SJ WorldNews - шаблон joomla Авто

ကနေဒါ နိုင်ငံ၏ ဖက်ဒရယ် ပုံရိပ်

Saturday, 19 August 2017 14:17 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ခုနှစ် ဇွန် ၃ ရက် နံနက်ခင်း အချိန် လေယာဉ်ပြတင်း တံခါးမှ  အပြင်သို့ကြည့် လိုက်မိတော့ စီးနင်းလိုက်ပါလာသည့် ၂ဝ၁၇ ခုနှစ် ဇွန် ၃ ရက် နံနက်ခင်း အချိန်

လေယာဉ်ပြ တင်းတံခါးမှ  အပြင်သို့ကြည့်လိုက်မိတော့ စီးနင်း လိုက်ပါလာသည့် Boeing 777 လေယာဉ်ကြီးသည် ဂရင်းလန်ကျွန်းကြီး၏ တောင်ဘက် Labrador ပင် လယ်ပြင် ကို ဖြတ်သန်း နေ ကြောင်း တွေ့လိုက်ရသည်။ အဝေးတွင် ရေခဲနေသောကုန်းမြေတစ်စွန်းတစ်စ၊ အောက်တွင် ရေခဲကွက် ကျားပင်လယ်ပြင်တို့က အိပ်မက်ဆန် စွာငြိမ် သက်လျက်တွေ့ရသည်။

မကြာ မီမှာပင် မြောက်အမေရိကတိုက် ကမ်းခြေကိုဖြတ်ကျော်ကာ ရေကန်ကြီးပေါင်းများစွာဖြင့် ဣနြေ္ဒ ရသော ကနေဒါ ကုန်းမြေကို ရောက်ရှိပါပြီ။ ရေကန်ကြီးများကို ဝန်းရံ လျက်ရှိသည့်   စိမ်းလန်းအေးချမ်းသော သစ်တောများ၊ သစ်တောများအလယ်တွင် တစ်နေ ရာနှင့် တစ်နေရာ ယှက်နွှယ်ဖောက် လုပ်ထားသော ကားလမ်း၊ ရထားလမ်းများ၊ လျှပ် စစ်ဓာတ်အား လိုင်းများ၊ လွင်ပြင်များ၏ အလယ် ကျယ်ပြောလှသောယာတောများ၊ ပုံသဏ္ဌာန်လှလှ အကွက်ကျကျ ကျေးလက် မြို့ပြများကို ငေးမောလိုက်ပါလာရင်း မကြာမီ တိုရွန်တိုမြို့ လေဆိပ်သို့ ဆင်းသက်တော့ မည့်အကြောင်း လေယာဉ်မှူး၏ သတိပေး စကားကြောင့် ထိုင်ခုံ ကိုမတ်၊ ခါးပတ်ပတ်၍ အသင့်ပြင်လိုက်ရသည်။

တိုရွန်တိုလေဆိပ်ကို ရောက်ရှိချိန်ကတော့ ဒေသစံတော်ချိန် ဇွန် ၃ ရက် နံနက် ၈ နာရီ ခွဲဖြစ်သည်။ မြန်မာလေ့လာရေးအဖွဲ့ကို Forum of Federations မှ တာဝန်ရှိသူများက လာ ရောက်ကြို ဆိုကြသည်။ လေဆိပ်မှ တည်းခိုရာ တိုရွန်တိုမြို့လယ် Double Tree ဟိုတယ်သို့ နံနက် ၁ဝ နာရီခွဲအချိန်ရောက်ရှိ ကြသည်။

