SJ WorldNews - шаблон joomla Авто

ကမ္ဘာ့နိုင်ငံတွေအတွက် ဗိုင်းရပ်ထိန်းချုပ်ရေး စံပြုပုံစံဖြစ်လာတဲ့ တရုတ်နိုင်ငံရဲ့ အစီအမံများ

Thursday, 26 March 2020 10:35 Written by  font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ရဲ့ ပင်လယ်စာဈေးက နေစတင်ပေါက်ပွား ဖြစ်ပေါ်လာတယ်လို့ သတ်မှတ်ထားပါ တယ်။

ပင်လယ်စာဈေးကနေစတင်လိုက်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ကိုဗစ်-၁၉ လို့ အမည်သတ် မှတ်ခံရတဲ့ ရောဂါဖြစ်ပွားစေပြီး အခုဆိုရင် အဲဒီရောဂါဟာ ကမ္ဘာ့ကပ်ရောဂါ အဖြစ်ကို ရောက်ရှိ ခဲ့ပါပြီ။

ဗိုင်းရပ်ကူးစက်မှုမရှိတဲ့ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံရယ်လို့လည်း မရှိတော့ပါဘူး။ ဆိုလိုတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတိုင်းနီးပါး ဗိုင်းရပ်ကူးစက်ခံနေရပြီဖြစ်ပါတယ်။

ဗိုင်းရပ်စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ သီတင်းပတ် တစ်ပတ်အတွင်း ဗိုင်းရပ် နောက်ထပ်ကူးစက်ခံရသူ လုံးဝမရှိတော့တဲ့အတွက် ဝူဟန်မြို့ခံပြည်သူတွေဟာ လုပ်ငန်းခွင် တွေကိုတောင်မှ ပြန်ဝင်နိုင်နေပါပြီ။ ဒါပေမဲ့ တချို့နိုင်ငံနဲ့ ဒေသတွေမှာတော့ ဗိုင်းရပ်က အခုမှ စတင်ကူးစက်တာပါ။

တရုတ်နိုင်ငံကတော့ သူ့နိုင်ငံမှာဖြစ်တဲ့ ဗိုင်းရပ်ကူးစက်မှုကို သူ့နိုင်ငံကပဲ အရင်ဆုံး ထိန်းချုပ် လိုက်နိုင်ပါတယ်။ တခြားနိုင်ငံတွေအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ ဗိုင်းရပ်ထိန်း ချုပ်မှုလုပ်နည်း လုပ်ဟန်တွေကို နမူနာယူ သင့်ပါတယ်။

တရုတ်နိုင်ငံရဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ် တိုက်ထုတ်မှုဟာ ကမ္ဘာ့နိုင်ငံတွေအတွက် မီးရှူးတန် ဆောင်ဖြစ်မယ်လို့ ယုံကြည်တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ညွှန်ကြားရေး မှူးချုပ်ကိုယ် တိုင်ကပြောလာတာပါ။

တရုတ်အစိုးရက ဒီဇင်ဘာလမှာ ဗိုင်းရပ်စတွေ့တယ်ဆိုရင် ဇန်နဝါရီလမှာ လူဦးရေ ၁၁ သန်း ရှိတဲ့ ဝူဟန်တစ်မြို့လုံးကို အဝင်အထွက် ပိတ်လိုက်ပါတယ်။ မြို့ခံပြည်သူတွေကိုလည်း ထိရောက်တဲ့ ကန့်သတ်စောင့် ကြည့်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ လူဦးရေသန်း ၅ဝ ကျော်ရှိတဲ့ ဟူဘေးပြည်နယ် တစ်ခုလုံးကို ပိတ်ချ လိုက်ပြီး များလှစွာသောလူတွေကိုလည်း ကန့်သတ်စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံ အတွင်းမှာရှိတဲ့ ပြည်သူတွေအားလုံး ကိုယ့်အိမ်မှာပဲကိုယ်နေဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်း နှိုးဆော်ပါတယ်။

