SJ WorldNews - шаблон joomla Авто

ရုန်း ရင်း ဆန် ခတ် မှု

Thursday, 14 September 2017 08:46 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ရုန်းရင်းဆန်ခတ်မှုဆိုတာဘာလဲဆရာ။ လူတွေစုရုံးစုရုံး လုပ်တာပဲသိတယ်။ ဥပဒေက အဓိ ပ္ပာယ် ဘယ်လိုဖွင့်ထားပါသလဲ။ ဥပဒေနဲ့ ဘယ်လိုထိန်းချုပ်ထားပါသလဲ။ ဒီနေ့ဒီအချိန်

မှာ  ရုန်း ရင်းဆန်ခတ်မှုတွေ  မကြာ ခဏဖြစ်တတ်တယ်။ ဒါကြောင့် ရှောင်သင့်တာ ရှောင်ဖို့လိုအပ်တယ်။ အချို့ကလည်း မရည်ရွယ်ဘဲနဲ့ ပါဝင်သွားသလိုလိုဖြစ်သွားတတ်ကြတယ်။ စီရင် ထုံး န မူနာ အကိုးအကားတွေနဲ့ အများနားလည်အောင်ရှင်းပြပေးပါဆရာ။ ရာဇသတ်ကြီးဥပဒေစာအုပ်ထဲမှာ ပါမှန်းသိပါတယ်။ ကိုယ်တိုင်လည်း တတ်သမျှ မှတ်သမျှ ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့  သိပ်မရှင်းဘူး ရေးပေးပါဦး ဟု မေးခွန်းလည်းမေး အကူအညီလည်းတောင်းသည့်သဘောလည်း ပြောပါ သည်။ထို့ကြောင့် မိတ်ဆွေ၏မေးခွန်းကို ဖြေဆိုသောအားဖြင့် အောက်ပါအတိုင်း ရေး လိုက်ပါသည်။

ရုန်းရင်း ဆန်ခတ်မှုရုန်းရင်းဆန်ခတ်မှုကို အင်္ဂလိပ်ဘာသာဖြင့်  Rioting ဟုခေါ်သည်။ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၁၄၆ ဖြစ်သည်။ အဓိပ္ပာယ်မှာ ဥပဒေနှင့်ဆန့်ကျင်သော အစု အဝေး ကသော်လည်းကောင်း၊ ထိုအစုအဝေးတွင်ပါဝင်သူတစ်ဦးဦးကသော်လည်းကောင်း  တူ သောရည်ရွယ်ချက်အတိုင်းဆောင်ရွက်ရာ၌ အနိုင်အထက်ပြုလုပ်လျှင် သို့မဟုတ် သောင်း ကျန်းလျှင် ထိုအစု အဝေးတွင်ပါဝင်သူတိုင်းသည် ရုန်းရင်းဆန်ခတ်မှုကို    ကျူးလွန်သည်ဟုဖော်ပြထားသည်။

အနှစ်သာရဤပုဒ်မမှာ    ဥပဒေနှင့်ဆန့်ကျင်သောအစုအဝေးတွင်ပါဝင်သူတစ်ဦးဦးက အနိုင်အထက်ပြု မှု၊ သောင်းကျန်းမှုမှာ  ရုန်းရင်းဆန်ခတ်မှုကျူးလွန်ကြောင်း ဖွင့်ဆိုချက်ဖြစ်သည်။ ပြစ်ဒဏ် ပုဒ်မ ၁၄၇။ မည်သူမဆို ရုန်းရင်းဆန်ခတ်မှုကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ပုဒ်မ ၁၄၇၊ အနှစ် သာရဤပုဒ်မမှာ ပုဒ်မ ၁၄၆ တွင်ဖွင့်ဆိုသော ရုန်းရင်းဆန်ခတ်မှုကို ယေဘုယျကျူးလွန်သူ အတွက် ပြစ် ဒဏ်ဖြစ်သည်။ သေစေလိုက်သောလက်နက်စွဲကိုင်ပါက     ပုဒ်မ ၁၄၈၊ လက် ရောက်မှုကျူးလွန်ပါက ပုဒ်မ ၁၅၂၊ ရမ်းကားလိုသောသဘောဖြင့်ရန်စပါက ပုဒ်မ ၁၅၃ စသည်ဖြင့်အကျုံးဝင်မည်။ရဲအရေးပိုင်သည်ပုဒ်မ ၁၄၇ မှာ ရဲအရေးပိုင်သည်။ ဦးစွာဝရမ်း ထုတ် ဆင့်ဖမ်းဆီးနိုင်သည်။ အာမခံပေး ရမည်။   ကျေအေးခွင့်မရှိ။   မည်သည့်တရားသူကြီးကမဆို စစ်ဆေး စီရင်နိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည်။

ဥပဒေ အမှတ် ၁၆/၂ဝ၁၆)တရားဥပဒေနှင့်ဆန့်ကျင်သောအစုအဝေးရာဇသတ်ကြီးဥပဒေပုဒ်မ  ၁၄၁  တွင် တရားဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၏အဓိပ္ပာယ်ကိုဖော်ပြထားပါသည်။

