SJ WorldNews - шаблон joomla Авто

မျက်နှာမှာ အပြုံး နှလုံးသားမှာ စေတနာ ပြည်သူ့အတွက် သူနာပြု ရတနာ

Tuesday, 31 December 2019 10:30 Written by  font size decrease font size decrease font size increase font size increase font size

မျက်နှာမှာ အပြုံး နှလုံးသားမှာ စေတနာ ပြည်သူ့အတွက် သူနာပြု ရတနာ

လူသားတိုင်း၏ တူညီသောဆန္ဒမှာ စိတ်ချမ်းသာရေးဖြစ်သည်။ စိတ်ချမ်းသာ ရေး၏ အဓိကလိုအပ်ချက်မှာ ကျန်းမာ ရေး ဖြစ်သည်။  ကျန်းမာရေးကောင်းမွန်မှ အလုပ် လုပ်နိုင်မည်။ အလုပ်လုပ်မှ အစား စားရမည်။  အစားစားနိုင်မှ  သက်ရှည် ကျန်းမာမည်။ ကျန်းမာရေးမကောင်းသူ အတွက် စိတ်ချမ်းသာမှုတို့ ဆိတ်သုဉ်းနေ မည်သာဖြစ်သည်။  အာရောဂျံ   ပရမံ လာဘံ(ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး)ဆိုထားသည့်အတိုင်း လူသားတို့ အတွက်    ဆုလာဘ် ကောင်းဝေငှရန်  တပ်မတော်သူနာပြုနှင့်  ဆေးဘက်ပညာတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာပညာသည် များကို မွေးထုတ်ပေးလိုက်ပြန်ပြီဖြစ်သည်။

ယခုမွေးထုတ်ပေးလိုက်သောသင်တန်းမှာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့သင်တန်းအမှတ်စဉ် (၁၇)နှင့် အမျိုးသမီး သူနာပြုနှင့်    ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄)တို့ဖြစ်သည်။  

တပ်မတော်သည် ''အမျိုးအစားပို၍ ကောင်းရမည်၊ ပြည်သူလူထုနှင့်တစ်ဆက် တည်းဖြစ်ရမည်''ဟူသော ရှေးရှုဆောင် ရွက်ရမည့် ရည်မှန်းချက်အတိုင်း ဆောင် ရွက်လျက်ရှိသည်။ တပ်မတော်သားတစ်ဦး ချင်းတွင်ရှိရမည့် ''စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံ မှု''ဟူသော အခြေခံအရည်အချင်းငါးပါး နှင့်အညီ ပြုမူနေထိုင်တတ်အောင်လည်း လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည်။ ပြည်သူ လူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁ဝ) ပါးနှင့်အညီ ပြည်သူလူထုနှင့် ဆက်ဆံရေး ကိုလည်း တိကျစွာသတ်မှတ်ထားပြီးဖြစ်သည်။ တပ်မတော်သည် အရာရာ တိုင်းတွင် ပြည်သူလူထု၏ အကျိုးစီးပွားကို   အစဉ် ဦးထိပ်ထားလျက်ရှိသည်။

ပြည်သူလူထုမှ   မွေးဖွားလာသော  တပ်မတော်သားတို့သည် မိဘပြည်သူလူထု များ၏ ကိုယ်စိတ်နှလုံး အမြဲရွှင်ပြုံး သာယာ ရေးကို   ရှေးရှုဆောင်ရွက်နေပါသည်။ ပြည်သူတွေ ကျန်းမာရေးအတွက် တပ်မ တော်ကလုပ်ဆောင် နေပါသည်။ ပြည်သူ တွေပျော်ရွှင်ရေးအတွက် တပ်မတော်က ဆောင်ရွက်နေပါသည်။   ပြည်သူတွေ သက်သာ ချောင်ချိရေး၊ ဈေးနှုန်းချိုသာစွာ စားသောက်နိုင်ရေးအတွက် တပ်မတော် က  ကူညီနေပါသည်။   တပ်မတော်၏ အဓိက တာဝန်ဖြစ်သော  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေး၊    အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ပန်ဆင်လျက် ကာကွယ် ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့်အတူ ပြည်သူ့အကျိုးပြု  လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက် တပ်မတော် သည် စစ်တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်၊ တပ်မတော် သူနာပြုနှင့်    ဆေးဘက်ပညာ တက္ကသိုလ်များဖွင့်လှစ်ပြီး လူငယ်မောင်မယ်များကို မွေးထုတ်ပေးလျက်ရှိသည်။ နိုင်ငံ  အတွက်ကျရာ ကဏ္ဍတွင် ဦးဆောင်ပါဝင် နိုင်ရေးအလို့ငှာ ကျောင်းသားလူငယ်ဘဝမှသည်  အထက်က ပေးအပ် သော အမိန့် နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သည့် တပ်မတော်သားများအဖြစ် ပြုစု မွေးထုတ် ပေးလျက်ရှိ သည်။  ''စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ''ဟူသော ဆေး တပ်ဖွဲ့၏ဆောင်ပုဒ်နှင့်အညီ မျက်နှာမှာ အပြုံး၊ နှလုံးသားမှာစေတနာ  ပြည်သူ့ အတွက်  သူနာပြု ရတနာများကိုလည်း မွေးထုတ်လျက်ရှိပါသည်။

