SJ WorldNews - шаблон joomla Авто

ယုံကြည်မှု၏တန်ဖိုး

Saturday, 21 March 2020 12:28 Written by  font size decrease font size decrease font size increase font size increase font size

တစ်မြို့တည်းမှာပဲနေနေ၊ တစ်ရပ်ကွက်တည်းမှာပဲနေနေ၊ အလုပ်သဘောနှင့်ဖြစ်ဖြစ်၊ ရိုးရိုး မိတ်ဆွေအနေနှင့်ပဲဖြစ်ဖြစ်၊ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယားဖြစ်ဖြစ် ဆက်ဆံ ပြောဆိုလုပ်ကိုင်ကြရာမှာ တစ်ဦးကိုတစ်ဦး  ယုံကြည်မှုသည် အဓိကကျသည်။ လူ၏သဘော သည် တစ်ဦးကိုတစ်ဦးယုံကြည်မှ အလုပ်လုပ် ရာတွင် ပို၍ချောမွေ့သည်။

ယုံကြည်သည်ဆိုရာဝယ် တစ်ဦးနှင့်တစ်ဦး  သစ္စာရှိမှု၊ ကတိတည်မှု၊ ရိုးသားမှု၊ အချိန်ကို လေးစားမှုတို့ကို များသောအားဖြင့် အဓိက ထားကြသည်။ ထိုယုံကြည်မှု၏နောက်ဆက်တွဲ မှာပါရှိလာသည့် တစ်ဦးကို တစ်ဦးခင်မင်မှု၊  လေးစားမှုဆိုသောအချက်များလည်းရှိကြရာ ယင်းတို့အားလုံးတွင် အဓိကအကျဆုံးမှာ ယုံကြည် မှုပင်ဖြစ်သည်။ တချို့မှာ ပုဂ္ဂိုလ်ခင်မှတရားမင် ဆိုသလိုရှိကြသည်။  ထိုပုဂ္ဂိုလ်ကိုယုံကြည်၍  တရားမြင်ကြသည်ပဲဖြစ်သည်။   သို့မှသာ  ခင်နိုင်ကြ၊ သစ္စာရှိနိုင်ကြ၊ ကတိတည်နိုင်ကြ သည်။ ရိုးသားနိုင်ကြသည်။ အချိန်ကိုလည်း လေးစားနိုင်သည်။ ဤသည်မှာ လူ၏သဘာဝ ပါ။ မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။

ကျွန်မမြင်သည်ကိုပြောရလျှင် လူ၏သဘာဝ ကိုက တစ်ဦးကိုတစ်ဦး ကြောင်းကျိုးဆက်နွှယ်ပြီး နေကြသူများဖြစ်သည်။  ကိုယ်တစ်ဦးတည်း နှင့် ဘာမျှလုပ်လို့မရပါ။ လူအများနှင့်ဆက်သွယ် ရပါသည်။ သို့သော်လည်း တချို့သည် မည်သူနှင့် မျှအဆက်အသွယ်မလုပ်ဘဲ နေနိုင်သည်ထား စေဦး-ကိုယ့်မိသားစု၊ ကိုယ့်မိဘအသိုက်အဝန်း နှင့် ဆွေမျိုးများကို အဆက်အသွယ်မရှိလို့မရပါ။ လူ၏သဘာဝကိုက တစ်ဦးတည်း၊ တစ်ဖွဲ့တစ်စည်း တည်းသာ နေလို့မရပါ။ ဘဝမှာရပ်တည်လို့လည်း မရနိုင်ပါ။ ထိုလူအများစုရပ်တည်နေရန် ယုံကြည်မှု မပါလျှင် ဘယ်လိုအကြောင်းတရားနှင့်မှမတွေ့ နိုင်၊ မခင်နိုင်၊ မရင်းနှီးနိုင်ကြပါ။ ဒါတွေကြောင့်  လုပ်ငန်းမှာအဆင်မပြေနိုင်ကြပါ။ ဒါကြောင့်  တစ်ဦးနှင့်တစ်ဦးယုံကြည်ခြင်းမှာ အဓိက ဖြစ်ပါသည်။ ယုံကြည်ပြီဆိုလျှင်လည်း အပြစ် မှန်သမျှ မြူမှုန်လောက်ပင်မရှိနိုင်ကြပါ။ ခွင့်လွှတ် ခြင်း၊ သည်းခံခြင်းများပါ ပါလာကြသည်။ စေတနာ လည်းကောင်းကြပါသည်။

