SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရှင်လျက်သေသူ

Sunday, 10 September 2017 15:38 Written by  font size decrease font size decrease font size increase font size increase font size

လောကတွင် လူများပြောဆိုလေ့ရှိသော စကားတစ်ခွန်းရှိသည်။   ယင်းစကားမှာ ''ကြွေးတင် လျှင်ရှင် ဘုရင်ဆပ်မည်''ဟူသောစကားဖြစ်၏။ထိုစကား  မည်သို့ဖြစ်ပေါ်လာသည်ကိုမသိပါ။

မသိနားမလည်သူများက ယင်းစကားကိုအဟုတ်ကြီးထင်ကာ အကြွေးယူကြ၏။ ''အကြွေး'' ကိုကြောက်ရမှန်းမသိ။ လောလောဆယ်တွေ့ကြုံရသည့်  အခက်အခဲပြေလည်လျှင်တော်ပြီဟု  သဘော ထားလျက် ကြွေးယူကြ၏။ အချို့ဆိုလျှင် ''ဆင်တစ်ကောင်လုံး အကြွေးရ လျှင်ဝယ် မည်''ဆိုသည်က ရှိသေးသည်။

အကြွေး၏သဘောမှာ  အရင်းမဆပ်နိုင်လျှင်  တစ်နေ့တခြားအတိုးကတက်လာသည်။ ကြာ သော် အတိုးကအရင်းထက်များလာတော့၏။ ''ကြွေးတင်ကျွန်ဖြစ်''ဟူသောစကားသည် ဤ အချက် ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟုထင်သည်။

လောက၌လူတို့ခံစားနိုင်သော ချမ်းသာလေးမျိုးရှိကြောင်း  မြတ်စွာဘုရားရှင်က ''အင်္ဂုတ္ထိုရ် ပါဠိတော် စတုတ္ထနိပါတ် ပတ္တကမ္မဝဂ်အာနဏျသုတ္တန်''တွင် ဟောကြားထားသည်။ ယင်းချမ်း သာ လေးမျိုးမှာ-(၁) အတ္တိသုခရှိမှုချမ်းသာ(၂) ဘောဂသုခ    -သုံးဆောင်မှုချမ်းသာ

(၃) အာနဏျသုခ      -ြေ<ွကးမြီမရှိမှုချမ်းသာ

(၄) အနဝဇ္ဇသုခ        -        အပြစ်မရှိမှုချမ်းသာတို့ဖြစ်၏။

ကြွေးမြီ မရှိမှုချမ်းသာဖြစ်သော ''အာနဏျသုခ''ဆိုသည်မှာ ဤလောက၌ အမျိုး ကောင်း သားသည် တစ်စုံတစ်ယောက်ထံမှ တစ်စုံတစ်ခုသောပစ္စည်းကို ချေးငှားယူငင် ထားခြင်း မျိုးမရှိ သဖြင့်  ''မျက်နှာငယ်ချေး၊ အတိုးပေးနှင့် ကြွေးတောင်းခံရ၊ နောက်ကလိုက်နေ၊ ထောင် ချလေ၊ငါးထွေငွေချေးပြစ်''ဆိုသည့် အပြစ်များမှကင်းဝေးရပေသည်။

ထိုအခါ အမျိုးကောင်းသားသည် ''ငါသည်ငါပိုင်ဆိုင်ထားသည့် အတိုးအရင်းပွားပစ္စည်း ဥစ္စာဟူ သမျှ မည်သူ့ကိုမျှမပေးဆပ်ရပါတကား''ဟူ၍ ချမ်းသာရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ရ၏။ ဤသို့ဖြစ် ရခြင်းကို ''အာနဏျသုခ''ဟု ခေါ်ဆိုခြင်းဖြစ်သည်။

