SJ WorldNews - шаблон joomla Авто

ဂျပန်မှာ…………(၁)

Tuesday, 22 August 2017 09:39 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်တော်အပါအဝင် မြန်မာနိုင်ငံက အင်ဂျင်နီယာ ခြောက်ယောက် ပြင်ပ အလုပ် တစ်ခု အ တွက် ဂျပန်နိုင်ငံကို ၂ဝ၁၃ ခုနှစ် သြဂုတ် ၂၆ ရက်က သင်တန်းသွား ရောက်ခဲ့ပါတယ်။ 

သင် တန်း ကာလ ငါးလလောက်ပဲကြာခဲ့ပေမယ့်ဂျပန်တွေရဲ့ Orientation Course  ကိုမဖြစ် မနေ တတ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် စုစုပေါင်း ရက်အားဖြင့် ၂၁ဝ၊  လအားဖြင့် ခုနစ် လလောက်ကြာအောင်သွား ခဲ့ရပါတယ်။

ဂျပန်တွေရဲ့ ပြင်ဆင်တတ်ပုံကို အကျဉ်းမျှဖော်ပြသွားပါ့မယ်။ လူ ၂ဝဝ ဝန်းကျင်က၁ဝ ဦး ရွေး ချယ်ပြီးတော့ ဂျပန်ဘာသာစကားအခြေခံကို နာရီပေါင်း ၈ဝ သင်ရပါတယ်။ တကယ့် ပရိုအ ဆင့် သင်ပေးနိုင်တဲ့ ဆရာမ တစ်ယောက်နဲ့ သင်ခဲ့ရတာပါ။ ကုန်ကျစရိတ်တွေအားလုံးကို ဂျပန် ကပဲ ကျခံပေးပါတယ်။ သံရုံးက ဗီဇာရဖို့ကိုလည်း သူတို့ပဲ အဓိကဆောင် ရွက် ပေးခဲ့ ပါ တယ်။

အစစ ပြင်ဆင်ဆောင်ရွက်တဲ့နောက်ကို တကယ့်အလိုက်သင့်လေး မျှောလိုက်သွားရုံပါပဲ။ ဂျပန်ရောက်တဲ့ အချိန်မှာ တစ်နေ့အတွက် ထမင်းစရိတ် ယန်း ၂၅ဝဝ နဲ့ အပိုသုံးစွဲဖို့အတွက် ယန်း ၈ဝဝ ရပါတယ်။

တစ်လတစ်ခါလည်းကြိုထုတ်ပေးပါတယ်။  ပထမ နေထိုင်ရတဲ့ မြို့ကတော့ မြို့တော်တိုကျိုပါ။ခိတစန်းဂျူး ဘူတာအနီးက ဟိုက်ဒအပြည်ပြည်ဆိုင်ရာ သင်တန်းဌာနမှာ ကျောင်းအိပ် ကျောင်း စားပုံစံနဲ့နေရပါတယ်။နေရတဲ့ အခန်းကတော့ တစ်ယောက်တစ်ခန်းနေရပြီး နှစ်ရက်တစ်ခါ  House Keeping ဝင် ပေးပါတယ်။ အစားအသောက်ကတော့ Messing မှာစားရပါတယ်။

အပြင်မှာ ဝယ်စားရင်တော့ ကိုယ့်သောကနဲ့ကိုယ်ပါ။ အဝတ်လျှော်ဖို့အတွက် မြေအောက်မှာ အခန်းစီစဉ်ပေးထားပြီး လျှော်စက်နဲ့  တစ်ခါတည်းအတွဲလိုက် အဝတ်အခြောက်ခံ စက်တွေ ထားပါ တယ်။ မီးပူတိုက် ဖို့ အတွက်လည်း စီစဉ်ပေးထားပါတယ်။အခက်ခဲဆုံးကတော့ အိမ်သာတက်ရတဲ့ ဒုက္ခပါ။ အိမ် သာ ကတော့ ဘိုထိုင်ပုံစံနဲ့ ထိုင်ထားပေမယ့် ဘေးမှာ ဂျပန်လိုရေးထားတဲ့ ခလုတ်ဆယ်ခု လောက် ဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူး။

