SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သင်ယူလေ့လာရှာဖွေမှတ်လို့စာတတ်မြောက်ရေးလှုပ်ရှားစို့

Friday, 08 September 2017 10:00 Written by  font size decrease font size decrease font size increase font size increase font size

မျက်မှောက်ခေတ်ကမ္ဘာကြီးသည် ပညာလွှမ်းခြုံထားသော ပညာအုတ်မြစ်၊ ပညာ အခြေခံ အ ဆောက် အအုံများဖြင့် ပညာရွာအဖြစ် ပေါ်ထွန်းလျက်ရှိသည်။ အသိပညာသည်စွမ်း အားဖြစ်

သည့်အတွက် လေ့လာသင်ယူမှုသည် အနာဂတ်မျိုးဆက်များ၏အလင်းရောင်ကိုပေးစွမ်းသော မီးရှူးတန်ဆောင်ပင်ဖြစ်သည်။ အသိပညာကြွယ်ဝသောနိုင်ငံများသည်သာ ကမ္ဘာတွင်ရပ်တည်

ရန်အဆင်ပြေနိုင်မည်ဖြစ်ပြီး ပညာရေးသည်နိုင်ငံများ၏ခေတ်မီတိုးတက်ခြင်း၊ သိပ္ပံနှင့် နည်း ပညာမြင့် မားခြင်း၊ ယဉ်ကျေးမှုထွန်းကားခြင်းများကို ဆောင်ကြဉ်းပေးသည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံ အသီး သီးတို့က စာတတ်မြောက်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်လာကြကြောင်း တွေ့ရှိရသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အသိပညာ၊ အတတ်ပညာများအပေါ်၌ လုံးဝတည် မှီနေ သဖြင့် ထိုသို့သိရန်၊ တတ်ရန်မှာလည်း စာတတ်မြောက်မှုအပေါ် အမှီ သဟဲပြု လျက်ရှိသည်။ ယနေ့ကာလ စာတတ်မြောက်မှုဟူသည် စာရေးတတ်ရန်၊ စာဖတ်တတ်ရန်၊ အတွက် အချက်တတ်ရန်သက်သက်မျှသာမဟုတ်ဘဲ ကမ္ဘာသိသိပြီး အမြင်ကျယ်ဖြင့် ကမ္ဘာ လုံး ဆိုင်ရာပြောင်း လဲမှု အရပ်ရပ်ကိုလိုက်မီရေးအတွက်ပင်ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် မိခင်ဘာသာစကား စာပေဆိုင်ရာတတ်မြောက်မှုသာမက ကမ္ဘာသုံးဘာ သာ စကားစာပေ တတ်မြောက်ရေးကို ဦးစားပေးလျက် သတင်းအချက် အ လက်နှင့်နည်း ပညာ၊ သိပ္ပံ နှင့် နည်းပညာတတ်ကျွမ်းနားလည်အောင် ရည်မှန်းချက် ထားရှိကြိုးပမ်းလျက်ရှိသည်။ နည်းပညာခေတ်တွင် နည်းပညာကို လက်တွေ့ကျကျ အသုံးချတတ် မှသာ နိုင်ငံဖွံ့ဖြိုးပြီး လူမျိုးတိုး တက် နိုင်မည်ဖြစ်သည်။ နည်းပညာကအရာရာကိုဦးဆောင်ဦးရွက်ပြုသဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ကိုအကောင်အထည်ဖော်မည်ဆိုလျှင် နိုင်ငံသား တိုင်း စာတတ်မြောက်မှုသည် အ ခြေ ခံလိုအပ်ချက်တစ်ရပ်ဖြစ်သည်နှင့်အညီ ပညာအခြေပြုသော စာတတ် မြောက် သည့် လူ့ဘောင်အဖွဲ့အစည်း ပေါ်ထွန်းလာအောင် မဖြစ်မနေ တည်ဆောက်ကြ ရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် စာရေးစာဖတ်မတတ်သော အရွယ်ရောက်သူဦးရေမှာ ယနေ့အထိသန်း ၇၅ဝ ကျော်ရှိ နေဆဲဖြစ်သည်။ ၁၉၆၆ခုနှစ်တွင်စတင်ခဲ့သော နိုင်ငံတကာစာတတ် မြောက် ရေးနေ့သည် ယခု ၂ဝ၁၇ ခုနှစ်ဆိုလျှင် ၅၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