အိမ်ရာဝင်းတွေထဲမှာနေတဲ့ ပြည်သူသန်းပေါင်းများစွာဟာဆိုရင်လည်း အိမ်နီးချင်း ကော်မတီ တွေရဲ့ စောင့်ကြပ်ကြည့်ရှုမှုကိုခံရတဲ့အတွက် အစိုးရရဲ့ တိုက်တွန်းချက်ကို ပြည်သူတွေက အတိအကျ လိုက်နာတာကိုလည်း တွေ့ရပါတယ်။

ဒီလိုနည်းနဲ့ ဗိုင်းရပ်ကိုထိန်းချုပ်တာဟာ တကယ်အလုပ်ဖြစ်တယ်လို့ မဲဘုန်း တက္ကသိုလ်မှ ဆေးပညာပါမောက္ခ ရှာရွန်လီဝင်က ပြောပါတယ်။

''အချိန်အားဖြင့် သီတင်းပတ်နှစ်ပတ် ဆိုတာဟာ ရောဂါပျိုးချိန်ဖြစ်တဲ့အတွက် ဒီလိုအချိန်မှာ ဝူဟန်ကို အဝင်အထွက်ပိတ်လိုက်တာဟာ ဗိုင်းရပ်ကူးစက်ခံရသူအရေ အတွက်ကို သိသိသာ သာကျဆင်းသွားစေတာပါ''လို့ ရှာရွန်လီဝင်က AFP သတင်း ဌာနကိုပြောပါတယ်။

လူလူချင်းထိတွေ့ဆက်ဆံမှု အခြေအနေကို တင်းကျပ်လိုက်တာကလည်း ဗိုင်းရပ် ကူးစက်ပျံ့ နှံ့မှုကို လျော့ကျသွားစေပါတယ်။ အခုဆိုရင် ဒီနည်းလမ်းကို ကမ္ဘာ့နိုင်ငံ အများအပြားက လိုက်နာ ကျင့်သုံးနေတာကို တွေ့ရပါတယ်။

နောက်ထပ် အစီအမံတစ်ခုက ဆေးဘက်ဝန်ထမ်းအင်အား နိုင်နိုင်နင်းနင်း အသုံးပြု တာဖြစ်ပါ တယ်။ တရုတ်အစိုးရဟာ ဟူဘေးပြည်နယ်မှာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုဖြစ်ပြီ ဆိုတာနဲ့ အဲဒီပြည် နယ်မှာရှိတဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ ဆရာဝန်နဲ့ ဆေးဝန်ထမ်း အနည်းဆုံး ၄၂ဝဝဝ ကို ဟူဘေးပြည်နယ်ကို စေလွှတ်လိုက်ပါတယ်။

တကယ်လို့သာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု မြန်ဆန်တဲ့နေရာကို ဆေးဝန်ထမ်းတွေ အချိန်မီမဖြည့် တင်းပေးနိုင်ဘူးဆိုရင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါ တယ်။

အခုဆိုရင် ဟူဘေးပြည်နယ်မှာ ဗိုင်းရပ်ကူးစက်ခံရသူကို နောက်ထပ်မတွေ့ရတော့တဲ့အတွက် ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အဲဒီပြည်နယ်ကိုစေလွှတ်ထားတဲ့ ဆေးဝန်ထမ်းတွေဟာ သက်ဆိုင်ရာ နယ်မြေအသီးသီးကို ပြန်လာကြပါပြီ။

ဒီလိုလုပ်ရတဲ့နေရာမှာ ဆေးဝန်ထမ်းတွေရဲ့ စွန့်စားမှုလည်း အများကြီး လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်နိုင်ငံလုံး ဗိုင်းရပ်ပျံ့နှံ့သွားချိန်မှာ ဗိုင်းရပ်ကူးစက်ခံရတဲ့ ဆေးဝန်ထမ်း ၃၃ဝဝ ကျော်နဲ့ ဗိုင်းရပ် ကြောင့် သေဆုံးသူ ဆေးဝန်ထမ်း ၁၃ ဦးရှိခဲ့လို့ ဖြစ်ပါတယ်။