မြန်မာတွေဆိုတော့ ကလိတာပေါ့။ ခလုတ် အဝိုင်း ကြီးကြီးလေး တစ်ခုကို လှည့်ကြည့်တော့ မထူးခြား ပါဘူး။ ကျွန်တော်တို့ လျှပ်စစ် သမားတွေ နားလည်ထားတာ တစ်ခုရှိပါတယ်။ ဘယ် လျှပ် စစ် ပစ္စည်းမဆို တွေ့ရာ ခလုတ်နှိပ်ရုံနဲ့ မပျက်စီးဘူးဆိုတဲ့ အသိပါ။ အဲဒီတော့တွေ့တဲ့ ခလုတ်ကိုနှိပ်ပါတယ်။

နောက် လက်ဝါးပုံစံခလုတ်လေးတစ်ခုကိုနှိပ်လိုက်တဲ့အခါ တစ်ကိုယ်လုံးကို တွန့်တက်သွားပါတယ်။ ရေဆေးပေးတဲ့ ခလုတ်ပါလားဆိုတာ သိခွင့်ရပါတယ်။ ကိုယ့်ကိစ္စတောင် ကိုယ် မရှင်း ရလောက်အောင် ခေတ်မီလှတဲ့ ဂျပန်နိုင်ငံပါပေ။ ဒါပေမဲ့ အတော်ခံလိုက်ရပါတယ်။ ခလုတ်အဝိုင်းလေးက ရေကို ပူအောင်လုပ်ထားတာမို့ အကုန်တင်ထားတဲ့အခါမှာ အလွန် ပူနေ ပါ တယ်။

အဲဒီအခြေအနေနဲ့ ဆေးပေးတာဆိုတော့ မမေ့နိုင်တဲ့ အရသာတစ်မျိုးပါပဲ။ သွားမယ့်သူတွေ သတိ ထားစေချင်ပါတယ်။သင်ကြားရေးစတော့ အတော်ဆန်းပါတယ်။ အတန်းခွဲစာမေး ပွဲတစ် ခုဖြေ ရပါတယ်။ ကျန်တဲ့ ဘာသာရပ်တွေ သင်ချိန်မှာတော့ အတန်းပေါင်းရပေမယ့် ဂျပန် စာသင်ချိန်မှာတော့   အခန်းခွဲပြီး  အရည်အချင်းနဲ့ လိုက်ဖက်တဲ့အတန်းမှာ  သင်ရပါတယ်။

နိုင်ငံ စုံက သင်တန်းသားတွေနဲ့ ထိတွေ့ရပါတယ်။  ကျွန်တော်သင်ရတဲ့အခန်းမှာ  ထိုင်း ခုနစ် ယောက်၊ မက္ကဆီကန်တစ်ယောက်နဲ့ ဗီယက်နမ်တစ်ယောက်ပါပါတယ်။ ကျွန်တော် က အဆင့် နှစ် အတန်းမှာ တက်ရပါတယ်။ အခန်းလေးခန်းခွဲပြီး    အတော်ဆုံးတွေကတော့ အဆင့် တစ် အခန်း မှာပေါ့။ကျန်နှစ်တန်းကတော့ သာမန်ပါ။    သင်ကြားမှုပုံစံမှာ အင်္ဂလိပ် စကားတစ်လုံးမှ မတတ် တဲ့ ဂျပန် ဆရာမက နိုင်ငံခြားသားတွေကို သင်ပုံကို မြင်ကြည့်စေချင်ပါတယ်။