စာတတ်မြောက်ရေးလှုပ်ရှားမှုများကြောင့် တိုးတက်မှုများရှိလာခဲ့သော်လည်း လူဦးရေ သိသိ သာသာ တိုးလာသဖြင့် တိုးပွားလာသောလူဦးရေနှင့်အညီ စာတတ်မြောက်မှု နှုန်းမြင့်တက် အောင် ကမ္ဘာ့နိုင်ငံများရှိအစိုးရအသီးသီးက ကြိုးစားဆောင်ရွက်နေရဆဲပင်ဖြစ်သည်။ မသိနား မလည်မှုသည် ရှက်စရာမဟုတ်၊ သင်ယူလိုစိတ်မရှိခြင်းက ရှက်စရာဟုလည်းကောင်း၊ ပညာနှင့် တူ သော အရာ မရှိဟုလည်းကောင်း၊ အစဉ်လေ့လာသင်ယူမှုသည် လူ့အစွမ်း အစကို တိုးတက်စေသည်ဟုလည်းကောင်း ခံယူပြီး သင်ယူလေ့လာရှာဖွေမှတ်သားကြမှသာ စာမ တတ်သော ဘဝများ မှ ရုန်းထွက်နိုင်ကြမည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁ဝ နှစ်အထက် စာတတ် မြောက်မှု ရာခိုင်နှုန်း ၉ဝ ဒသမ ၂ ရှိပြီးအသက် ၁၅ နှစ်အထက် စာတတ်မြောက်မှု ရာခိုင်နှုန်း မှာ ၈၉ ဒသမ ၅ ရှိကြောင်း သိရသည်။ ထိုစာတတ်မြောက်မှုများတွင် အမျိုးသားစာ တတ်မြောက်မှုမှာ အမျိုးသမီးစာတတ်မြောက်မှုထက် ပိုမိုမြင့်မားနေကြောင်းတွေ့ရပြီး အာဆီယံနိုင် ငံများ၏ ပျမ်းမျှစာ တတ်မြောက် မှုရာခိုင်နှုန်းနှင့်တူညီမှုရှိသော်လည်းစာမတတ်သူ များစွာကျန်ရှိနေ သေးသဖြင့်စာတတ်မြောက်ရေးလှုပ်ရှားမှုများကို အားသွန်ကြိုး ပမ်းဆောင် ရွက်နေ ရဆဲပင်ဖြစ်သည်။

သို့သော် အာဆီယံနိုင်ငံများနှင့် တန်းတူလိုက်နိုင်သော စာတတ်မြောက်မှုရှိအောင် ကြိုးစားခဲ့ ရမှု အပေါ် လေ့လာကြည့်သော်ခေတ်အဆက်ဆက်အစိုးရများအနေဖြင့်နိုင်ငံသားများ စာတတ် မြောက် ရေးအတွက်ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ခဲ့ရကြောင်း တွေ့ရှိရမည်ဖြစ် သည်။

ရှေးမြန်မာမင်းများလက်ထက်က ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကြောင့် တစ်နိုင်ငံလုံးတွင် စာတတ် မြောက်မှု ၈၅ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ကိုလိုနီနယ်ချဲ့လက်အောက်သို့ကျ ရောက် သော အခါ စာတတ်မြောက်မှု ၃၅ရာခိုင်နှုန်းသို့ကျရောက်သွားသည်။ လွတ်လပ် ရေးရပြီး နောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်များအတွင်း အားထုတ်ကြိုးပမ်းမှုများဖြင့်စာတတ်မြောက်သူ ၅၇ ရာခိုင် နှုန်း သို့မြင့်တက်လာသည်။ ထိုကာလတွင် လူထုပညာရေး ဥပဒေကိုပြဋ္ဌာန်းပြီး လူထုပညာရေး ကောင်စီဖွဲ့စည်းကာ လူထု ပညာရေး စီမံကိန်း၊ ဘဝသစ် ဖန်တီးမှု စီမံကိန်းများဖြင့် အကောင် အထည်ဖော်နိုင် ခဲ့သည်။

