SJ WorldNews - шаблон joomla Авто

ဘင်္ဂါလီ ခိုးဝင်ပြဿနာနှင့် သမိုင်းဝင် စာရွက် စာတမ်း အထောက် အထားများ

Thursday, 28 September 2017 11:39 Written by  font size decrease font size decrease font size increase font size increase font size


ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာနှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် တချို့သော နိုင်ငံတကာ အဖွဲ့အစည်း များက မြန်မာ ပြည်သူတို့၏ အောက်ပါရပ်တည်ချက်များ အပေါ် လုံးလုံး လျားလျား ငြင်းပယ်ခြင်း၊ အရေးမကြီး သယောင် ဘေးဖယ်ထားခြင်း နှင့်

မဖော်ပြဘဲ ဖုံးကွယ် ချန်လှပ်ထားခြင်း စသည့်နည်းလမ်းများဖြင့် သေးသိမ်မှေးမှိန် ၍ ပျောက်ကွယ်သွားအောင် ပြုလုပ်ထားကြ သည်။ ယင်းတို့မှာ- ရိုဟင်ဂျာလူမျိုး ဟူသော အမည် မှာ ဗြိတိ သျှကိုလိုနီကာလတစ်လျှောက်လုံး တရားဝင် စာရွက်စာတမ်းများတွင် လုံးဝမပါရှိသော အမည်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ပိုင်း နိုင်ငံရေးအရ လူမျိုးသစ်တစ်ခုအဖြစ် ဖန်တီးရန် တီထွင်လာခဲ့သော အမည်တစ်ခု ဖြစ်သည်။ ထိုအသိုက်အ၀န်းကို ဗြိတိသျှတို့ က စစ်တကောင်းသားများ Chittagonian ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
မြန်မာနိုင်ငံ၌ တောင်အာရှဒေသမှ ၀င်ရောက်လာသူများနှင့်ပတ်သက်၍ ပန်ဂျပ် ဒေသမှလာလျှင် ပန်ချာပီ၊ မဒရပ်မြို့မှလာ လျှင် မဒရာစီ၊ တမီလ်နာဒူးမှလာလျှင် တမီလ်၊ နီပေါမှလာလျှင် နေပါလီ၊ ပူရ်နေး မှလာလျှင် ပုဏ္ဏားဟူ၍ ခေါ်ဝေါ်ကြသည်။
ထို့အတူ ဘင်္ဂလားဒေသမှ လာသူများကို လည်း ဘင်္ဂါလီဟု ခေါ်ခဲ့ကြသည်။ ဘင်္ဂါလီ ဆိုသည်မှာ အိန္ဒိယတိုက်နယ်အရှေ့ပိုင်း ရှိ ဘင်္ဂလားဒေသတစ်ခုလုံး၌ နေထိုင်သူများ ဖြစ်ကြပြီး အရှေ့ဘင်္ဂလား၌ မွတ်စလင် ဘင်္ဂါလီများ၊ အနောက်ဘင်္ဂလား၌ ဟိန္ဒူဘင်္ဂါလီများဟူ၍ လူမျိုးတူ၊ ဘာသာ ကွဲ အုပ်စုနှစ်ခုရှိသည်။ နောင်တွင် အနောက် ဘင်္ဂလားသည် အိန္ဒိယသမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သွားပြီး အရှေ့ဘင်္ဂလား မှ အရှေ့ပါကစ္စတန်၊ ယင်းမှ ဘင်္ဂလားဒေ့ရှ် ဟူ၍ ဖြစ်လာသည်။ ထို့ကြောင့် ဘင်္ဂါလီဟု ခေါ်ခြင်းမှာ အရှေ့နှင့် အနောက်နှစ်ခုပေါင်း ဘင်္ဂလားဒေသမှ လာသူများကိုသာ ဆိုလို သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား(ဘင်္ဂလားဒေ့ ရှီ)များကို ဆိုလိုခြင်းမဟုတ်။ စစ်တကောင်း သည် ဘင်္ဂလားဒေသ အ ရှေ့ တောင် စွန်း၌ တည်ရှိ၍ ယင်းဒေသမှ လာသူများကိုလည်း ဘင်္ဂါလီ သို့မဟုတ် စစ်တကောင်း ဘင်္ဂါလီ ဟု ခေါ်ခဲ့ကြသည်။