 ဘယ်လို သင်ကြတာပါလိမ့်လို့တွေးကြည့်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စာသင်တာ ဝါသနာပါတဲ့သူပေမယ့် ဒီလိုပုံစံမျိုးနဲ့သင်ပေးတာခံရမယ်လို့ တစ်ခါမှမတွေးဖူးခဲ့ပါဘူး။ အရုပ် ကလေးတွေနဲ့ Action In Japanese ကို စသင်တာပါ။   သိပ်စိတ်ဝင်စားစရာ ကောင်း ပါတယ်။နောက်ထပ် စီမံခန့်ခွဲမှုနဲ့ ပတ်သက်တာတွေသင်ပါတယ်။ လုံးဝပျင်းရိချိန်မရပါဘူး။ စနေ၊ တနင်္ဂနွေ ပိတ်ပေမယ့်တစ်နေ့ကို သုံးနာရီမှ စာမကြည့်ရင် သင်တန်းကို လုံးဝအဆင် မပြေ ပါဘူး။ နေ့စဉ် သင်သမျှကို စာစစ်ပါတယ်။

အလွန်ကျေနပ်စရာကောင်းတဲ့ အချက်ကတော့ ဘိုးဆိုင်းစင်တာလို့ခေါ်တဲ့ သဘာဝ ဘေး အန္တ ရာယ် ကာကွယ်ရေးအဆောက်အအုံကို မဖြစ်မနေသွားပြီးလေ့လာရပါတယ်။ဂျပန်က အပြင်း ထန်ဆုံး ငလျင်တွေနဲ့ ဆူနာမီအကြောင်းကိုလေ့လာရပါတယ်။

ငလျင်လှုပ်ခဲ့ရင် ဘယ်လိုပြုမူဆောင်ရွက်ရမယ်ဆိုတဲ့ ပြင်ဆင်ရပုံတွေ၊ မီးဘေးမှာ  ဘယ် လိုပြုမူ ဆောင်ရွက်ရမယ် ဆိုတာတွေကို သင်ပေးပြီး   တစ်ခါတည်း လေ့ကျင့်ရပါတယ်။ မီး လောင်ရင် လေးဖက်ထောက်ပြေးရမယ်ဆိုတာ သူတို့သင်ပေးမှသိလိုက်ရတာပါ။ မီးခိုးဟာ ပခုံး လောက်အမြင့်မှာပဲရှိနေတတ်တာရယ် လူတွေဟာ  မီးလောင်လို့ အသက်ဆုံးတာထက် မီး ခိုး မွှန်လို့ အ သက် ရှူရပ်သွားတာကို သူတို့ရှင်းပြမှ သိခွင့်ရခဲ့ပါတယ်။

ကိုဘေး ငလျင်ကို ခံစားဖို့အတွက် ရစ်ခ်ျတာစကေး  ၇ ဒသမ ၅ ပမာဏရှိတဲ့ ငလျင်အတုတစ်ခုကိုဖန်တီးပြီး သင်တန်းသား တွေကိုလည်း လက်တွေ့ခံစားခိုင်းပါတယ်။ ဘိုးဆိုင်းစင်တာရဲ့ တာ ဝန်ရှိသူ တစ်ယောက်က သူသာ အခြားတိုင်းပြည်မှာ မွေးခဲ့ရင် သူ့ကလေးတွေကို ဂျပန် မလွှတ်ပါဘူးတဲ့။ ကျွန် တော်တို့တော့ ဘာကြောင့် လာရတယ်ဆိုတာ ပြန်ရှင်းမပြခဲ့ပါဘူး။

နောက်ထပ် ပစ္စည်းအသစ်တွေနဲ့လည်း မိတ်ဆက်ပေးပါတယ်။ တစ်ခါသုံးအိမ်သာတွေ၊ တစ် ယောက်အိပ် အိပ်ရာလေးတွေ၊ တစ်ခါစားရင် တစ်နေကုန် ဘာမှထပ်စားစရာမလိုတဲ့ ချော က လက်တွေ၊ မီးထဲမှာဖြတ်ပြေးနိုင်တဲ့ မီးကာခြုံစောင်တွေကိုလည်း မိတ်ဆက်ပါတယ်။

