြင်းတို့ကို သွေးပြန်ကြောများပြန်လည် ကျစ်လျစ်ကြံ့ခိုင်စေခြင်းနှင့် သက်သာရာရ နိုင်ကြောင်း သုတေသနပြုစမ်းသပ်ချက်များမှ တွေ့ရှိရပါတယ်။

ဆီးနှင့်အတူ သွေးပါခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို မြင်းခွာရွက်လတ်လတ်ဆတ်ဆတ်ကို သတ္တုရည် ညှစ်ယူ၍ သံပရာရည်၊ သကြားတို့ကိုထပ်မံရောစပ်ကာ ဖျော်ရည်ပြုလုပ် သောက် ပါက   ပျောက်ကင်းစေပါတယ်။ တစ်နေ့တစ်ကြိမ်မျှ သောက်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ယားနာပေါက်လျှင် ၎င်းအနာပေါက်ရောဂါတွင် ပြည်အညစ်အကြေးကင်းစင်ပြီး အနာကျက်၊ အသားနုတက်ရန် အတွက်မြင်းခွာရွက် သတ္တုရည်နှင့် နှမ်းဆီသို့မဟုတ် အုန်း ဆီဖြင့် ရေခန်းအောင်ချက်၍ ၎င်းဆီချက်ကို တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် အနာအား လိမ်း ပေးနိုင်သည်။

အသက်ရှည်ဆေးအဖြစ် မြင်းခွာရွက်ပဉ္စငါးပါး ၁၂ ကျပ် ၈ ပဲသား၊ ပိတ်ချင်းသီး ၈ ပဲ၊ ငရုတ် ကောင်း ၁ ကျပ်သား အမှုန့်ပြုလုပ်၍ပျားရည် ၁ဝ ကျပ်သားတွင်ရောနယ်ပြီး နေပူတွင်လှန်းပါ။ တစ် ရက်၊ နှစ်ရက်ခန့်လှန်းပြီးပါက အိပ်ရာထ လက်ဖက်စားဇွန်းတစ်ဇွန်းစားပြီး ရေအဝ သောက်ပါ။ ဥသ္မာတေဇောဓာတ် ခေါ်ကိုယ်စောင့်ဓာတ်ကောင်းလာပြီးကျန်းမာအသက် ရှည် စေပါ တယ်။

ဝက်ရူးပြန်နှင့် အတက်ရောဂါရှိသူများမြင်းခွာရွက်ခြောက်မှုန့်(အရိပ်ထဲတွင် လှန်း ထားသော အခြောက်) ၁ဝ ကျပ်သား၊ လင်းနေမြစ် ၅ ကျပ်သား၊ ငရုတ်ကောင်း ၁ ကျပ်သား၊သုံးခုပေါင်း ၁ဝ ကျပ် သား ဆေးအားလုံးအမှုန့်ပြု၍  ပျားရည်ဖြင့်ရောကာ   အလုံး ကလေး များပြုလုပ်ထားပါ။ ဝက်ရူးပြန်အတက်ရှိသူများ နံနက်စာစားပြီး ဆေးလုံးငါးလုံး ရေ နွေးဖြင့် သောက်ပါ။

မြင်းခွာရွက်ကို သာမန်အသုံးပြုခြင်းဖြင့်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ဘေးထွက်ဆိုးကျိုး များမရှိနိုင်ပါ။   မြင်းခွာရွက်ဟာအသက်ရှည်ဆေးအဖြစ် အသုံးပြုလို့ရတဲ့အတွက် အိမ်တိုင်း မှာစိုက် ပျိုးသင့်ကြောင်းတင်ပြလိုက်ရပါတယ်။   

Read 1278 times
Rate this item
(0 votes)
Last modified on Saturday, 19 August 2017 12:29
ညောင်ရမ်း

Latest from ညောင်ရမ်း