အကယ်၍ အကြင်ပုဂ္ဂိုလ်သည် ကြွေးမြီအတင်ခံရသူဖြစ်ပါက ထိုကြေွးမြီပြန်ဆပ်နိုင်ရေးအတွက် အမြဲတမ်းပူပန်နေရ၏။ မပေးဆပ်နိုင်လျှင် ကြွေးမြီရှင်တို့၏အတောင်းခံရခြင်း၊ ဆူပူခံ ရခြင်း၊ တရားစွဲခံရခြင်းစသည်တို့နှင့်ကြုံရမည်ဖြစ်သည်။ ဤဆင်းရဲဒုက္ခမျိုးကို စဉ်း စားကြည့်ပါကသိနိုင်၏။ ကိုယ်တိုင်မကြုံဖူးသော်လည်း ခံစားရမည့်ဒုက္ခမျိုးကို ဆင်ခြင်ကြည့် ပါကသိနိုင်၏။ ကိုယ် တိုင် မကြုံတွေ့ဖူးသော်လည်း ထိုကဲ့သို့ကြုံတွေ့နေရသူများ ကိုမြင တွေ့ရသည့်အခါမျိုးတွင် ကြွေးမြီကင်းမှုချမ်းသာခြင်းအကျိုးကို ထင်ရှားစွာသိမြင်နိုင်ပါ၏။

ရပ်ကွက်ထဲတွင်လည်းကောင်း၊ ရုံးလုပ်ငန်းဌာနများတွင်လည်းကောင်း၊ အကြွေးရှင်(မြီရှင်)က အကြွေးယူ ထား သူ(မြီစား)အား ကြွေးတောင်းသည့်အခါများ ၌ပြောဆို သည့် စကား အသုံး အနှုန်းများမှာ နားကြား၍ပင်မကောင်းပေ။ အကြွေးရှင်က ၎င်း၏ ငွေပြန်ရယူ လိုသော စေ့ဆော် မှုကြောင့် တစ်ဖက်လူမခံသာနိုင်အောင် ရင့်ရင့်သီးသီးပြောဆိုတတ်ကြ၏။ တစ်ဖက် နှင့် တစ်ဖက်ခိုက်ရန်ဖြစ်ပွားတတ်ကြ၏။ ရုံးရောက်၊ ဂါတ်ရောက်ကြရ၏။ဤသို့ဖြင့် နှစ်ဦးနှစ် ဖက်စိတ် ဆင်းရဲ၊ ကိုယ်ဆင်းရဲရှိမည်မှာ သေချာသည်။

နီတိဆရာများက ကြွေးမြီထူပြောသူများနှင့်ပတ်သက်၍ ဤသို့ပြောဆိုဆုံးမတတ်ကြ၏။ ''ငွေကြေး မဲ့သူ၊ နာမကျန်းသူ၊ မိုက်မဲသူ၊ ကြွေးများသူ၊ ဘုရင်ကိုခစားရသူ။ ဤငါးဦးသည် ရှင် လျက်သေ သူများပင်တည်း။ ထိုသူတို့သည် အခြားသူများကဲ့သို့ လွတ်လပ်ခြင်းမရှိ၊ ဒုက္ခ အသီးသီးရောက်ကြရ၏။အသက်ရှင်လျက် လူ့စည်းစိမ်ကိုမခံစားကြရသဖြင့် သေသူ နှင့်မခြား ရှိလေသည်။

ကြွေးရှင်များက မိမိတို့အကြေးပြန်ရလိုမှုဖြင့်နည်းလမ်းအမျိုးမျိုးကျင့်သုံးကာ ကြွေးယူထားသူ ထံမှ တောင်းကြ၏။ ရှေ့နေရှေ့ရပ်များငှားရမ်း၍ သတင်းစာများမှ မိမိအမည်၊ နေရပ်လိပ် စာ ဖော်ပြ ၍ အရေးဆိုကြသည်ကိုလည်း   အမြဲလိုလိုတွေ့ရ၏။ ဤအတွက် အကြွေး တောင်း ခံရသူအဖို့ မည်မျှဂုဏ်သိက္ခာကျ၍ အရှက်တကွဲအကျိုးနည်းဖြစ်ရသည်ကို ခံစားဖူးသူများ သိကြ ပေမည်။

အချို့ ဆိုလျှင် မိမိအပေါ်တင်ရှိနေသည့်ကြွေးမြီကို ပြန်ဆပ်လိုသဖြင့်အိမ်ရောင်း၍ ဆပ်ရ သည် လည်း ရှိ ၏။ အိမ်ရောင်းစရာမရှိလျှင် မသမာသောနည်းလမ်းများဖြင့် ငွေရှာ ကြသည် လည်းရှိ သည်။ ယုတ်ညံ့သောဒုစရိုက်မှုကိုပင် မလွှဲမရှောင်သာပြုလုပ်တတ်ကြ၏။ ဂုဏ်လည်းမဲ့၊ သိက္ခာလည်း မရှိ၊အရှက် လည်းကုန်နေသူ တစ်ဦးအဖို့ လောကတွင် လူဖြစ်ရကျိုး နပ်တော့မည် မဟုတ်ပေ။ အထက်တွင်ဆိုထားသကဲ့သို့ ''အသက်ရှင်လျက်သေသူ'' နှင့်မခြားရှိ လေသည်။