 မီး ကာခြုံ စောင်မှာ ရွှေရောင်တစ်ဖက်၊ ငွေရောင်တစ်ဖက် ပါပါတယ်။ ရွှေရောင်ဟာ မီးဒဏ် ခံနိုင်ပြီးတော့ ငွေရောင်ကို အပြင်ဘက်မှာထားပြီး ခြုံရင် စောင်သုံးထည် ထပ်ခြုံရတဲ့ အနွေး ဓာတ် ကို ရ ပါတယ်။ တစ်ထည်ကို မြန်မာငွေကျပ် ၄ဝဝဝ လောက်နဲ့ အရှုံးခံရောင်းပေးထားပြီး ခေါက်လိုက်တဲ့အခါ အင်္ကျီအိတ်ထဲကို ထည့်နိုင်တဲ့ အရွယ်ပမာဏကိုရပါတယ်။ လူတိုင်း အ လွယ် တကူ ဝယ်နိုင်အောင်ရောင်းချပေးသလို ကုမ္ပဏီနဲ့ အဖွဲ့ အစည်းတွေကတော့ စာရင်းရှိ လူဦးရေ အတိုင်း မဖြစ် မနေဝယ်ရပါတယ်။

ပတ်ဝန်းကျင်လေ့လာရေးအတွက် အိုဆာကာမြို့က အမှိုက်မီးရှို့တဲ့ စက်ရုံကိုသွား ရောက် လေ့ လာရပါတယ်။ အိုဆာကာမြို့ကိုသွားဖို့အတွက် တိုကျိုကနေ   ကျည်ဆန် ရထားစီး ရပါ တယ်။

ကီလိုမီတာ ၆ဝဝ ဝေးတဲ့ အိုဆာကာကို သုံးနာရီမကြာခင် ရောက်သွားခဲ့ပါတယ်။ လမ်းမှာတော့ကမ္ဘာ့ အလှဆုံး မြင်ကွင်း တစ်ခုဖြစ်တဲ့ ဖူဂျီမီးတောင်ကြီးရဲ့နံဘေးက ဖြတ်သွားရတဲ့မြင် ကွင်း က  မမေ့ နိုင်စရာပါ။ အမှိုက်မီးရှို့တဲ့စက်ရုံကြီးဟာ တစ်နေ့ကို အများဆုံးတန်ချိန် ၁၂ဝဝ အထိ မီးရှို့နိုင်ပြီးတော့ ပုံမှန်တန် ၈ဝဝ လောက်ပဲ မီးရှို့ပါတယ်။ အလားတူစက်ပေါင်း သုံးလုံးနဲ့  အို ဆာ ကာ ကို သန့်ရှင်းစေပါတယ်။

လေထဲကို လုံးဝညစ်ညမ်းမှုမပါ မီးခိုးကိုပဲထုတ်လွှတ်ပါတယ်။ထွက်လာတဲ့ပြာတွေကို တော့ မြေဖို့ပြီး   ကျွန်းတုလုပ်တဲ့နေရာမှာသုံးပါတယ်။ ခန်းဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ဂျ ပန် ရဲ့ ကျွန်းတုပေါင်းများစွာထဲကတစ်ခုဖြစ်ပါတယ်။

ပြင်ပလေ့လာရေးတွေလုပ်ရင်း သင်ခန်းစာတွေကိုလည်း မပျက်မကွက်လေ့လာရပါတယ်။ သင် တန်းမပြီးခင်မှာ ဂျပန်ရိုးရာ လက်ဖက်ရည်ပွဲအကြောင်းကိုလည်း ဂျပန်အလယ် တန်းကျောင်း တစ်ခုက ကလေးတွေ လာရောက်တည်ခင်းပြသပါတယ်။ သူတို့ရိုးရာအတွက် ကီမိုနို ဝတ်စုံလေး တွေနဲ့ လှလှပပ ယဉ်ယဉ်ကျေးကျေးပြသသွားတဲ့ ကျောင်းသူလေးတွေက မမေ့ချင် စရာ ပါ။ သင်တန်းမှာ ဘာသာစကားအထောက်အကူဖြစ်ဖို့အတွက် ပြင်ပက ဘော်လန်တီယာ ကူညီသူတွေနဲ့ စကားပြောရအောင်လည်း စီစဉ်ပေးပါတယ်။   လုံးဝ ဟာကွက်မရှိခဲ့ပါဘူး။