သူနာပြုလုပ်ငန်းသည် အလွန်မွန်မြတ် သောလုပ်ငန်းတစ်ခုဖြစ်သည်။ မြတ်စွာ ဘုရားရှင်ကိုယ်တိုင်က သူနာပြု စုခြင်းကို သာဓုခေါ်တော်မူသည်။   သူတစ်ပါး၏ ကျန်းမာရေးအတွက်   ကိုယ်ရောစိတ်ပါ ပြုစုရခြင်းသည် ကုသိုလ် ကောင်းမှု တစ်ခု ဖြစ်သည်။ သူနာပြုများသည် အညစ် အကြေး၊ အသွေးအသားများနှင့်အနံ့ဆိုး များကို ဂရု မထားဘဲ   လူနာများ ရောဂါ ဝေဒနာသက်သာ ပျောက်ကင်းရေးကို ရှေးရှုလျက် ပြုစုယုယကြရသည်။ လူဆိုသည်မှာ တခြားသူ၏ အညစ်အကြေးကို မဆိုထားနှင့် မိမိ၏ချွေးနံ့ကိုပင် မိမိမနှစ်သက်တတ်  ကြသည်မှာ သဘာဝဖြစ်သည်။ သူများ၏ အညစ်အကြေးဆိုလျှင်ကား ပြောဖွယ်မရှိ တော့ပေ။  သာမန်စိတ်ထားနှင့်သူနာပြု လုပ်နိုင်ကြမည်မဟုတ်ပါ။ မြင့်မြတ်သည့် နှလုံးသားနှင့် အကြင်နာတရားပြည့်ဝသူ များသာ လုပ်နိုင်သည်။ လူတစ်ဦး၏ စိတ် ချမ်းသာရေး၊ ကျန်းမာရေးအတွက် သူနာပြု တို့သည်ကား မျက်နှာမှာအပြုံး နှလုံးသား မှာစေတနာနှင့် ပြည့်စုံကြရသည်။