ဗိုင်းရပ်ကူးစက်မှုကြောင့် တရုတ်နိုင်ငံထက် သေဆုံးသူနှစ်ဆပိုများတာက အီတလီနိုင်ငံပါ။ ဒါကြောင့် တရုတ်ကြက်ခြေနီအဖွဲ့မှ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေဟာ အီတလီနိုင်ငံ တစ်ဝန်းမှာရှိတဲ့ ဆေးရုံတွေမှာ အကူအညီပေးဖို့ ရောက်ရှိနေပါပြီ။

နိုဗယ်ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးမှာ တရုတ်အစိုးရရဲ့ လုပ်ဆောင်မှုအားလုံးကို ဝါဒဖြန့်မှုဆို တဲ့ လက်နက်နဲ့ ထောက်ပံ့ပေးထားပါသေးတယ်။

ဘယ်လိုဝါဒဖြန့်လဲဆိုရင် ပြည်သူတွေအနေနဲ့ သန့်ရှင်းစင်ကြယ်စွာနေဖို့နဲ့ ကိုယ့်နေအိမ် အတွင်းမှာပဲ ကိုယ်နေဖို့ကို မီဒီယာတွေက ကြိမ်ဖန်များစွာမရပ်မနား ထုတ်လွှင့်ပေးသလို လမ်းမတွေမှာလည်း စာတန်းကြီး တွေနဲ့ ရေးသားချိတ်ဆွဲထားတာမျိုးပါ။

တော်ရုံအားဖြင့် ဘယ်သူမှမလုပ်နိုင်တဲ့ အလုပ်ဖြစ်တဲ့ စုစုပေါင်းခုတင် ၂၃ဝဝ ဆံ့ ဆေးရုံနှစ်ရုံ ကို ဝူဟန်မြို့မှာ ၁ဝ ရက်အတွင်း တည်ဆောက်လိုက်တယ်ဆိုတာကို နိုင်ငံပိုင်မီဒီယာတွေက အကျယ်တဝင့်ဖော် ပြပေးကြပါတယ်။

နောက်ထပ် အစီအမံတစ်ခုကတော့ နှာခေါင်းစည်းတပ်ခြင်းနဲ့ စစ်ဆေးခြင်းအပိုင်းဖြစ်ပါတယ်။ ဗိုင်းရပ်ကူးစက်ပျံ့နှံ့ပြီဆိုတဲ့ အချိန်မှာ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ရပါတော့တယ်။

ဒါ့အပြင် အိမ်ရာတွေမှာအဝင်အထွက် ပိတ်တာတွေ၊ စီးပွားရေး လုပ်ငန်းတွေကိုပိတ် ထားတာ တွေ၊ ပန်းခြံတွေကိုပိတ်ထားတာတွေကလည်း ဗိုင်းရပ်ထိန်းချုပ်မှုအပေါ် အကျိုးသက်ရောက်မှု များစွာရှိပါတယ်။

နှာခေါင်းစည်းတပ်တယ်ဆိုတာ ဗိုင်းရပ် ကူးစက်ခံရမှာကို ကာကွယ်ဖို့မဟုတ်ပါဘူး။ အခုဖြစ် နေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်က ကိုယ်ကိုယ်တိုင်တောင် ကူးစက်ခံထားရမှန်း မသိရတဲ့အတွက် ကိုယ့်ဆီကနေသူများဆီကို ဗိုင်းရပ်မကူးစက်စေဖို့ နှာခေါင်းစည်း တပ်ရတာဖြစ်ပါတယ်။

ဒီလိုရောဂါထိန်းချုပ်မှု လုပ်နေတဲ့ကာလ အတွင်းမှာ တရုတ်နိုင်ငံက တစ်ရက်ကို N95 နှာခေါင်း စည်းအခုရေ ၁ ဒသမ ၆ သန်းနှုန်းနဲ့ ထုတ်လုပ်ခဲ့တယ်လို့ Xinhua သတင်းဌာနမှာ ဖော်ပြထား ပါတယ်။