လူ့လောကကြီးတွင် အများသုံးနေကျစကား တစ်လုံးမှာ သစ္စာမရှိသောလူ၊ ကတိမတည်သော လူ၊ ကိုယ်ကျင့်တရားမရှိသူဟုဆိုပြီး ဝိုင်းပယ်ခြင်း ကိုပြုကြသည်။  ဒါတွေဟာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုကင်းမဲ့ခြင်းကြောင့်  ဖြစ်သည်။ 

ဒီလိုယုံကြည်မှုကင်းမဲ့ခြင်းခံရပြီဆိုလျှင် လူ့တန်ဖိုးလည်း အလိုလိုကျဆင်းသွားပြီဖြစ်ပါသည်။ ဥပမာ-တိုင်းပြည်နှင့်လူမျိုး၏အပေါ်မှာ၊ ကိုယ့် အလုပ်အကိုင်အပေါ်မှာ၊ ကိုယ်နှင့်ဆက်ဆံရသော လူတွေအပေါ်မှာ ကိုယ်ကယုံကြည်မှုနည်းပြီး နေလျှင် လုပ်ငန်းမှာချောချောမွေ့မွေ့မဖြစ်နိုင်။

ထို့အတူ မိမိ၏စိတ်မှာလည်း မချောသရွေ့  အလုပ်အကိုင်မှာလည်း နှောင့်နှေးကြန့်ကြာ တတ်ပြန်သည်။

တချို့လူတွေမှာတော့ ယုံကြည်ဖို့လည်း ကောင်း၏။ ရိုးသားမှုလည်းရှိ၏။ သစ္စာလည်း ရှိ၏။ သို့ရာတွင် သူလုပ်ကိုင်ရမည့်အချိန်ကို မလေးစားတတ်သဖြင့် မယုံကြည်ရပြန်ရော။ ထို့ကြောင့် ကိုယ့်ကို အများကယုံကြည်စိတ်ချရ အောင် မိမိကအချိန်ကို ပထမလေးစားရမည်။ သစ္စာတွေ၊ ရိုးသားမှုတွေကိုပါ အားဖြည့်ပြီး လုပ်နိုင်မှယုံကြည်မှုတန်ဖိုးတက်လာပေမည်။

လူတော်တော်များများ     နေ့စဉ်နှင့်အမျှ တွေ့ကြုံရသောပြဿနာမှာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုကင်းမဲ့ခြင်းက    စတင်သည်ဟု ထင်ပါသည်။

ထို့ကြောင့် မိမိလုပ်ဆောင်တာတွေကို ယုံကြည်မှုကင်းမဲ့မှုကြောင့် ပျက်စီးမှုတွေအများကြီး ဖြစ်ပေါ်နိုင်ပါသည်။ တစ်ဦးနှင့်တစ်ဦး လက်တွဲလုပ်ဆောင်ရမည့် လူသည် အမြဲတမ်းယုံကြည်စိတ်ချသည့်လူကို  လူတိုင်းသဘောကျကြသည်။   လက်တွေ့ လုပ်ပြနိုင်မှသာ ယုံကြည်မှုရနိုင်သည်။ ပထမ မိမိကိုယ်မိမိ ယုံကြည်မှုရအောင်လုပ်ကြည့်ပါ။  ဒုတိယမှာ ပတ်ဝန်းကျင်က ယုံကြည်လက်ခံ အောင်လုပ်ပြပါ။ မိမိကိုယ်မိမိပင် မယုံကြည်နိုင် သောလူမှာ ဘာအလုပ်မှမအောင်မြင်နိုင်ပါ။ ရည်မှန်းချက်လည်းမအောင်မြင်ပါ။