ဤခရီးမနီးလှပါ။ အာရှတိုက်၊ ဥရောပတိုက်၊ အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ကျော်ဖြတ် ၍ မိုင် ပေါင်း ၈ဝဝဝ ကျော်ခရီးဖြစ်သည်။ ခရီးစဉ်က ကနေဒါနိုင်ငံ၏ ဖက်ဒရယ်စနစ် လေ့လာ ရေး ခရီး၊ ခရီးစဉ်ကိုစီစဉ်ပေးသည့် အဖွဲ့အစည်းမှာ ကနေဒါအစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် ကနေဒါ အခြေစိုက် ဖက်ဒရေးရှင်းနိုင်ငံများဖိုရမ် (Forum of Federations) နှင့် Intermediate တို့၏ စီစဉ်ဆောင်ရွက်ပေးမှု၊ လေ့လာရေးခရီးတွင် ပါဝင်ကြသူများမှာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦး ခေါင်းဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်၊ နိုင်ငံတော် သမ္မတရုံး ဒုတိယ ဝန်ကြီးဦးမင်းသူ၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်၊  ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထွန်းထွန်းညီ၊ ဒုတိယစစ်ဥပဒေချုပ် ဗိုလ်မှူးချုပ် သောင်းနိုင်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဒုတိယကျောင်းအုပ်ကြီး  ဗိုလ် မှူးချုပ် လှသန်းမောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး၊ NCA တွင် ပါဝင် လက်မှတ်ရေးထိုးထားကြသော ကရင်အမျိုး သား အစည်းအရုံး (KNU မှ ဖဒိုစောကွယ် ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ဦးစိုင်းလျန်၊ ချင်း အမျိုး သားတပ်ဦး ((CNF) မှ ဒေါက်တာလျန်မှုန်း ဆာခေါင်း၊ ပအိုဝ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO မှ ဦးခွန်မြင့်ထွန်း၊ NCA တွင် ပါဝင် လက် မှတ်ရေး ထိုးခြင်း မရှိသေး သော UWSA ပန်ဆန်းအထူးဒေသ(၂)မှ ဦးအိုက်စံရွှေနှင့် NDAA မိုင်းလားအထူးဒေသ(၄)မှ ဦးစိုင်းစံတို့အဖွဲ့ဝင်အဖြစ် ပါဝင် ကြသည်။ အစိုးရ၊ တပ် မတော်၊ တိုင်း ရင်း သား လက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ကိုယ် စားလှယ်များပါဝင်သော လေ့ လာရေးအဖွဲ့ ဖြစ်သည်။

လေ့လာရေးအဖွဲ့သည် ဇွန် ၃ ရက်မှ ၅ ရက်အထိ အွန်တားရီးယိုးပြည်နယ် တိုရွန်တို မြို့၊ ဇွန် ၆ ရက်မှ ၇ ရက်အထိ မြို့တော် အော့တာဝါမြို့၊ ဇွန် ၈ ရက်မှ ၉ ရက်အထိ ကွီဘက်ပြည်နယ် ကွီဘက်စီတီးမြို့တို့တွင် ကနေဒါနိုင်ငံ၏ ဖက်ဒရယ်စနစ်အကြောင်း လေ့လာဆွေးနွေး မှုများပြု လုပ်ကာ ဇွန် ၁ဝ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာ မည်ဖြစ်သည်။ ဇွန် ၆ ရက်နှင့် ၇ ရက်တွင် အော့တာဝါမြို့ ဆွေးနွေးပွဲများသို့ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက် ရောက် မည်ဖြစ်သည်။

ဇွန် ၃ ရက်  ညနေတွင်ကမ္ဘာ့ဒုတိယအမြင့်ဆုံး ဃြွှသတနမ အပါအဝင် တိုရွန်တို မြို့တွင်း လှည့် လည်ကြည့်ရှုကြကာ ဇွန် ၄ ရက်တွင် အမေရိကန်-ကနေဒါနယ်စပ်ရှိ ကမ္ဘာ့ အကြီးဆုံးရေ တံခွန်တစ်ခုဖြစ်သည့် နိုက်ရာဂရာရေတံခွန်နှင့် ရေတံခွန်အနီး နိုက်ရာဂရာ ကျေး ရွာတို့ကို    သွားရောက်လေ့လာကြည့်ရှုခဲ့ရသည်။ ထိုကျေးရွာကလေး သည် အင်္ဂ လိပ်-အမေရိ ကန်စစ်ပွဲများအတွင်း စစ်ဘေးစစ်ဒဏ်သင့်ကာ အမေရိကန်တို့က ရွာလုံးကျွတ်မီးရှို့ဖျက် ဆီးသွားခဲ့ရာမှ ပြန်လည် တည်ဆောက်ကာ ဘိုးဘွားပိုင်နေထိုင်ခဲ့သူ တို့ ကို အထူး အစီ အစဉ်ဖြင့် နေရာချထားပေး ခြင်းဖြစ်သည်။ ထိုဒေသသည် မြေသြဇာ ကောင်းမွန်လှသဖြင့် စိုက်ပျိုးရေးဖြစ်ထွန်းလှသည်။