စစ်တကောင်းဒေသမှ ဘင်္ဂါလီများသည် ကိုလိုနီကာလအတွင်းက လူဦးရေနည်းပါး ၍ မြေဆီ သြဇာ ကောင်း မွန်သော ရခိုင်ဒေသသို့ လုပ်အားခချိုသာသော အလုပ်သမား များအဖြစ် အလုံးအရင်းဖြင့် ၀င်ရောက်ခဲ့ ကြသည်။ နယ်မြေနီးစပ်သော ဘူးသီး တောင်နှင့် မောင်တောဒေသ၌ လူများစု ဖြစ်လာပြီး ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဂျပန်အ၀င် အင်္ဂလိပ်အဆုတ်ကာလတွင်ကြီးမားသော လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ဘူးသီးတောင်နှင့် မောင် တောဒေသ၌ ရခိုင်ရွာအများစု လုံးဝ ဖျက်ဆီးခံခဲ့ရသည်။ စစ်ကြီးပြီးသောအခါ ယင်းဒေသသို့ အင်္ဂလိပ်တပ်များနှင့်အတူ ဘင်္ဂါလီများ ပြန်လည်ဝင်ရောက်အခြေချကာ လွှမ်းမိုးထားခဲ့သည်။ အရှေ့ပါကစ္စတန် နိုင်ငံသစ်အတွင်းသို့ ဘူးသီးတောင်နှင့်မောင်တောဒေသတို့အား ထည့်သွင်းပူးပေါင်း ရန် လက်နက်ကိုင်မူဂျာဟစ်လှုပ်ရှားမှု ကို မြန်မာ နိုင် ငံလွတ် လပ် ရေး မရမီကပင် စတင်လုပ်ဆောင်၍ ပုန်ကန်ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက် ကိုလိုနီခေတ် အတွင်း ၀င်ရောက် အခြေချနေထိုင်ခဲ့သူ အားလုံးကို မြန်မာနိုင်ငံ သားအဖြစ် ဆက်လက် နေထိုင်လိုပါက နိုင်ငံသားအဖြစ် ရွေးချယ် ခံယူခွင့်ပြုခဲ့သည်။ သို့သော် ထိုကာလ နောက်ပိုင်းတွင် တရားမ၀င်ခိုးဝင်လာသူ များကို လူဝင်မှုကြီးကြပ်ရေး ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်ရန်သာ ဖြစ်တော့သည်။ အရှေ့ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ်ရောက်ရှိခဲ့ချိန်များတွင် ယင်း ဒေသမှ စစ်တကောင်းဘင်္ဂါလီအများအပြား သည် သဘာဝဘေးနှင့်စစ်ဘေးတို့ကြောင့် မြန်မာနိုင်ငံ ရခိုင်ဒေသ အတွင်းသို့ထွက် ပြေး ခိုးဝင်လာမှုများရှိခဲ့သည်။ ၁၉၇၁ ခုနှစ် တွင် စစ်ဘေးကြောင့် ၀င်ရောက် လာသူများ ကို နှစ်နိုင်ငံအစီအစဉ်ဖြင့် ပြန်ပို့ခဲ့သော် လည်း အများအပြားမှာ မျိုးနွယ်တူ၊ ဘာသာ တူလူ့အဖွဲ့အစည်းအတွင်း ရောနှော ၍ နေထိုင်ကျန်ရစ်ခဲ့ကြသည်။ ယင်းတို့ကို ခွဲခြားစိစစ်ရန် မြန်မာနိုင်ငံ အစိုးရက ကြိုးပမ်း သောအခါ အစစ်ဆေးမခံလိုသူများ နယ်စပ် တစ်ဖက်သို့ အလုံးအရင်းဖြင့် ထွက်ပြေး ခဲ့ကြရာမှ ပြဿနာဖြစ်ခဲ့ပြီး နိုင်ငံတကာ ဖိအားကြောင့် ပြန်လည်လက်ခံခဲ့ရသည်။