တပ်မတော်သည် ထိုသို့သောစေတနာ အကြင်နာနှင့်ဘေးကင်းကွာစေမည့်နှလုံးသား ပိုင်ရှင်ဖြစ်လိုသူများအတွက် ၂ဝဝဝ ပြည့်နှစ်မှစ၍ သူနာပြုများကို မွေးထုတ်ပေးလျက်ရှိရာ ယခုဆိုလျှင် တပ်မတော်သူနာပြုနှင့်  ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၇)နှင့်အမျိုးသမီး သူနာပြုနှင့်    ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄) အထိရှိခဲ့ပြီဖြစ်သည်။ တပ်မတော်တွင် ''သမားဇာနည်  အောင်စစ်သည်များ'' မွေးထုတ်ပေးသည့်  တပ်မတော်ဆေး တက္က သိုလ် ဖွင့်လှစ်ပြီးနောက် ခရစ်သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် တပ်မတော် သူနာပြု တက္ကသိုလ်ကို   ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ၂ဝဝ၂ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် ''တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်''အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ''ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသား  တပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့်   သူနာပြု ဆေးဝါးကျွမ်းကျင်သူနှင့်ဆေးဘက်ပညာသည် စစ်သည်များကို လေ့ကျင့်မွေးထုတ် ပေးရန်'' ဟူ၍ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်မှစ၍ အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်သင်တန်းဆင်းသူနာပြုကျွမ်းကျင် စစ်သည်များ အနေဖြင့်  တပ်မတော် သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအား ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ ရောဂါ တားဆီး ကာကွယ်ရေး၊ ရောဂါနှိမ်နင်းရေး၊ ကျန်းမာရေးမြှင့်တင်ရေး၊ ပြန်လည်သန် စွမ်းရေးနှင့် ဆေးဝါး ထုတ်လုပ်ရေး စသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည်ဖြစ်သည်။ ''ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်'' ဆိုသည့်စကားနှင့် အညီ သူနာပြုတပ်ဖွဲ့ဝင်များသည် မိမိတို့တာဝန်ကျရာ ဆေးရုံ၊ ဆေးတပ်ဖွဲ့များတွင်သာမက စစ်မြေပြင်လက်တွေ့ ဆေးအကာအကွယ် ပေးရေးလုပ်ငန်းတာဝန်များကိုပါ ကျွမ်းကျင် စွာထမ်းဆောင်လျက်ရှိကြသည်။ ထို့ပြင် တိုင်းရင်း သား ပြည်သူ လူထုအား ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ခြင်း လုပ်ငန်းဖြစ်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့ များတွင်လည်း  သူနာပြုတပ်ဖွဲ့ဝင်များသည် ကျရာအခန်းကဏ္ဍတွင် တက်ကြွစွာ ပါဝင်ထမ်းဆောင်လျက်ရှိသည်။

သူနာပြုစုခြင်း၏ရည်ရွယ်ချက်သည်  ပိုမိုမြင့်မားသည့်  ကျန်းမာမှုဖြစ်စေရန်၊  တိုးတက်ကောင်းမွန်သည့် ကုသမှုဖြစ် စေရန် ရောဂါဘယများနှင့် မသန်စွမ်းသူများကို ကာကွယ်ရန်ဆိုသည့် သီးခြား ရည်ရွယ်ချက်များ ထားရှိဆောင်ရွက် ရခြင်းဖြစ်သည်။

ထိုသို့သူနာပြုနှင့် ဆေးဘက်ဆိုင်ရာအကူ အညီပေးရေးလုပ်ငန်းစဉ်မှာ တပ်မတော်၏ ကာကွယ်ရေးစွမ်းပကား  မြင့်မားရေးကို အထောက်အကူပြုနေသည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်ပေသည်။ တပ်မတော်ကို အဘက် ဘက်မှ စွမ်းရည်မြင့်မား အောင်ဆောင်ရွက် လျက်ရှိရာတွင် ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင် လေ့ကျင့်ပါဆိုသည့် အတိုင်း တပ်မတော်သားတို့၏ ကျန်းမာကြံ့ခိုင်မှု မြင့်မားစေရေးကို ဆောင်ရွက်လျက်ရှိသည်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်ခုအတွက်   မရှိ မဖြစ်လိုအပ်သောလူ့စွမ်းအားအရင်းအမြစ် ဖြစ်သည်။ တပ်မတော်သည် ပြည်သူ့အတွက် ဖြစ်သည်နှင့်အညီ ပြည်သူလူထု ကျန်းမာ ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးကွန်ရက်သဖွယ်   နယ်လှည့်ဆေးကုသရေးအဖွဲ့ များဖြင့် ဆောင်ရွက် ပေးလျက်ရှိသည်။

ကျန်းမာရေးဟောပြောခြင်း၊ ကုသခြင်းများ သည် ပြည်သူလူထုအတွက် တန်ဖိုးရှိသော လုပ်ဆောင်မှုဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်   ယနေ့အချိန်အခါကာလတွင် မသမာသော စီးပွားရေးလုပ်ငန်းများသည်  ကျန်းမာရေး ကဏ္ဍသို့ပင်  ကူးစက်လာနေ ပေပြီ။  ပြည်ပမှ   တရားမဝင်တင်သွင်း ရောင်းချနေသည့်  ဆေးဝါးအချို့သည် အမျိုးသား ကျန်းမာရေးကို အန္တရာယ်ပေး လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်များ တွင်တွေ့မြင်နေရသည်။ ထို့ကြောင့် နိုင်ငံတော်တွင် အနောက်တိုင်းဆေးဖြစ်စေ၊ တိုင်းရင်းဆေးဖြစ်စေ ဆေးဝါးဖော်စပ်မှုနှင့်  ဆေးဝါးအသုံးပြုမှုအတွက်  ကျွမ်းကျင်ပညာရှင်များ လိုအပ်နေမှုကို တပ်မတော်က တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေး နေခြင်းဖြစ်သည်။ ဆေးဘက်ဆိုင်ရာပညာ ရပ်များတွင် ကျွမ်းကျင် ပညာရှင်မရှိပါက အနာတခြား၊ဆေးတခြားဖြစ်ပြီး အချိန်ကုန်၊ ငွေကုန်မည့်အပြင် အသက်ပါကုန်ဆုံးမည် ဖြစ်ပေသည်။