နာကျင်စေမှုကျူးလွန်ခြင်းရုန်းရင်းဆန်ခတ်မှုကျူးလွန်စဉ် နာကျင်စေမှုကိုလည်းကျူးလွန်ပါက တရား ခံများအား ရုန်းရင်းဆန်ခတ်မှုအတွက် ပုဒ်မ ၁၄၇ အရလည်းကောင်း၊ နာကျင် စေမှု အတွက်  မိမိကိုယ်တိုင်မပြုလုပ်သော်လည်း ပုဒ်မ ၁၄၉ အရ တာဝန်ရှိသည့်အတွက်  ထိုပုဒ်မ ၁၄၉ အရလည်းကောင်း   သီးခြားပြစ်ဒဏ်များချမှတ်သင့်ကြောင်းစီရင်ထုံးတွင်ဖော်ပြသည့်အကျယ်ကို ဆက် လက်လေ့ လာသင့်ပါသည်။

စစ်အုပ်ချုပ်ရေးနိုင်ငံတော်ကောင်စီခေတ်၊ စစ်အုပ်ချုပ်ရေးကာလတွင် အထူးခုံရုံးများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ဖူးသည်။ ရာဇသတ်ကြီးပုဒ်မ  ၁၄၃ ကဲ့သို့   ပြစ်မှုများကို စစ်အုပ်ချုပ်ရေးအမိန့်အရ အနည်း ဆုံးထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်ကြောင်း ဖော်ပြခဲ့ဖူးသည်။ ထိုဖော်ပြချက် အတွက်(ဦး ကျော်လင်းနှင့် နိုင်ငံတော်အမှု၊ ၁၉၇၈၊ မတစ၊ စာ-၆)ကို     ရည်ညွှန်းပါသည်။

လက်နက် စွဲကိုင်လျက် ရာဇသတ်ကြီးပုဒ်မ ၁၄၈''မည်သူမဆို     သေစေလောက်သော လက် နက် ကို သို့မဟုတ် ရန်မူသောလက်နက်အဖြစ်ဖြင့် အသုံးပြုလျှင် သေစေတန်ရာသော အရာဝတ္ထု ကိုစွဲ ကိုင်လျက် ရုန်းရင်းဆန်ခတ်မှုကျူးလွန်လျှင်  ထိုသူကို  သုံးနှစ်ထိထောင် ဒဏ်တစ် မျိုးမျိုးအပြင်၊  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်''   ဟု ဖော်ပြ ထားသည်။

အနှစ်သာရရာဇသတ်ကြီးပုဒ်မ ၁၄၈ ၏ အနှစ်သာရမှာ ရုန်းရင်းဆန်ခတ်မှုတွင် သေ စေလောက်သောလက်နက်စွဲကိုင်မှုအတွက် ပြစ်ဒဏ်ဖြစ်ပြီး ထိုလက်နက်ကိုစွဲကိုင်ခြင်းမရှိပါက ပုဒ်မ ၁၄၇ နှင့် အကျုံး ဝင်မည်။ရဲအရေးပိုင်သည်ပုဒ်မ ၁၄၈  မှာ  ရဲအရေးပိုင်သည်။ ဦးစွာ ဝရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်သည်။

အာမခံပေးရမည်။ ကျေအေးခွင့်မရှိ။ ခရိုင်တရားရုံးကဖြစ်စေ၊   ပထမတန်းအာဏာရ တရား သူကြီး   သို့မဟုတ် ဒုတိယတန်းအာဏာရတရားသူကြီးကဖြစ်စေ  စစ်ဆေးစီရင်နိုင်သည်။    (ရာဇ ဝတ် ကျင့်ထုံးဥပဒေကို   ပြင်ဆင်သည့်ဥပဒေအမှတ်   ၁၆/၂ဝ၁၆)။ ရုန်းရင်း ဆန်ခတ်မှု လက်စွဲ တရားဥပဒေရေး၊     ငြိမ်ဝပ်ပိပြားရေးတာဝန်ထမ်းဆောင်သူများအတွက် လိုအပ် သဖြင့် '' ရုန်း ရင်း ဆန်ခတ်မှုလက်စွဲဥပဒေ''ကို ပြည်ထဲရေးဝန်ကြီးဌာန   အတွင်းဝန်ချုပ် ဦးခင်မောင်ဖြူ  လက်မှတ်ရေးထိုးလျက် ၁၉၅၆ ခုနှစ် ဇွန် ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ဖူးပါ သည်။

''လျှို့ဝှက်စာတမ်း''အဖြစ် အစိုးရအရာရှိများသာအသုံးပြုရသော လက်စွဲဥပဒေဖြစ်ပေသည်။ ခေတ် အဆက်ဆက်ပြင်ဆင်ချက်များဖြင့် ပြုစုကာသုံးစွဲလျက်ရှိပါသည်။

