SJ WorldNews - шаблон joomla Авто

HIV ပိုးအန္တရာယ် အကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ

Monday, 25 November 2019 12:19 Written by  font size decrease font size decrease font size increase font size increase font size

HIV  ပိုးအနရာယ် အကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ

ယနေ့ကမာပေါ်တွင် HIV ရောဂါပိုး ကူးစက်ခံရသူများ၏ ထက်ဝက်ခန့်သည် လူငယ်များဖြစ်နေကြသည်။   လူငယ် ဆိုသည် မှာ အနာဂတ်အတွက် အင်အား ဖြစ်သလို အနာဂတ်၏သမိုင်းကိုဖန်တီးသူများလည်းဖြစ်ကြသည်။ ထိုအနာ ဂတ်ကြီး သာယာလှပနေစေရန်အတွက် HIV ဆိုင်ရာ  ကာကွယ်တားဆီးရေး လှုပ်ရှားမှုများကို  အဓိက ဦးစီးဦးဆောင် ရမှာလည်း လူငယ့် တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့်မိမိနှင့်တကွ မိမိပတ်ဝန်းကျင်မှာ HIV ပိုးကူးစက်ခံရ ခြင်းမရှိလေ အောင် အသိသတိဖြင့် ဆင်ခြင် နေထိုင်တတ်ဖို့လိုသည်။

HIV နှင့်မြန်မာပြည်

လွန်ခဲ့သော ၂၀၁၃ ခုနှစ်အတွင်း ကောက်ယူရရှိသော စစ်တမ်းများအရကျန်းမာရေးအသိပညာအားနည်းမှုကြောင့်  HIV ပိုးကူး စက်မှုနှုန်းသည် တစ်နေ့လျှင် အနည်းဆုံး ၂၃ ဦးခန့် ကူးစက်ခံနေရပြီ ဖြစ်ကြောင်း Myanmar Positive Group (MPG)၏ ထုတ်ပြန် ကြေညာချက်အရ သိရှိရသည်။ သို့သော်  ၂၀၁၈  ခုနှစ်နှစ်ဦးပိုင်းမှစ၍ မြန်မာနိုင်ငံတွင် ယခင် နှစ်များထက် AIDS ရောဂါဖြစ်ပွားသူဦးရေ   သိသိသာသာ လျော့ကျလာပြီဖြစ်ကြောင်း စစ်တမ်းများအရ ၀မ်းမြောက် ဖွယ် သိရှိရသည်။

HIV ပိုး

Human Immunodeficiency Virus မကျ ဟုခေါ်သော HIV သည် လူ့ခနာကိုယ်မှ ခုခံစွမ်းအားကို ကျဆင်းစေသော ဗိုင်းရပ် ရောဂါပိုးတစ်မျိုးဖြစ်သည်။ တစ်နည်းအား ဖြင့်ဆိုသော် ကိုယ်ခံအားစနစ်ကိုတိုက်ဖျက် ပစ်သော ရောဂါပိုးဟု ခေါ်သည်။ ၎င်းပိုး ကူးစက်ခံ ရသောအခါ ခနာကိုယ်အတွင်းရှိ သွေးဖြူဥ ဆဲလ်များကို ဖျက်ဆီးပစ်လိုက်သည်။

HIV ပိုးကူးစက်ခံထားရသော်လည်း သာမန် လူတစ်ယောက်ကဲ့သို့ သွားလာလှုပ်ရှားနိုင်သဖြင့် မိမိကိုယ်ကို ကူးစက်ခံ နေရသည်ကို ပင်မသိရှိနိုင်ကြပေ။ ထိုသွေးဖြူဥဆဲလ်များ ပျက်စီးသွားပါက  ပြင်ပမှဝင်လာသော ရောဂါပိုးများကို ခုခံနိုင် စွမ်းအားမရှိတော့ပေ။ ထိုသို့ ခုခံစွမ်းအားဖျက်ဆီးခံရခြင်းကို ခုခံအားကျဆင်းရောဂါ AIDS (Acquired Immune Deficiency Syndrome) ဟု ခေါ်သည်။ တစ်နည်းအားဖြင့် ဆိုသော် AIDS ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ်  ပျက်စီး သွားခြင်းကြောင့် ကိုယ်တွင်းခုခံအား စနစ် ကျဆင်းလာသည့် ရောဂါဖြစ်သည်။