၁၉၉၁ ခုနှစ်တွင် စွမ်းအားပြင်းထန်သော စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တ ကောင်းဒေသ၌ လူသိန်းချီသေဆုံးပြီး မြန်မာ နိုင်ငံဘက်သို့ ဘင်္ဂါလီအများအပြားပြေးဝင် လာခဲ့ကြပြန်သည်။ (နိုင်ငံတကာ ဒုက္ခသည် ကွန်ဗင်းရှင်းအရ သဘာဝဘေးခံစားရ၍ တခြားနိုင်ငံသို့ ပြေးဝင်လာသူများကို ဒုက္ခသည်ဟု သတ်မှတ်ခံရခြင်းမရှိပါ) ထို့ ကြောင့် ၀င်ရောက်လာသူများ ပြန်လည်ပို့ ဆောင်ရန် စစ်ဆေးသောအခါ နောက်တစ် ကြိမ် တစ်ဖက်သို့ ပြေးကြပြန်သည်။ တစ် ဖက်နိုင်ငံကလည်း ၎င်းင်းတို့၏ နိုင်ငံသား များမဟုတ်ဟုဆိုကာ လက်ခံရန် ငြင်းဆို ခဲ့သည်။ ဤသို့ဖြင့် နောက်တစ်ကြိမ် ပြဿနာ ဖြစ်ရပြန်သည်။ နိုင်ငံတကာဖိအားကြောင့် နောက်တစ်ကြိမ် လက်ခံခဲ့ရပြန်သည်။ ယခု တစ်ကြိမ်တွင် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘော တူညီချက်ဖြင့် မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ ကြောင်း အထောက်အထားပြနိုင်မှသာ စိစစ်လက် ခံခဲ့ သည်။
အဓိကပြဿနာမှာ အနောက်မီဒီယာ များက မြန်မာနိုင်ငံအစိုးရသည် ဘင်္ဂါလီ အားလုံးကို ခိုးဝင်လာသူများဟု သတ်မှတ် ထားကြောင်း မမှန်မကန်ပြောဆိုကာ ဇာတ် နာအောင် လုပ်ကြံဖန်တီးထားခြင်းဖြစ် သည်။ ထို့ပြင် ယင်းဘင်္ဂါလီများသည် ဘိုး စဉ်ဘောင်ဆက် နှစ်ပေါင်း ရာနှ င့်ချီကာ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ကြသူများဖြစ်သော်လည်း နိုင်ငံသားဖြစ်ခွင့်မှ ငြင်းပယ်ထား ခြင်းခံနေရသည်ဟု စွပ်စွဲလေ့ရှိသည်။ ယင်းမှာ အမှားနှင့်အမှန်ကို ရောထွေး၍ အများ အမြင်တွင် မြန်မာနိုင်ငံကို တစ်ဖက်သတ် တရားခံဖြစ်အောင် အကွက်ချလုပ်ကြံခြင်း ဖြစ်သည်။ အဖြစ်မှန်မှာ မြန်မာနိုင်ငံအစိုးရ သည် ကိုလိုနီခေတ် က နေထိုင်ခဲ့ကြသူများကို နိုင်ငံသား ခံယူခွင့်ပြုထားပြီးဖြစ်သည်။ နောက် ပိုင်းမှ ခိုးဝင်လာသူများကို နိုင်ငံသားဖြစ် ခွင့်မပြုနိုင်ပါ။ ထိုသို့ ခိုးဝင်လာသမျှ ခွင့်ပြု လိုက်ပါက လူဦးရေအများဆုံး ကမ္ဘာ့ထိပ် တန်းနိုင်ငံ နံပါတ်(၁)၊ နံပါတ်(၂)နှင့် နံပါတ် (၈)တို့ကြား ရပ်တည်နေရသော မြန်မာ နိုင်ငံသည် နှစ်အနည်းငယ်အတွင်း လူမျို၍ လူမျိုးရော နိုင်ငံပါ ပျောက်သွားလိမ့်မည်။ ယင်းမှာ ကိုလိုနီထက် မြန်မာကပိုဆိုးသော အခြေအနေဖြစ်သည်။ ထို့ကြောင့် နိုင်ငံသား ဥပဒေကို တင်းတင်း ကျပ် ကျပ် ချ မှတ်ထား ရခြင်းဖြစ်၏။
ဤတွင် အနောက်မီဒီယာများနှင့် အနောက်အုပ်စု၏အမြင်အရ ဘင်္ဂါလီမှန် သမျှ ခိုးဝင်မရှိ၊ နှစ်ပေါင်းရာနှင့်ချီ၍ နေထိုင် ခဲ့ကြသူများဖြစ်သည် ဟူသောအချက်ကို ခိုင်ခိုင်မာမာပြန်လည်ချေဖျက်ရန် လိုလာ သည်။ ယင်း အတွက် ထိုစဉ်က အနောက် နိုင်ငံများနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ တာဝန် ရှိသူများကိုယ်တိုင် မြန်မာနိုင်ငံ၌ ခိုးဝင် ဘင်္ဂါလီ အမြောက်အမြားရှိပါသည်ဟု ဖော်ပြ ထားသော စာရွက်စာတမ်းအထောက်အထား များရှိနေပါသည်။ ယင်းတို့ကို လူသိများနိုင် သမျှများအောင် လုပ်နိုင်မှသာ မျက်စိမှိတ် ၍ ခြေစုံကန်ငြင်းနေသူ များနှင့် မသိဟန် ဆောင်နေသူများကို မငြင်းနိုင်အောင် သတင်း အချက်အလက်အမှန်အကန်များဖြင့် လုပ် ဆောင်နိုင်ပါလိမ့်မည်။