၁၉၆၄ ခုနှစ်သို့ ရောက်သောအခါအခြေခံပညာကို လူတိုင်းသင်ယူခွင့်ရအောင် ရှေးရှုကြိုးပမ်း ခဲ့ သည်။ ထို့အတူ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ စာတတ်မြောက်ရေး ကြိုးပမ်း လှုပ်ရှား မှုသည် လူထုစည်းရုံးရေးလှုပ်ရှားမှုအသွင်ဖြင့် ကမ္ဘာကျော်ခဲ့သည်။

၁၉၆၄ ခုနှစ် နွေရာသီတွင် မိတ္ထီလာခရိုင်မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာ၌နွေရာသီ ''အ''သုံး လုံးကျေမျက်ဖွင့် သင်တန်းကို စေတနာ့ ဝန်ထမ်း လုပ်အားပေး ဆရာများနှင့် ဖွင့်လှစ်ပို့ ချပေးခဲ့ပြီး ''အ''သုံးလုံး၏ပဏာမရှေ့ပြေး ဆောင်ရွက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၆၄ -၁၉၈၈ ခုနှစ် ၂၄ နှစ်တာကာလအတွင်း အစဉ်တစိုက်ကြိုးပမ်းမှုများကြောင့်အသက် ၁၅ နှစ် အထက် ပြည်သူ နှစ်သိန်းလေးသောင်းကျော် စာတတ်မြောက်ခဲ့သည်။

ထိုကာလတွင် မြန်မာနိုင်ငံသည် ယူနက်စကိုအဖွဲ့ကြီးနှင့်ဆက်သွယ်ပြီး စာတတ်မြောက် ရေးကြိုး ပမ်းမှုအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံ၏စာတတ် မြောက် ရေးကြိုး ပမ်းလှုပ်ရှားမှုသည် အတိုင်းထက်အလွန် အောင်မြင်ခဲ့သည့်အတွက် ယူနက်စကို အဖွဲ့ကြီး က ၁၉၇၁ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ''မိုဟာမက်ရီဇာပါလာဗီ''ဆုနှင့် ၁၉၈၃ ခုနှစ် တွင် ''နိုမာ''ဆုများကိုချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးနောက် ခေတ် အဆက်ဆက်တွင်ပြည်သူများစာတတ်မြောက်အောင် ခေတ်စနစ်အခြေအနေပေးမှုအရ ကြိုးပမ်းဆောင် ရွက်ခဲ့ သည်နှင့် အညီ နိုင်ငံတကာစာတတ်မြောက်ရေးနှစ်ဖြစ်သော ၁၉၉ဝ ပြည့်နှစ်ဂျွန်တီယံပညာရေးညီလာခံမှ ၂ဝဝဝ ပြည့်နှစ်ဒါကာပညာရေးညီ လာခံကျင်း ပသည် အထိ၁ဝ နှစ်တာကာ လ အတွင်း စာတတ်မြောက်ရေးလုပ်ငန်းစဉ်ကို ''လူတိုင်းအတွက်ပညာ ရေး'' ဆောင် ပုဒ်နှင့်အညီ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရာ ၂ဝဝဝ ပြည့်နှစ်အရောက်တွင် စာတတ် မြောက်မှုနှုန်း များစွာမြင့် မား လာကြောင်း တွေ့ရှိရသည်။

၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွင် အမျိုးသားပညာရည်မြင့်မားရေးဦးတည်ချက်ဖြင့် ပညာရေး အထူး လေးနှစ်စီမံကိန်းနှင့် နှစ်(၃ဝ)နှစ်ရှည်စီမံကိန်းတို့အရ လူတိုင်းစာတတ် မြောက်ရေး အ တွက် ကျောင်းပညာသင်ကြားရေးနှင့် ကျောင်းပြင်ပပညာရေးနှစ်ရပ်လုံးဖြင့် အကောင် အထည် ဖော်ခဲ့သည်။ အခြေခံစာတတ်မြောက်ရေးပြီးဆုံးပါကလည်း စာဖတ် ရှိန်မြှင့်တင်ရေး အစီ အစဉ်၊ ဝင်ငွေ တိုး ပွားရေးအစီအစဉ်၊ သာယာရေးအစီအစဉ်၊ တစ်ဦးချင်းဝါ သနာပါရာ လုပ်ငန်း အစီအစဉ်၊အနာဂတ်ဦးတည်ပညာရေးအစီအစဉ်နှင့် ကျောင်းတွင်း တန်းညှိ အစီ အစဉ် ဟူသောစဉ် ဆက် ပ ညာရေးအစီအစဉ်များကိုလည်းဆက်လက်သင်ယူလေ့လာနိုင်အောင် ဖန်တီးပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်စဉ် ဧပြီ၁၅ ရက်မှ မေ ၁၅ ရက်အထိ နွေရာသီ စာတတ် မြောက်ရေး လှုပ်ရှားမှုအဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ရွေးချယ်သတ်မှတ်ပြီး တက္ကသိုလ် လုပ်အားပေးဆရာ၊ ဆရာမများနှင့် ဒေသခံဆရာ၊ ဆရာမများပူးပေါင်း၍ သင်ကြား တတ်မြောက်စေ ခဲ့ သည်။