(၁) ရာဇဝတ်တရားသူကြီးများနှင့် ရဲအရာရှိများ၏ တာဝန်ဝတ္တရားများနှင့်အာဏာများ။

(၂) လူ့ကိုယ်နှင့်ပစ္စည်းများကို ကာကွယ်ခုခံခြင်း။

(၃) အစုအဝေးများကိုလူစုခွဲခြင်း။

(၄)     တားဆီးနိုင်ခွင့်အာဏာများနှင့် ဖမ်းဆီးနိုင်ခွင့်အာဏာများ။

(၅)     အရပ်ရပ်လိုက်နာသတိပြုရန်    အချို့အဓိကအချက်များ။နောက်ဆက်တွဲ

၁။      အစုအဝေးများကို မြို့ပြဆိုင်ရာအင်အားဖြင့် လူစုခွဲခြင်း။

၂။      ရုန်းရင်းဆန်ခတ်မှု စီမံကိန်းများ ရေးဆွဲခြင်း။ပုံစံများရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ  ၁၄၄  အရ နမူနာပုံစံများပါဝင်ပါသည်။ ရှားပါးစာအုပ်စာတမ်းဖြစ်၍ ခေတ်အဆက်ဆက်အတွေ့ အကြုံ များ၊ နမူနာများကိုသင်ခန်းစာယူလျက် ယနေ့လက်တွေ့ဘဝတွင် ရည်ညွှန်းကိုးကား သုံးစွဲနိုင် ပါသည်။

ဥပဒေနှင့်ဆန့်ကျင်သော''ဥပဒေနှင့်ဆန့်ကျင်သော''  ဟူသော စာလုံးမှာအဓိကကျလှပါသည်။ ဥပဒေနှင့်မညီပါ။ ဥပဒေနှင့်ဆန့်ကျင်နေပါသည်။ ထိုစာသားအဓိပ္ပာယ်ကပင်လျှင် ဥပဒေနှင့် ဆန့်ကျင် သော ရုန်းရင်းဆန်ခတ်မှုတွင်ပါဝင်ရန် သင့်၊ မသင့်စဉ်းစားသင့်ပါသည်။ ရှောင်သင့် သည် ကိုရှောင်ဖို့ သတိပေးသည့်သဘောဖြစ်ပါသည်။ ပတ်ဝန်း ကျင်ကို အမြဲလေ့ လာ သင့် ပါသည်။

ဥပဒေနှင့်ဆန့်ကျင်သောအစုအဝေးတွင် ပါဝင်သူတစ်ဦးဦးက သင့်အား ၎င်းနှင့်အတူပါဝင်ရန် စည်းရုံး နိုင်ပါသည်။  ပါဝင်သင့်၊ မသင့် သင်စဉ်းစားသင့်ပါသည်။ တူသောရည်ရွယ်ချက် သင့်မှာရှိ ပါသလား။ မိမိကိုယ်မိမိ ပြန်မေးသင့်ပါသည်။

အကျုံးဝင်အနိုင်အထက်ပြုရာတွင်ပါဝင်မည်လား။ သောင်းကျန်းမည်လား။ ထိုအခါ ဥပဒေ ပြဋ္ဌာန်း ချက်ဥပဒေအင်္ဂါရပ်၊ တားမြစ်ချက်ထဲမှာ သင်ပါဝင်သွားပါမည်။ ရုန်းရင်းဆန်ခတ် မှု၏အ ဓိပ္ပာယ် တွင် အကျုံးဝင်သွားပါလိမ့်မည်။

သေစေလောက်သောလက်နက်ကိုရော စွဲကိုင်ဦးမည်လား။ ငြိစွန်းလျှင် ထောင်ဒဏ် တိုးမြင့် သွား ပေလိမ့်မည်။ လက်ရောက်မှုကျူးလွန်မည်လား။ ရမ်းကားလိုသောသဘော ထပ်တိုးပါ သေး သလား။  မိမိ၏အပြုအမူ၊ အလုပ်အကိုင်    ဆောင်ရွက်ချက်များက ဥပဒေပြဋ္ဌာန်းချက် နှင့် ငြိ တွယ်ခြင်းရှိ၊ မရှိစဉ်းစားနိုင်ပါပြီ။ သုံးသပ်နိုင်ပါပြီ။နိဂုံးအကြံပြုချက်

၁။      ဘာရည်ရွယ်ချက်နှင့်ဥပဒေကပြဋ္ဌာန်းထားပါသလဲ။ ဖတ်ကြည့်ရုံဖြင့် နားလည်ပါမည်။

၂။      ဥပဒေကိုလိုက်နာမည်လား။ ဖောက်ဖျက်မည်လား။ နိုင်ငံသားပီသသူတိုင်း သိနား လည် မှာပါ။

၃။      ဘယ်သူမပြုမိမိမှုဟုဆိုထားပါသည်။

၎။      တရားဥပဒေဘောင်အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာဟု ဆောင် ပုဒ်နှင့် အညီ သုံးသပ်နေထိုင်သင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။   

Read 526 times
Rate this item
(0 votes)
Last modified on Thursday, 14 September 2017 08:53