လူတိုင်းသည် ဘယ်အရာမဆို အလုပ်တစ်ခု ကိုလုပ်တော့မည်ဆိုလျှင် မိမိကိုယ်မိမိပြန်လည်၍ ဆန်းစစ်ကြည့်ပါ။ ဒါလုပ်လျှင်ရနိုင်မလား၊  ဖြစ်နိုင်မလား အေး...ငါ ဒါလုပ်တဲ့အတွက် ကြောင့် ငါ့အတွက်လည်းကောင်း၊ အများအတွက် လည်း မထိခိုက်ဘူး၊ ဒါကတော့ လုပ်သင့်ပြီလို့ ယူဆပြီး ကိုယ်လုပ်တဲ့အလုပ်အောင်မြင်မယ်  ယုံကြည်ပြီး တည်ကြည်ဖြောင့်မတ်စွာလုပ်ကိုင်ခြင်း ကား အောင်မြင်မှုသေချာနေပေပြီ။ ကိုယ့်ကိုယ် ကိုယ်ယုံကြည်အောင် မစဉ်းစားနိုင်သေးလျှင်  အခြားလူကိုလည်း ယုံကြည်အောင်မလုပ်နိုင်ပါ။

ဥပမာ- အနီးစပ်ဆုံးညွှန်ပြပါမည်။ မိဘက  သားသမီးကို ဒီကလေးကတော့ ဉာဏ်မရှိဘူး၊  သုံးမရဘူးအထင်နှင့် အမြဲတမ်းနှိမ်နေပါလျှင်ဥ ဤကလေး၏ဘဝသည်    သူ့ကိုယ်သူလည်း ယုံကြည်မှုနည်းကာ   အမြဲတမ်း ညှိုးငယ်ပြီး ဘဝမှာသိမ်ဖျင်းနေတတ်ပါသည်။ မိဘများမှာ  ဤကလေး၏တာဝန်ပိုကြီးနေပေမည်။ တိုင်းပြည် မှာလည်း နစ်နာပြန်သည်။ ထို့အတူ ဆရာက  တပည့်ကိုအထင်သေးပြီး ဘယ်လိုမျှ စာသင် လို့မရဘူး၊ ဆိုဆုံးမလို့မရဘူးဆိုပြီး အယုံအကြည် ကင်းမဲ့စွာပစ်ပယ်ထားလိုက်ပါလျှင် ဤကလေး၏ ဘဝမှာ ရပ်တည်ရာမရဖြစ်သကဲ့သို့ မိဘ၊  ဆရာ၊ တိုင်းပြည်မှာ နစ်နာပြန်ပါသည်။ တစ်ဦး နှင့်တစ်ဦးယုံကြည်မှုသည် အဓိကကျသည်ဟု မြင်ပါသည်။

ယခုလက်တွေ့ကိုကြည့်ပါ။ ဝေးဝေးကြည့် စရာမလိုပါ။   ခေတ်မီသောနိုင်ငံတော်ကြီး ပေါ်ပေါက်လာနိုင်ရန် ရည်မှန်းချက်၊ ရည်ရွယ်ချက် ကို မိမိဆောင်ရွက်သည်များအပေါ် ယုံကြည်မှု ဖြင့် ကျွန်မတို့တပ်မတော်ကြီးက ဆောင်ရွက်သည့် အတွက် ထူးခြားစွာအောင်မြင်သည်မှာ လက်တွေ့ ကျကျဖြစ်ပေတော့သည်။ ဒါတွေဟာ တပ်မတော် ကြီးရဲ့ဦးဆောင်မှုစေတနာနဲ့ မိမိကိုယ်မိမိယုံကြည်ချက်ပြင်းထန်မှုကြောင့်ဖြစ်လာသော အောင်မြင်မှု