တစ်မျှော်တစ်ခေါ် စပျစ်ခင်းများ၊ ယာခင်းများနှင့် ကနေဒါ၏နာမည်ကျော်  ဝိုင်လုပ်ငန်း များ တည်ရှိလေသည်။ဇွန် ၄ ရက် ညနေက ဟိုတယ်သို့ ပြန်ရောက် ပြီး လေ့လာရေး ခရီးစဉ် အဖွင့်ညစာစားပွဲကို Forum of Federations ၏ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် Rupak Chattopadhyay က တည်ခင်းဧည့်ခံသည်။ ဆက်ဆံရေးကောင်းသော အိန္ဒိယနွယ်ဖွား ကနေဒါနိုင်ငံသားဖြစ်သည်။သူက Forum ofFederations အကြောင်းနှင့် ကနေဒါနိုင်ငံ၏  ဖက်ဒရယ် ပုံစံလေ့လာနိုင်ရေးအစီအစဉ်များကိုရှင်းပြကာ   ကနေ ဒါ ဖက်ဒရယ်စနစ်ကို သိရှိနိုင် စေရန်နှင့်  မြန်မာနိုင်ငံ၏ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အထောက်အ ကူဖြစ်စေ ရန်သာရည်ရွယ်ကြောင်း သို့သော် ဖက် ဒရယ် ပုံစံ ဆိုသည်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဘယ်လိုမှမတူနိုင်သည့်အတွက် ကနေဒါဖက်ဒရယ် စနစ်အတိုင်းပုံတူကူးယူဖို့ တိုက် တွန်းချက် လုံးဝမရှိကြောင်း၊  မြန်မာနိုင် ငံအရေးကို မြန်မာနိုင်ငံသားများကသာ ဆောင်ရွက် ရမည့်အကြောင်း ကြိုတင်မေတ္တာ ရပ်ခံစကားဆိုလေသည်။ ဤသတိထောက်စကားကို ကနေဒါ ခရီး စဉ်လေ့ လာရေးဆွေးနွေး မှုတိုင်းတွင် ရှင်းလင်းပြောကြားသူများအားလုံးလိုလိုကလည်း စေတနာစိတ်ရင်းခံဖြင့် ထည့်သွင်းပြောကြားသည်ကို ကြားရသည်သာဖြစ်၏။ နေ့ စဉ်ဆွေး နွေးမေးမြန်း မှုများမှ ကောက် နုတ်ချက်များကို အကျဉ်းချုပ်ဖော်ပြရသော် ဇွန် ၅ ရက်  နံနက် ပထ မဆုံးဆွေးနွေး သည့်ခေါင်းစဉ်က ''ကနေဒါဖက်ဒရယ်စနစ် နှင့် ကနေ ဒါနိုင်ငံသားများ၏ ဝိသေ သြ ပဿ နာများ''((Canadian Federalism and CanadianIdentity Questions)ည ဆွေးနွေးရှင်းပြသူက အွန်တားရီးယိုးပြည်နယ်ဝန်ကြီးချုပ်ဟောင်း Robert "Bob"Raer အတွေ့ အကြုံရင့်ကျက်၍ သမိုင်းကျေညက်သူဖြစ်သည်။