HIV ပိုးရှိ/မရှိ စစ်ဆေးနည်း

ရောဂါပိုးရှိသူသည် စဦးကာလများတွင် သာမန်လူများကဲ့သို့ပင် ကျန်းမာသန်စွမ်း နေနိုင်၍ အပြင်ပန်းအားဖြင့် မသိနိုင် ပေ။ ရောဂါပိုး ရှိ၊ မရှိကို သွေးစစ် ကြည့်မှသာ သိနိုင်သည်။  သွေးစစ်ကြည့်ခြင်းဖြင့် သွေးထဲမှာ CD4 ခေါ် ပဋိဇီဝ ပစည်းများ တွေ့ရှိရပါက HIV ပိုးကူးစက်ခံနေရပြီ ဖြစ်သည်။ HIV ပိုးဝင်ပြီး  အင်တီဘော်တီ လုံလုံလောက်လောက် တက်ဖို့  အချိန် သုံးလကြာသည့်အတွက်  ပထမအကြိမ် သွေးစစ်ပြီး HIV ပိုးမရှိသော်လည်း နောက်သုံးလအကြာမှာ ထပ်မံ သွေးစစ်ဖို့ လိုအပ်သည်။

HIV ပိုး ကူးစက်နိုင်မည့်နည်းလမ်းများ

HIV ပိုးကို သွေး၊ သုက်၊ နို့ရည်ကဲ့သို့ သော ကိုယ်ခနာမှထွက်ရှိသည့် အရည်များမှာ တွေ့ရှိနိုင်သည်။

(က) HIV ရောဂါပိုးရှိသူတစ်ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။

(ခ) ရောဂါပိုးရှိသူ၏ သွေးကိုသွင်းမိခြင်း။

(ဂ) ဥပမာ- ဘလိတ်ဓား၊ ဆေးထိုးအပ်၊ နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ မုတ်ဆိတ်မွေးရိတ်ခြင်းစသည်ဖြင့် ချွန်ထက် စူးရှတတ်သော   အသုံးအဆောင်များကို ရောဂါပိုးရှိသူနှင့် အတူတကွမျှဝေသုံးစွဲ ခြင်း။

(ဃ) ကိုယ်ဝန်ဆောင်မိခင်မှ သနေသားသို့ ကူးစက်ခြင်း။

(င) ရောဂါပိုးရှိသော မိခင်မှတစ်ဆင့် ကလေးထံသို့ သားဖွားစဉ်  သို့မဟုတ်ကလေးကို နို့ရည်တိုက်ကျွေးခြင်းစသည် တို့ကြောင့် ကူးစက်နိုင်သည်။

သို့သော် HIV ပိုးသည် ခြင်၊ ကြမ်းပိုး ကိုက်ခြင်းမှတစ်ဆင့်  မကူးစက်နိုင်ပေ။   နှာချေခြင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့် မကူး စက်နိုင်ပေ။ HIV ရောဂါပိုးသည် လေထဲမှတစ်ဆင့် မပြန့်ပွားနိုင်သဖြင့် တစ်ခန်းတည်း အတူနေ၊ အတူသွား၊  တူအလုပ်လုပ်၊  တယ်လီဖုန်း အတူသုံး၊ ကားအတူစီးခြင်း စသည်များမှတစ်ဆင့် လုံးဝမကူးစက်နိုင်ပေ။

AIDS ရောဂါလကဏာများ ကြာရှည်ဖျားခြင်း၊  ကိုယ်အလေးချိန် သိသိသာသာ လျော့ခြင်း၊  မကြာခဏ ၀မ်းပျက်ခြင်း၊ အကျိတ် ရောင်ခြင်း၊ ရေယုန် ပေါက်ခြင်း၊ ပါးစပ်အတွင်း မှကရုပေါက်ခြင်းစသည် တို့သည် ဗှီု ရောဂါလက်္ခဏာများ ဖြစ်ကြသည်။