ဒီအချက်ကလည်း ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ အလွန်အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှာခေါင်းစည်းကို စနစ်တကျ အသုံးပြုတတ်ဖို့တော့ မဖြစ်မနေ လိုအပ်ပါ တယ်။

ဗိုင်းရပ် ကူးစက်ခံရသူတွေကို အမြန်ဆုံးရှာတွေ့နိုင်ဖို့အတွက်  အဆောက်အအုံ အပြင်ဘက တွေမှာ၊ ဈေးတွေမှာနဲ့ အများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ကိုယ်အပူချိန် စစ်ဆေးမှုတွေကို တိုးမြှင့် လုပ်ဆောင်ပါသေးတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်အပူချိန် ၃၇ ဒသမ ၃ ဒီဂရီစင်တီဂရိတ် (၉၉ ဒသမ ၁ ဖာရင်ဟိုက်) ထက်ကျော်လွန်နေတယ်ဆိုရင် အဲဒီလူကို သီးသန့်ခွဲထားပြီး စောင့်ကြပ်ကုသ ပေးပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ တရုတ်နိုင်ငံဟာ အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်တဲ့ နိုင်ငံဖြစ် တာနဲ့အညီ နည်းပညာကို အကျိုးရှိရှိ အသုံးချတာ တွေ့ရပါတယ်။

အဲဒီထဲကမှတစ်ခုက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေကို တာဝန်ရှိသူ တွေထံ တင်ပြခြင်းဖြစ်ပါတယ်။

ပြည်သူတွေဟာ သူတို့ရဲ့ကျန်းမာရေးက အစိမ်းရောင်လား၊ အဝါရောင်လား၊ အနီ ရောင်လား ဆိုတာကို သတ်မှတ်ထားတဲ့ QR ကုတ်ကို သူတို့ဖုန်းကနေတစ်ဆင့် တာဝန်ရှိသူတွေကို ပြသရ ပါတယ်။

ဒီလိုလုပ်ဆောင်မှုကနေတစ်ဆင့် ဒီလူဟာ ဗိုင်းရပ်ကူးစက်နိုင်ခြေမြင့်တဲ့ ဒေသတွေကိုသွား လာခဲ့သူ ဟုတ်၊ မဟုတ်ကို တာဝန်ရှိသူတွေကသိရှိပြီး လိုအပ်တာတွေကို အလွယ်တကူ ဆက်လက်လုပ်ဆောင်နိုင် စေပါတယ်။

အဲဒီစနစ်ကို ကုမ္ပဏီတွေကလည်း အသုံးပြုပြီး ကုမ္ပဏီထဲကို ဝင်လိုသူအနေနဲ့ QR ကုတ်ကို မဖြစ်မနေ ပြသရမှာဖြစ်ပါတယ်။ ဗိုင်းရပ်ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံရဲ့ အစီအမံတွေ ကိုကြည့်မယ်ဆိုရင် အမှန်တကယ် ထိရောက်မှုရှိပြီး ဗိုင်းရပ်ကို လည်းအမှန်တကယ် ထိန်းချုပ် နိုင်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။

ဒါကြောင့် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးကို မဖြစ်မနေ လုပ်ရမယ့်နိုင်ငံတွေ အနေနဲ့ တရုတ်နိုင်ငံကဲ့သို့ မဟုတ်တောင်မှ အလားတူ အစီအမံများနဲ့ လုပ်ဆောင် နိုင်မယ်ဆိုရင် ကမ္ဘာ့ ကပ်ရောဂါဟာ ကမ္ဘာပေါ်ကနေ အချိန်တိုအတွင်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

Ref: Bangkok Post

Read 2 times
Rate this item
(0 votes)
Last modified on Thursday, 26 March 2020 10:37