သူ့မှာ လက်ရှိအစိုးရ တာဝန်ဘာမှမရှိဟုဆိုကာ ကနေဒါ၏ ဖက်ဒရယ်သမိုင်းကြောင်းနှင့်  အင်္ဂလိပ်စကားပြော၊ ပြင်သစ်စကားပြောသူများ ကွဲပြားမှု၊ အနှိမ်ခံမူရင်းဌာနေ တိုင်း ရင်းသားများ အကြောင်း၊ ၁၈၆၇ ခုနှစ် အင်္ဂလိပ်က ရေးဆွဲပေးခဲ့သည့် အခြေခံဥပဒေတွင်ဖက် ဒရယ်ဟူ သောစကားလုံးမပါဝင်ခဲ့ဘဲ ပြည်နယ်များကို အခွင့်အရေးနည်း နည်းပေး ထားသောဗဟိုဦးစီးချုပ်ကိုင်သည့်ပုံစံ ဖက်ဒရေးရှင်းဖြင့် အစပြုခဲ့သော်ငြားကြီးမား ကျယ်ပြန့်လွန်းသော နယ် မြေဖြစ်ခြင်းနှင့် ပြည်နယ်များ၏ သဘောထား ဆန္ဒကြောင့် ဗဟိုဦး စီးချုပ် ကိုင်မှုကို တဖြည်းဖြည်း လျှော့ချကာ ပြည်နယ်များကိုတစ်ဆင့်ချင်း လုပ်ပိုင်ခွင့်ပေးခဲ့ရာမှ ဖက်ဒရယ်ပုံ စံဖြစ် လာပုံတို့ကို လိုရင်းတိုရှင်း   ပွင့်ပွင့် လင်း လင်းရှင်းပြသည်။

လေ့လာရေးအဖွဲ့ဝင်   တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် တို့က ကနေဒါ နိုင်ငံအ နေဖြင့် ဗဟိုချုပ် ကိုင်မှုကို ည်သို့သော အကြောင်း အချက်များကြောင့် လျှော့ချခဲ့ပါ သလဲ ဟု မေးမြန်းချက်ကို ဖြေကြားရာမှာ''မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများရှိသလို ကနေဒါတွင် လည်း ပြဿနာများစွာ ရှိကြောင်း၊ မတူညီကွဲပြားမှုများကို နားလည် အောင် ကြိုးစားနေ ရဆဲဖြစ် ကြောင်း၊ ကနေဒါ ကို ပြည်နယ်လေးခုဖြင့် စတင်ဖွဲ့စည်းခဲ့ကာ ယခု ပြည်နယ် ၁ဝ ခု၊ နယ်မြေ သုံးခုဖြစ်လာ ကြောင်း၊ ၁၉၆ဝ ပြည့်နှစ်များတွင် ပြည် နယ် များ၏ စီးပွားရေးများစွာတိုးတက်ခဲ့ကြောင်း၊ အထူးသဖြင့် အင်္ဂလိပ်စကားပြော Ontario နှင့် ပြင်သစ် စကားပြော Quebec ပြည်နယ် တို့ဖြစ်ကြောင်း၊ အဓိကအားဖြင့် Quebec  ပြည်နယ်ကြောင့် ဗဟိုဦး စီးချုပ်ကိုင်မှုလျှော့ချ လိုက်ရသည်တွင် Quebecပြည်နယ်သည် ၁၉၈ဝ ပြည့်နှစ် တွင်တစ်ကြိမ်၊ ၁၉၉၅ ခုနှစ်တွင်တစ်ကြိမ် ခွဲထွက်ရေး လူထု ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ ခွဲထွက် ရေး သမားများ မဲအရေအတွက်ကွာခြားမှုမဆိုစလောက်ဖြင့် ရှုံးနိမ့်သွားသည်။ ခွဲထွက်ရေးနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဗဟိုအစိုးရက ပြည်နယ် တစ်ခုတည်းသဘောဆန္ဒဖြင့် ခွဲထွက်ခွင့်ရှိ၊ မရှိ ကနေဒါနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်သို့ တင်ပြအဆုံးအဖြတ်ခံယူရာ အခြေခံ ဥပဒေတွင်   ခွဲထွက် ခွင့် မပါရှိသော်လည်း နိုင်ငံတကာဥပဒေ၊ အခြားပြည်နယ်များ၏ သဘောထား၊ ဒီမိုကရေစီစံနှုန်းများကို လေးစားရခြင်းကြောင့် ပြည်နယ်တစ်ခု တည်း၏ တစ်ဖက်သတ်သဘော ထားဖြင့် ခွဲထွက်ရန်ကြေညာနိုင်ခွင့်မရှိ၊ ဗဟိုအစိုးရ၊ အခြားပြည် နယ်များနှင့်  အများဆန္ဒအရ ညှိနှိုင်းရမည်ဟု အဆုံးအဖြတ်ပေးခဲ့ကြောင်း၊ တရားရုံးချုပ် အဆုံး အဖြတ်ကို ကွီ ဘက်ပြည် နယ်က အငြင်းပွားနေသည့်တိုင် ခွဲထွက်ရေး အတွက် ပြင်းထန် သော တောင်းဆိုမှုများ လျော့ကျသွားသည်။