ပင်ဖြစ်ပါတော့သည်။  မိမိတို့၏ဆောင်ရွက်ချက်ကို ယုံကြည်မှုအခြေတည်ပြီး တိုင်းပြည်မြှင့်တင်၊  အေးချမ်းရေးကိုရယူ၊ စီးပွားရေးလည်းထူထောင်၊ လူမှုရေးကိုကြည့်ရှု၊ လူတိုင်းကျန်းမာရေး၊ ချမ်းသာရေးကို လက်လွတ်မခံ၊ ကိုယ့်တပ်မတော် ကိုလည်း အရည်အသွေးကောင်းအောင်မွေးမြူထူထောင်သည်။ အဘက်ဘက်မှတာဝန်ကျေပွန် စွာ ထမ်းဆောင်နေသောတပ်မတော်ကြီးသည်

''သားလှရွှေအိုးထမ်းလာသည်'' ကို မြင်ရမည့် ကိန်းဆိုက်ရအောင် လုပ်ဆောင်ခြင်း အောင်မြင် နေပေပြီ။  မိမိကိုယ်မိမိယုံကြည်ခြင်းဖြင့် အောင်မြင် ခဲ့သည်။ မိမိအလုပ်ကိုအောင်မြင်မည်ဟုယုံကြည်မှုကြောင့် နှောင့်နှေးကြန့်ကြာခြင်းမရှိ အောင်မြင် ခဲ့ပေသည်။

''ယုံကြည်မှုသည် လူ၏တန်ဖိုး''ဆိုသည်ကို  ရေးသားတင်ပြရင်းဖြင့် အယုံအကြည်မဲ့ခံရ သူများသည် သူ့အလိုလိုနိမ့်ကျနေပေသည် ဟု  ထင်ပါသည်။  စိတ်ပိုင်းဆိုင်ရာနိမ့်ကျ ခြင်းကြောင့် ကိုယ်ပိုင်းဆိုင်ရာမှလည်း နိမ့်ကျ နေပေလိမ့်မည်။ နိဂုံးချုပ်တွင်-

လူ၏တန်ဖိုး အရှိန်မြင့်အောင်

ကိုယ်တိုင်ကြိုးစား လုပ်ကိုင်ကာ

ကိုယ်နဲ့လူများ ဆက်ဆံရေးမှာ   

ယုံကြည်မှုရှိမှ တွင်ကျယ်မှာ။

တစ်ဦးကတစ်ဦးကို ယုံကြည်ကြမှ

လုပ်ငန်းစီးပွား တိုးတက်မှာ။

ဘာတွေ-ဘယ်သူတွေ-ဘယ်လိုကောင်းကောင်း

ယုံကြည်မှုရှိမှ မှန်မှာပါ။

ယုံကြည်မှုရှိစွာ ခင်မင်တတ်မှ

စေတနာလမ်းကြောင်း ပွင့်ကြမှာ။

စိတ်ထားဖြောင့်စွာ ယုံကြည်ကြမှ

ဘေးရန်တွေလည်း ကင်းကြမှာ။

စီးပွားတိုးကာ ချမ်းသာကြဖို့

လူတိုင်းကြိုးစား လုပ်မှသာ

တိုင်းပြည်စီးပွား အလေးထား၊

ကိုယ်ကျိုးအတွက်ပါ။

ဤကဗျာလေးကို လက်ဆောင်ပါးလိုက်ပါ ရစေ။   ။ မေတ္တာလောင်းလျက်...

မန်းခင်ခင်

Read 11 times
Rate this item
(0 votes)

Latest from ကေတု