HIV ရောဂါပိုးမှ ရှောင်ရှားနည်း

ထိုရောဂါပိုးသည် အကောင်းပကတိ အရေပြားကို  ဖောက်ထွင်းနိုင်ခြင်းမရှိသော်ငြား ဒွာရပေါက်များရှိ အမြှေးပါးမှ တစ်ဆင့် စိမ့်ဝင်နိုင်သည်။ ထို့ကြောင့် HIV ပိုး ကူးစက်မခံရအောင် အောက်ပါအတိုင်း ရှောင်ရှားသင့်သည်။

-အပျော်အပါးလိုက်စားမှုကို ရှောင်ကြဉ်ပါ။

-တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။

-မူးယစ်ဆေးဝါးသုံးစွဲမှုမှ ရှောင်ကြဉ်ပါ။

-ဆေးထိုးအပ်၊     ဆေးထိုးပြွန်တို့ကို တစ်ခါသုံး သို့မဟုတ် စနစ်တကျပိုးသတ် ပြီးမှသုံးပါ။

-သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်တံ တို့ကို မျှဝေမသုံးစွဲရ။

-မိမိတွင်သွေးသွင်းခံဖို့လိုအပ်ပါက လက်ခံ    မည့်သွေးထဲတွင် HIV ပိုးမရှိကြောင်သေချာ စစ်ဆေးပါ။

-ကိုယ်ဝန်ဆောင်မိခင်များ HIV ပိုးရှိကြောင်းသိရှိပါက လျင်မြန်စောစီးစွာ ဆေးကုသမှုခံယူပါ။ သားဖွားပြီးနောက် ကလေး ကို မိခင်နို့ရည်မတိုက်ဘဲ အထူး ဖော်စပ်ထားသော နို့မှုန့်များကိုသာ တိုက်ကျွေးပါ။

HIV ပိုးရှိပြီးသူများ သတိပြုလိုက်နာရန်

HIV ပိုးရှိသူတစ်ယောက်သည် မိမိမှာ  ပိုးရှိကြောင်းသိရှိပါက ရောဂါပိုးထပ်မံဖြစ်ပွားမှု မရှိစေရန် အထူးသတိထား သင့် သည်။ HIV ပိုးရှိရုံဖြင့်  AIDS ရောဂါ မဖြစ်နိုင်ပေ။ ART ဆေးမှန်မှန်သောက်ပါ။

သန့်ရှင်းသောဆေးထိုးအပ်နှင့် တစ်ခါသုံး အပ်များသာအသုံးပြုခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ခြင်းတို့ဖြင့်    လူ့ဘ၀ သက်တမ်းစေ့နေထိုင်နိုင်သည်။

HIV ဝေဒနာရှင်များ ၀မ်းမြောက်ဖွယ်

နောက်ဆုံးပေါ်  HIV ဆေးကုထုံး စမ်းသပ်မှုခံယူနေသည့်  HIV ဝေဒနာရှင် လူငယ်များသည် ကုထုံးတိုးတက်လာမှု ကြောင့် သက်တမ်း ပိုရှည်လာကာ လူ့သက် တမ်းစေ့နီးပါး နေနိုင်ကြတော့မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိမှု အသစ်ကို  The Lancer ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြ ထားသည်။ ဥရောပနှင့်မြောက်အမေရိကတွင်HIV ဆေးကုထုံးသစ် ကို HIV ဗိုင်းရပ် ကူးစက်ခံရသူဦးရေ   ကိုးသောင်းအား သုတေသနပြု စမ်းသပ်ခဲ့ရာ ၎င်းသုတေသန ပြုရာမှရရှိလာသည့် အချက်အလက်များကို  အခြေခံကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဆရာဝန်များ၏ပြောကြားချက်အရ  HIV ဗိုင်းရပ်ကူးစက်ခံရပါက စောစီးစွာဆေးကုသမှုခံယူခြင်းသည် အသက်ရှည်ပြီး ကျန်းမာ ပျော်ရွှင်သည့် လူ့ဘ၀ရရှိရန် အရေးအပါ ဆုံးသောအချက်ပင်ဖြစ်ကြောင်း  သိရသည်။