 ဗဟိုအစိုးရအနေဖြင့် အခြားပြည်နယ်များကလည်း ခွဲထွက်ခွင့်များ တောင်းဆိုလာနိုင်၍ ဗဟိုဦး စီးချုပ်ကိုင်မှုကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အခြား အကြောင်းတစ်ရပ်မှာ ကနေဒါသည် ပထဝီ နယ်မြေကြီးမားသောကြောင့် ဗဟိုအစိုးရက နေရာအနှံ့ ပြည်သူ့ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ထုပ်ဝန်ပိုးကြီးမားသည့်အတွက် ပြည်နယ် များကို အခွင့်အာဏာများ ခွဲဝေပေးထားရကြောင်း၊ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ ကွီးဘက်ပြည်နယ်အနေဖြင့် လူထုဆန္ဒအရ ခွဲထွက်ရန် ဆန္ဒပြုသည့်တိုင်အောင် ခွဲထွက် မရတော့ကြောင်း၊    ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည်မှာ    အချုပ်အခြာအာဏာနဲ့ သက်ဆိုင် ကြောင်း''ဖြေကြားသည်။

ဇွန် ၅ ရက် နေ့လယ်ပိုင်းတွင် တိုရွန်တို တက္ကသိုလ်မှ မြို့ပြဘဏ္ဍာရေးနှင့် အုပ်ချုပ် ရေးဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Enid Slack ''ကနေဒါနိုင်ငံရှိ ဒေသန္တရ နှင့်  မြို့ပြ အုပ်ချုပ်ရေးအဖွဲ့များ၏ကဏ္ဍ'' ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ် ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်မပါ သည့်   ဒေသန္တရအစိုးရ  ခေါ် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်ပုံများအကြောင်း၊   ဒေသန္တရအစိုးရများသည် ပြည်နယ်အစိုးရများ၏ အောက်တွင် မိမိတို့ ဒေသအလိုက် လိုအပ်သောပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများ   ဆောင်ရွက်ခြင်းများနှင့် ဒေသန္တရအစိုးရသည် ပြည်နယ်အစိုးရ၏ ကန့်သတ်ချက်အတိုင်း လိုက်နာဆောင်ရွက် ရမှုနှင့် ပြည်နယ်အစိုးရများကလည်း မပြည့်စုံသော ဒေသန္တရအစိုးရကို ထောက်ပံ့နိုင်ရန် လည်း စီမံဆောင်ရွက် ရသည့် အကြောင်း တို့ ဖြစ်သည်။