သူနာပြုတစ်ဦးအနေဖြင့် ထားရှိသင့် သည့်စိတ်ဓာတ်သည် လွန်စွာအရေးကြီးပါကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၆)နှင့် အမျိုး သမီးသူနာပြုသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၃)သင်တန်း ဆင်း စစ်ရေးပြအခမ်းအနား တွင်ပြောကြားခဲ့သည်မှာ မှတ်သားလိုက်နာဖွယ်ဖြစ်သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အမှာစကားကို ကောက်နုတ် ဖော်ပြရလျှင် ''သူနာပြုလုပ်ငန်းဆိုသည်မှာ ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ မိမိတို့သည် ကရုဏာတရားကြီးမားပြီး ကြင်နာ တတ်သူ၊ ကိုယ်ကျိုး စွန့် အနစ် နာခံတတ်သူ၊  စေတနာထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ အပင်ပန်းအဆင်းရဲခံနိုင်သူ စသည့်အင်္ဂါ ရပ်များနှင့် ထူးထူးကဲကဲပြည့်စုံသူများဖြစ်အောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ သူနာပြု တစ်ယောက်၏အပြောအဆို အပြုအမူသည် စိတ်ဓာတ်ခွန်အားပေးနိုင်ပြီး ကုသမှုကို အလွန်ထိရောက်စေသည့်အတွက် မိမိတို့ အနေဖြင့်  တာဝန်ထမ်း ဆောင် ရာတွင် သူနာပြုစိတ်ဓာတ်အပြည့်ရှိရန် မှာကြားလိုကြောင်း၊ သူနာပြု စိတ်ဓာတ်ခိုင်မာရန် သူနာပြု စိတ်ဓာတ်၏  အခြေခံဖြစ်သည့် ''ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ''ဆိုသည့် နာငါးနာနှင့်ပြည့်ဝ နေရန် လိုကြောင်း၊ သူနာပြုစိတ်ဓာတ်၏ အဓိက ညွှန်းဆိုချက်မှာ လူနာ၏စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ခံစားမှုဆိုင်ရာ ကောင်းမွန် ရေးသာအဓိကဖြစ်သည့်အတွက် ကျန်းမာရေးချို့တဲ့သူများကို မိမိတို့၏ဆွေမျိုးရင်းချာ ကဲ့သို့  သဘောထားပြီး  လူမျိုးဘာသာ ဆင်းရဲချမ်းသာမခွဲခြားဘဲ   ပြုစုယုယ ကုသပေးကြရမည်ဖြစ်ကြောင်း'' ဟူ၍ဖြစ်သည်။

တပ်မတော်သားဆေး တပ်ဖွဲ့ဝင်များသည် တတ်မြောက်ထားသည့် ဆေးပညာ ရပ်များဖြင့် လူသားများ၏ အသက်ခန္ဓာများ ကို ဆေးဝါးကုသမှုဖြင့် ကာကွယ်စောင့် ရှောက်ပေးလျက်ရှိရာ အလွန်တရာမွန်မြတ် လှပေသည်။ ထို့ကြောင့်ပင်လျှင် စာရေးသူ အနေဖြင့် ''မျက်နှာမှာအပြုံး နှလုံးသားမှာ စေတနာ ပြည်သူ့အတွက် သူနာပြုရတနာ'' များအဖြစ် ဂုဏ်ပြုညွှန်းဆိုရေးသားလိုက်ရ ပါသတည်း။  

ဘုန်းမောင်ဝင်း(ဖျာပုံ)                         

 

Read 27 times
Rate this item
(0 votes)
Last modified on Tuesday, 31 December 2019 10:31