HIV/AIDS ဝေဒနာရှင်များအတွက် ဆောင်ရန်/ရှောင်ရန် အစားအစာလေးများ

-ထမင်းအပါအ၀င် ကိုယ်ခံအားတက်စေရန် အတွက် အာဟာရဖြစ်စေမည့်အစာတွေ များများစားပေးပါ။

-သန့်ရှင်း လတ်ဆတ်သော   ဟင်းသီး ဟင်းရွက်နှင့်သစ်သီးဝလံတွေကို ယခင်ထက်ပို၍စားပါ။

-ငါးနှင့် ကြက်သား ပုံမှန်စားပေးပါ။

-သကြား၊ အချိုရည်အမျိုးမျိုးနှင့် အငန်တို့ကို သင့်တင့်ရုံသာမှီဝဲပါ။

-အာဟာရဗေဒသုတေသီများ၏ ဓာတ်ခွဲ စမ်းသပ်ချက်များအရ ကြက်ဟင်းခါးသီးသည် HIV ပိုးကို  တိုက်ထုတ်နိုင်စွမ်း ရှိကြောင်း လေ့လာသိရှိရသည်။

-ရှားစောင်းလက်ပပ်ပင်ထဲက  အနှစ်(ဂျယ်လီ)တွေကို ဇွန်းဖြင့်ခြစ်ယူပြီး သကြား နှင့်အစိမ်းလိုက် ဖျော်ရည် လုပ် သောက်ပါ။  ကိုယ်ခံအားမြင့်တက် စေရုံသာမက အသား အရေကိုလည်း စိုပြည်စေနိုင်သည်။

-ကြက်သွန်နီ ဥကြီးကြီးကို နံနက်၊ နေ့၊ ညတစ်ဥ နှုန်းစီဖြင့် စုစုပေါင်း တစ်နေ့လျှင် သုံးဥ တိတိစားပေးပါ။  တစ်လအတွင်း

မှာပင် AIDS ကြောင့် ၀မ်းသွားခြင်း၊ ခ္ဓာ ကိုယ်ပေါ်မှာ ယားနာပေါက်ခြင်း သို့မဟုတ် အနာဖြစ်ခြင်း စသည်ဖြင့် အားလုံး သက်သာပြီး ပျောက်ကင်း သွားပါလိမ့်မည်။ ထိုသို့ စားနေစဉ် ၃ - ၄ ရက်အတွင်းမှာပင် အရေပြား မွေးညင်းလေးများထဲမှ ရွစိရွစိ ပိုးလေး တွေထွက်လာသလို   ခံစားရစေကြောင်း တိုင်းရင်းဆေး ပညာရှင်တွေက  ဆိုထားသည်။ သို့သော် ဆက်၍ သောက်ပါ စိုးရိမ်စရာ မရှိနိုင်ပါ။

ဩဗှီု ဝေဒနာရှင်များ၏လျှာ၌ဖြစ်သော မှကရုနာများအတွက် လိမော်ခွံမှပေါင်းခံ၍ရရှိသော  လိမေ်္မ်ာဆီကို နားကျပ်သော ဂွမ်းစနှင့် တို့၍  သုတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်။

-ကျား၊ မ ဟော်မုန်းအားဆေးနှင့် HIV ဆေးများက စပျစ်သီး သို့မဟုတ် စပျစ်ဖျော်ရည်တွေနှင့်  ဓာတ်ဖောက်ပြန်ကာ လူကို အနရာယ်ဖြစ်စေနိုင်၍ ၎င်းဆေးဝါးများဖြင့် ကုသမှုခံယူနေစဉ်ကာလအတွင်း စပျစ်သီး မစားသုံးသင့်ကြောင်း American Health  Digest ခေါ် အမေရိကန် ကျန်းမာရေး အင်တာနက် သတင်းလွှာတွင်  ဖော်ပြသွားခဲ့ကြောင်း လေ့လာ မှတ်သားရသည်။ 

ဆောင်းပါးရှင်-ပေါက်ပေါက်

Read 128 times
Rate this item
(0 votes)
Last modified on Monday, 25 November 2019 12:23