လေ့လာရေး အဖွဲ့သည် ဇွန် ၅ ရက် ညတွင် ကနေဒါပြည်တွင်းလေကြောင်းလိုင်း ဗငမ ဃေညေ-ိေ ဖြင့် ထွက်ခွာခဲ့ကြရာ ည ၉ နာရီကျော်တွင် မြို့တော်အော့ တာ ဝါမြို့သို့ရောက်ရှိ၍ဗညိဖေ ဟိုတယ်တွင် တည်းခိုကြရသည်။ဇွန် ၆ ရက် နံနက်ပိုင်းတွင်  အော့တာဝါတက္ကသိုလ်မှ နိုင်ငံရေးဆိုင်ရာလေ့လာရေး ပါမောက္ခ ဒေါက်တာ  Andre Lecours က Canadian Federal Institutions" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ  ဖက်ဒရယ်ဟုဆိုရာ တွင် င်္ Federationနှင့်  Federalism မတူညီ ကွဲပြားမှုအကြောင်း၊ Federationသည် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အချုပ်အခြာ အာဏာကို ခွဲဝေကျင့် သုံးခြင်းဖြစ်ပြီး င်္နိနမေ-ူငျာ ဆိုသည်က အစိုးရ၏ကျင့်သုံးမှုမူဝါဒ ပုံစံဟုဆိုသည်။ ကွီ ဘက်ပြည်နယ် သည် အမျိုးသားရေးစိတ်ဓာတ်ပြင်းပြမှုရှိကြောင်း၊ ¤င်းသည်ပင် ဖက်ဒရယ်အနေအထားဖြစ် ကြောင်း၊ ကနေဒါနိုင်ငံအနေဖြင့် ကွီဘက် ပြည်နယ်ခွဲထွက် ရန်ကိစ္စ ကိုလက်မခံကြောင်း၊တို့ပင်လျှင် ခွဲထွက်၍မရ ကြောင်း၊   သို့အတွက်  အချိုးမညီသော ဖက်ဒရယ် စနစ်ကျင့်သုံးဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။ ကနေဒါ၏ ဖက်ဒရယ် စနစ်တွင် ပြည်သူများက တိုက်ရိုက် ရွေးကောက်တင်မြှောက်သည့် အောက်လွှတ် တော် (Houseof Common) နှင့် ဝန်ကြီးချုပ်၏ ထောက်ခံမှုဖြင့် ဘုရင်ခံချုပ်က တိုက်ရိုက် ခန့်အပ် သည့် အထက်လွှတ်တော် (ှနညအေန)လွှတ်တော်နှစ်ရပ်ရှိသည့်အနက် အထက် လွှတ်တော် အမတ်များသည် ကိုယ်စားပြုမှုအားနည်းသဖြင့် ပြည် နယ်များ ကို အပြည့်အဝကိုယ် စားပြု ရန်ခက် ခဲကြောင်း၊ ဘာသာစကားပြဋ္ဌာန်းချက်အရ နိုင်ငံ့ခေါင်းဆောင်များသည်အင်္ဂလိပ်၊ ပြင်သစ်ဘာသာ စကားနှစ်မျိုးပြောနိုင်ရန်လို အပ်ကြောင်း၊ ကနေဒါသည်  ယခု အခါ  လူမျိုး စုံနေထိုင်လျက်ရှိရာ အနာဂတ်တွင် ကနေဒါ၏ဖက်ဒရယ်ပုံစံ  ပြောင်း လဲမှုများရှိလာနိုင်ပြီး      နိုင်ငံရေးအင်အားစုများအကြား   ဆွေးနွေး ညှိနှိုင်းဆောင် ရွက်ရန် လိုအပ် ချက်များလည်းရှိလာနိုင်ကြောင်းသုံးသပ်ရှင်းပြသည်။