အဘယ် ကြောင့် ကြွေးတင်ရသည်ကိုလေ့လာပါက ဝင်ငွေနှင့်ထွက်ငွေကို မျှတစွာမသုံး၍ ဖြစ်နိုင သလို ဝင်ငွေကနည်းသည့်အထဲ အရက်သေစာသောက်စားခြင်း၊   လောင်း ကစားခြင်း တို့ကြောင့် လည်း ဖြစ်နိုင်သည်။

''ခြိုးခြံချွေတာပါ''ဟု လူကြီးသူမများက ဆုံးမသည်ကို အချို့ကပြက်ရယ်ပြုကြ၏။ ယခုကဲ့သို့ ရှားပါးနေ သည့်ခေတ်ကြီးတွင် မည်သို့ခြိုးခြံချွေတာရပါမည်နည်းဟု စောဒကတက် ကြသူများ လည်း ရှိ၏။''ဆင်ကြီးလျှင် ဆင်ခြေရာ၊ ဆိတ်ကြီးလျှင် ဆိတ်ခြေရာ''ဟူသော စကားရှိ၏။ ကိုယ့် အတိုင်းကိုယ့်အထွာနှင့်ငွေကြေးသုံးစွဲရန်   ဥပမာပြဆုံးမထားသောစကားဖြစ်၏။ ဆိတ်က ဆင်ခြေ ရာကိုလိုက်တုကာ ခြေရာကြီးလို၍မဖြစ်နိုင်ပေ။ ဆင်လည်း ဆင့်အထွာ၊ ဆိတ် လည်း ဆိတ်အထွာနှင့် နေတတ်ထိုင်တတ် ငွေကြေးသုံးစွဲတတ်ဖို့တော့လိုသည်။

ဤနေရာတွင် အလျဉ်းသင့်၍ စာရေးသူ၏မိတ်ဆွေတစ်ဦးချမ်းသာကြွယ်ဝသူဖြစ်ပါလျက် ကြွေးများတင်ကာပြန်မဆပ်နိုင်သဖြင့် အိမ်နှင့်အတူရှိသမျှ ပိုင်ဆိုင်မှုများကိုရောင်းချ ပေးခဲ့ရ သည့်အဖြစ် မှာ ရင်နာဖွယ်ကောင်းလှ၏။ သူကဆောက်လုပ်ရေးလုပ်ငန်းလုပ်၏။ သူ့လုပ်ငန်းမှာ ရင်းနှီးမြှုပ် နှံမှုလိုသဖြင့် အဖွဲ့အစည်းတစ်ခုမှငွေသိန်းထောင်နှင့်ချီ၍ ချေးယူခဲ့ရ၏။ အမှန်တော့ လူ့သ ဘာဝအရ ရှိတာထက်ပိုပြီး ချမ်းသာလို၍ဖြစ်၏။ လုပ်ငန်းကြီးလုပ်သဖြင့်    အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေသည့်အခါ အကြွေးတင်တော့၏။ ထိုအခါအရင်း ကိုလည်း မဆပ်နိုင်။ အတိုး ကိုလည်းမပေးနိုင်သဖြင့် ကြာလာသောအခါ အိမ်နှင့်တကွ  ပိုင်ဆိုင်မှု အားလုံး ကိုရောင်းချ၍ အကြွေးဆပ်ရတော့၏။  သည်ကြားထဲ ကျန်းမာရေးကလည်းမကောင်း သဖြင့် အခြေ အနေပို ဆိုး သွားတော့၏။ထို့ကြောင့် အချို့ယူဆထားသကဲ့သို့ ''ကြွေးတင်လျှင် ရှင်ဘုရင်မဆပ်ပါ''။  မိမိတွင် တင်ရှိနေသောအကြွေးကို မိမိကသာ တာဝန်ယူဆပ်ရမည်ဆိုသည်ကို အလေး အနက် မှတ် ယူ ထားသင့်ပါ၏။ 

Read 442 times
Rate this item
(0 votes)
Last modified on Sunday, 10 September 2017 15:40

Latest from