ပထမဆုံး အထောက်အထားမှာ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး တဲရင့်စ် အိုဘရိုင်ယန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်သံအမတ်ကြီး က၀ါဂျာမိုဟာမက်ကိုင်ဇာ တို့ ၂၃-၁၂-၁၉၇၅ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမှုမှတ်တမ်းကို အထက်ဌာနသို့ တင်ပြ ထားသည့် အတွင်းရေးစာတစ်စောင်ဖြစ်သည်။ အဆိုပါစာတွင် ဘင်္ဂလားဒေ့ရှ်မြန်မာ ဆက်ဆံရေး နှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်သံအမတ်ကြီးက “ ရခိုင်ဒေသ၌ ဘင်္ဂလားဒေ့ရှ်မှ ကျူးကျော်ဝင်ရောက်လာ သူဦးရေ သန်းတစ်ဝက်(ငါးသိန်း)ခန့်အထိ ရှိပြီး မြန်မာဘက်မှ ယင်း တို့ကို နှင်ထုတ်ရန် အခွင့်အရေးရှိပါသည်”ဟု ၀န်ခံကြောင်း ပါရှိသည်။ သို့သော် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဒုက္ခရောက် နေသည့် ယခုလိုအချိန်တွင် (ထိုစဉ်က ဘင်္ဂလားဒေ့ရှ်၌ ၀န်ကြီးချုပ် ရှိတ်မူဂျီဘူ ရာမန်လုပ်ကြံခံခဲ့ရပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားပြီး ကာလဖြစ်သည်) ဘင်္ဂလားဒေ့ရှ် ကို ဤကိစ္စနှင့်ပတ်သက်၍ ဖိအားမပေး သင့်ကြောင်းနှင့် မိမိတို့နိုင်ငံ ကံဆိုးမိုးမှောင် ကျနေစဉ် ဤကိစ္စအပေါ် မြန်မာဘက်က အခွင့်ကောင်းယူ အမြတ်မထုတ်သည့် အတွက် ၀မ်းသာမိကြောင်း ၎င်းင်းကပြော ကြားခဲ့သည် ဟုဆိုသည်။
အဆိုပါစာကို အပြည့်အစုံဖတ်ရှုနိုင်ရန် ရရှိထားသော ဓာတ်ပုံမိတ္တူကိုပူးတွဲ၍ တင် ပြလိုက်ပါသည်။ ထိုစာကို ဖတ်ပြီးနောက် လိုအပ်သည်မှာ ယင်းဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက တိုင်ထားသည့် ကျူးဝင်သူ ဦးရေ ငါးသိန်းဆိုသည်မှာ ယခုအခါ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်ရာ လူဦးရေတိုးနှုန်းနှင့် တွက်ဆပါက ယင်းတို့မှ ပေါက်ဖွားလာသူ ရခိုင်ဒေသ၌ မည်မျှရှိနိုင်ပါပြီနည်း။ ယင်း ပုစ္ဆာကို လူဦးရေသင်္ချာကျွမ်းကျင်သူများ ကသာ နီးစပ်စွာ အဖြေထုတ်နိုင်ကြဖွယ ရှိပါမည်။ ဆက်လက်၍ ရှာဖွေရရှိသော စာရွက်စာတမ်း အထောက် အထား များဖြင့် ယင်းခိုးဝင်ပြဿနာကို ဖော်ထုတ်တင်ပြ ပါဦးမည်။ လေ့လာသူများ၊ သုတေသီများ နှင့် အမှန် တရား လိုလားသူများ ဆက် လက်လေ့လာနိုင်ပါစေကြောင်း ဆန္ဒပြု အပ်ပါသည်။ ။

ကိုကိုလှိုင်

Read 533 times
Rate this item
(0 votes)
Last modified on Thursday, 28 September 2017 12:33