လက်ရှိနိုင်ငံတော်အစိုးရသစ်လက်ထက်တွင် သက်ကြီး၊ သက်လတ်စာတတ်မြောက်ရေးအပြင် ပညာရေးပြုပြင် ပြောင်းလဲမှုများကျင့်သုံးဆောင်ရွက်လျက်ရှိသည်။ ပညာရေး ပြုပြင်ပြောင်း လဲ မှု တစ်ရပ်အနေဖြင့် ''အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂ဝ၁၆ -၂ဝ၂၁)'' ကို ချမှတ် အသုံးပြုခဲ့သည်။

ထိုစီမံကိန်းတွင် မဟာဗျူဟာအပြောင်းအလဲ(၉)ရပ်ပါဝင်ပြီး ကျောင်း ပညာရေး အပြင် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး မဟာဗျူဟာသည်လည်း လုပ်ငန်းစဉ်တစ်ရပ် အဖြစ်ပါ ဝင်သည်။ မြန်မာနိုင်ငံတွင် အသက်၁၅ နှစ်အထက် စာမတတ်သူ ၃ ဒသမ ၅သန်း ခန့်ရှိပြီး ယင်းတို့အနက် သုံးသန်းခန့်မှာကျေးလက်နေပြည်သူများဖြစ်သည်။ အလားတူစွာ အသက် ၅ နှစ် အထက် ကျောင်းမနေသူ၎ ဒသမ ၈ သန်းခန့်ရှိပြီး ၁ ဒသမ ၃ သန်းခန့်မှာ အ သက် ၅ နှစ်မှ ၁၈ နှစ်အထိအရွယ်များဖြစ်သလို ၁၅ နှစ်အထက် သက်ကြီး၃ ဒသမ ၅ သန်းခန့် စာမတတ် သူ များဖြစ်ကြောင်း တွေ့ရှိရသည့် အတွက် နိုင်ငံသား အားလုံးစာ တတ်မြောက် အောင် စာတတ်မြောက်ရေး လှုပ်ရှားမှုများနှင့်အတူ ပညာရေးပြုပြင်ပြောင်းလဲချက်များ အတိုင်း ကြိုး ပမ်းဆောင် ရွက်ကြရမည်ဖြစ်ပေသည်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေး လုပ်ငန်းများအတွက် စာတတ် မြောက်ရေးသည် မရှိမဖြစ်လိုအပ်သည်။

စာမတတ်သူကို စာတတ်အောင် သင်ပေးခြင်း၊ စာတတ်ပြီးဖြစ် ပါကလည်း စာဖတ်ရှိန်မြှင့် တင်ခြင်း၊ စာဖတ်ရှိန်မြှင့်ပြီးပါကလည်းအသိပညာ၊ အတတ်ပညာများတိုးပွားအောင်စဉ်ဆက် မပြတ် လေ့လာသင် ယူခြင်းတို့ တည်ရှိနေမှသာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်အဖြစ် တည်ဆောက် ရေးတွင် အဆင်ပြေချောမွေ့မည်ဖြစ်ရာ အခြေခံလိုအပ်ချက်ဖြစ်သည့် နိုင်ငံသားအား လုံးစာ တတ်မြောက်အောင်သင်ယူလေ့လာရှာဖွေမှတ်သားနိုင်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း ရေးသား လိုက် ရ ပါသည်။

Read 1002 times
Rate this item
(0 votes)
Last modified on Friday, 08 September 2017 10:06

Latest from