အချိန်တိုအတွင်း ဈေးဝယ်ရထားစီး ထမင်းစားတတ်အောင် သင်ပေးနိုင်ခဲ့ပုံက အတုယူစရာပါ။ မမေ့နိုင်တဲ့ အခိုက်အတန့်ကတော့ မူလတန်းကျောင်းတစ်ခုမှာသွားပြီးတော့ ကလေးတွေနဲ့ ကစား ရပါတယ်။

ကလေးတွေကို ဘယ်လို လေ့ကျင့်သင်ကြားတယ်ဆိုတာကိုလည်းလေ့လာခွင့် ရခဲ့ပါတယ်။ ကလေးတွေက လူစုခွဲပြီးလာခေါ်သွားပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ ကစားစရာလေးတွေမှာ

အရုပ်ဆက်၊ ပန်းချီဆွဲ၊ သားရေကွင်းတွေပစ်ရပါသေးတယ်။ စလုပ်ခါစမှာ ရှက်အမ်း အမ်းဖြစ်ခဲ့ ပေ မယ့် နောက်သူတို့လေးတွေနဲ့ တစ်သားတည်းဖြစ်လို့ ကိုယ်ပါငယ်ဘဝကို ပြန်ရောက်သွား သလိုခံ စားရပါတယ်။

ကိုယ်တတ်တဲ့ မျက်လှည့်၊ လက်လှည့်လေးတွေ ပြန်ပြတော့ ကလေးတွေက တစ်ကွက်ပြပြီးတိုင်း လက်ခုပ်လက်ဝါးတီးအားပေးကြပါတယ်။ ထူးခြားချက်ပါ။ ဂျပန်ကလေးတွေ  သူတစ် ပါး ကို ချီးကျူးတတ်အောင်ပါ သင်ပေးထားပုံရပါတယ်။ ကျွန်တော်တို့ ကလေးတွေဆီက လေ့လာ ခွင့် တွေရခဲ့သလို ကလေးတွေလည်း နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတဲ့ အတွေ့အကြုံကိုပါ စောစော စီး စီးမြည်း ခွင့်ရသွားတာ အသေအချာပါပဲ။ သင်တန်းဆင်းခါနီးတော့ တစ်ဖွဲ့ချင်းစီကို ကိုယ်လေ့လာသမျှပြန်ပြီး တင်ပြရပါတယ်။

အချို့က ဂျပန်ပြည်ရဲ့ ရာသီဥတုနဲ့ ဝတ်စားဆင်ရင်ပုံ၊ အချို့က မြန်မာဂျပန်ကွဲပြားချက်၊ ကျွန်တော်တို့ အဖွဲ့ကတော့ ကျွန်တော်တို့ကြုံရတဲ့ အခက်အခဲတွေကို ပြန်တင်ပြတဲ့    ပြကွက် ကိုလုပ် ခဲ့ပါတယ်။သူတို့လိုတာလေးတွေလုပ်ပေးနိုင်အောင်ဆိုတဲ့ စေတနာနဲ့ပါ။ နောက်ဆုံး စာစစ်တဲ့အနေနဲ့ ဂျပန်စာကိုဖြေရပါတယ်။ဖြေရတဲ့စာက ကျွန်တော်တို့ကို ဝင်ခွင့်စစ်တုန်းက မေးတဲ့မေး ခွန်း ပါ။ အလွန်အံ့သြ စရာကောင်းတဲ့ သင်ကြားမှုပါ။ျန်တော်တို့ဘယ်လောက် တိုးတက်သွားတယ်ဆိုတာ ယှဉ်ပြပါတယ်။ ခြားနားချက်က အတော် လေးကြီးမားပါတယ်။   မြင်လည်းမြင်သာ လှပါ တယ်။  

အပတ်စဉ် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင်ဆက်လက်ဖော်ပြပါမည်။

Read 536 times
Rate this item
(0 votes)
Last modified on Tuesday, 22 August 2017 09:51