လေ့လာရေးအဖွဲ့ဝင်    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်က Federation နှင့် Federalism မည်သို့ခွဲခြားပါသလဲ၊ မည်သို့ကွာခြားပါသလဲဟုမေးမြန်းရာ လူငယ်ပါမောက္ခက Federation တိုင်း  Federal ကိုအခြေမခံ၊ င်္ Federation  နိုင်ငံတိုင်း ဖက်ဒရယ်မဟုတ်၊ အမည် အားဖြင့် Federal မဟုတ်သော်လည်း လက်တွေ့တွင် Federal ကျင့် သုံးနေသော နိုင်ငံများလည်းရှိကြောင်း၊ဥပမာ United Kingdom သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟို ချုပ်ကိုင်မှုပုံစံဖြစ်သော်လည်း လက်တွေ့တွင် အချုပ် အခြာ အာဏာ ကိုခွဲ ဝေကျင့် သုံးနေ ကြောင်း၊ Federal ဟုအမည်တပ်ထားသော်လည်း အခြေခံမူများကို လိုက်နာကျင့် သုံးမှု အားနည်းသည့်နိုင်ငံများကိုလည်း တွေ့ရ မှာဖြစ်ကြောင်း၊ ဘာသာစကား စသောမတူ ကွဲပြား မှုများသည် ဖက်ဒရယ်မူဖြစ်လာအောင် စေ့ဆော်ပေးသည့်အချက်များဖြစ်ကြောင်း'' ဖက်ဒရယ်ဖြစ်ရန်အတွက် ဖွဲ့စည်းပုံ အခြေ ခံဥပဒေကိုလည်းပြင်ရန်အရေးမကြီးဘဲ ဖြည်းဖြည်းချင်းလုပ် ဆောင် ရ မည်ဖြစ်ကြောင်းဖြေကြားခဲ့ပါသည်။

တပ်မတော်ကိုယ်စားလှယ်အဖွဲ့ကလည်းကနေဒါနိုင်ငံ၏အနာဂတ်အတွက် ပြည်နယ်အားလုံး တစုတ စည်းတည်း ဆက်လက်တည်ရှိနေရေးသည်    ကနေဒါနိုင်ငံ၏ အမျိုးသား အကျိုး စီးပွားဟု ယူဆနိုင်ပါသလားဟုမေးမြန်းခဲ့ရာ ဒေါက်တာ Lecours က ''ပြည်နယ်အားလုံး တစု တ စည်းတည်းရှိနေဖို့ အမြဲတမ်းဆွေးနွေးညှိနှိုင်းနေရကြောင်း၊ အမျိုးသား အကျိုးစီး ပွား စကားရပ်သည် ကနေဒါနိုင်ငံအတွက် အနည်းငယ်ပြဿနာရှိကြောင်း၊ ထိုပြဿနာ ကိုဖြေ ရှင်းရာတွင် ဗဟိုဦးစီးချုပ်ကိုင်မှုကို ဖြေလျှော့ပေးခြင်း၊  ဗဟိုအစိုးရမှ တစုတစည်း တည်းဖြစ် အောင်  ဦးဆောင်ခြင်းနည်းလမ်းနှစ်ခုကို တစ်ပြိုင်တည်း ဆောင်ရွက်နေရကြောင်း၊ ထို့ဖြေရှင်းနည်းကို သဘောမတူသည့်ပြည်နယ်များလည်း ရှိကောင်း ရှိနိုင်ကြောင်း'' ကနေဒါနိုင်ငံ ၏ အကျိုးစီးပွားမှာ  နိုင်ငံငြိမ်းချမ်းရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့်  အုပ်ချုပ်ရေးဆိုင်ရာတိုးတက်ကောင်း မွန်ရေးတို့ဖြစ်ကြောင်းဖြင့် ဖြေဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်က ကွီးဘက်ပြည်နယ် ခွဲထွက်ပါက ကနေဒါ နိုင်ငံ မည်သို့ ဆုံးရှုံးမှုများဖြစ်ပေါ်ပြီး မခွဲထွက်ပါက မည်သည့် အကျိုးကျေးဇူး များ ရရှိနိုင်ပါသလဲဟုမေးမြန်း သော အခါ Quebec ပြည်နယ် မရှိပါက ဗဟိုဦးစီးချုပ်ကိုင်မှုများလာနိုင် ကြောင်း၊ Quebec ပြည်နယ်ရှိနေခြင်းသည်ပင် မတူကွဲပြားမှုများကို လက် ခံ ကျင့်သုံးနေသော ဖက်ဒရယ်နိုင်ငံဖြစ်နေရသည်''ဟု ဒေါက်တာ Lecours က အဖြေပေးပါသည်။       

 ဆက် လက်ဖော်ပြပါမည်။

Read 594 times
Rate this item
(0 votes)
Last modified on Saturday, 19 August 2017 14:33