SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းများနှင့် သတိပြုရမည့်ဖြစ်စဉ်များ

Monday, 25 May 2020 08:50 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းများနှင့် သတိပြုရမည့်ဖြစ်စဉ်များ

သက်ရှိအများစုနေထိုင်ရာ ဤကမ္ဘာမြေကြီးသည် သက်တမ်းနှစ်ပေါင်း သန်းနှင့်ချီ၍ ရှိလာပြီဖြစ်သည်။ ထို့အတူ မှီတင်းနေထိုင်ကြသော  ကမ္ဘာ့လူဦးရေလည်း သန်းပေါင်း ခုနစ်ထောင်ခန့် အထိ ရှိလာပြီဟု ဆိုရမည်ဖြစ်သည်။ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် လူဦးရေသန်းပေါင်း ၈၉၁၀ ခန့်အထိ တိုးလာနိုင် သည်ဟု ပညာရှင်များက ခန့်မှန်းအတည်ပြုကြသည်။ ကမ္ဘာကြီးသည် သက်တမ်းရင့်လာသည်နှင့်အမျှ အိုမင်းယိုယွင်းလာပြီဖြစ်သည်။ ထိုသို့အိုမင်းလာခြင်းကြောင့် ကမ္ဘာ့ရာသီဥတုမှာလည်း ဖောက်ပြန် ပြောင်းလဲမှုများရှိလာပြီဖြစ်သည်။ ဖြစ်ရိုးဖြစ်စဉ်သဘာဝ ပြောင်းလဲမှုမဟုတ်သော ဆိုးကျိုးများနှင့် ပြောင်းလဲလာပြီး   ရာသီဥတုပြောင်းလဲမှုကြောင့် သတ္တဝါများထိခိုက်ဆုံးရှုံးမှုကို ခံစားကြရသည်။   ထိခိုက်ဆုံးရှုံးမှုအများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်ဟု ကမ္ဘာ့ရာသီဥတု အန္တရာယ်ရှိညွှန်းကိန်းမှတ်တမ်းများအရ သိရသည်။ ကမ္ဘာကြီးပူနွေးလာခြင်း၊ မြေထု၊ ရေထု၊ လေထုများညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာပျက်စီးလာခြင်း၊ ဇီဝမျိူးစုံမျိူးကွဲများနှင့် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်မှုများ ယိုယွင်းပျက်စီးလာခြင်းတို့ကို တစ်ကမ္ဘာလုံးခံစားကြရမည်ဖြစ်၍ ကြိုတင် ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းရှာခြင်းများ ပြုလုပ်သင့်သည်။ ထို့ပြင် ဖြစ်ပေါ်လာမည့် ဆိုးကျိူးများ၏ ဖြစ်စဉ်ကိုလည်း လေ့လာကြရန်လိုအပ်ပေသည်။

ကမ္ဘာကြီး အဘယ်ကြောင့်ပူနွေးလာရသနည်း။

၁၈ ရာစုနှစ် နောက်ပိုင်းကာလများတွင် လူဦးရေတိုးတက်လာပြီး လူတို့သုံးစွဲသောလျှပ်စစ် ပစ္စည်းမျိူးစုံ၊ အလုပ်ရုံ၊ စက်ရုံကြီးငယ်အသွယ်သွယ်၏ ကျောက်မီးသွေး၊ လျှပ်စစ်သုံးစွဲမှု၊ ဓာတ်ဆီ၊ ဒီဇယ်ဆီထုတ်လုပ် သုံးစွဲမှုများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များပြားစွာ ထွက်ရှိလာသည်။ လူသားများ အသုံးပြုသော စက်တပ်ယာဉ်ယန္တရားအမျိူးမျိူး၊ စက်မှုလုပ်ငန်းအမျိူးမျိူးတို့မှ  ထုတ်လွှတ်သော ဟိုက်ဒရို ကာဗွန်များနှင့် နိုက်ထရိုဂျင် အောက်ဆိုက်များ ဓာတ်ပြုခြင်းကြောင့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည်။

မြေထု၊ ရေထု၊ လေထုများ အဘယ်ကြောင့် ညစ်ညမ်းလာသနည်း။

ကမ္ဘာကြီးပူနွေးလာမှုကြောင့်  ကမ္ဘာ့မြေထု၊  ရေထုနှင့်  လေထုများအတွင်းရှိသင့်သည့် အပူချိန်ထက်  လွန်ကဲနေမှုကြောင့် ကမ္ဘာ့မြေထုနှင့် အနီးကပ်တည်ရှိနေသော သစ်တောများပြုန်းတီးခြင်း၊ ပူနွေးမှုကြောင့် ရေထုမြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာသည်။ ထိုအခါ    သစ်တောများပြုန်းတီးမှု တစ်မျိူးဖြစ်သော  တောမီးလောင်ခြင်းမှ ဖြစ်ပေါ်လာသည့် မီးြွကင်းအမှုန်များသည် ရေထုအတွင်းသို့ ပြန်ဝင်သွားသည်။ ထိုပြန်ဝင်မှုသည် ရေထုကိုညစ်ညမ်းစေခဲ့သည်။ လေထုအတွင်းသို့လည်း တောမီးခိုး ဓာတ်ငွေ့တစ်မျိူး ရောနှောသွားပြန်သောအခါ လေထုညစ်ညမ်းရပြန်သည်။

ကမ္ဘာ့အိုဇုန်းလွှာ အဘယ်ကြောင့်ပျက်စီးလာသနည်း။

အိုဇုန်းလွှာသည် ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သော စတြာတိုစဖီးယားတွင် မြေမျက်နှာပြင် အမြင့် ၁၀ မိုင်နှင့် မိုင် ၃၀ ကြား၌ တည်ရှိသည်။ လေထုအတွင်း အချိူးအစားအနည်းငယ်သာ ပါဝင်နေ သော်လည်း ပဓာနကျသည့်ဓာတ်ငွေ့ဖြစ်သည်။ ထူးခြားသည်မှာ  လူသားများနှင့် သက်ရှိများကို အန္တရာယ်ပြုနိုင်သော ခရမ်းလွန်ရောင်ခြည်များကို  ဒိုင်းကြီးသဖွယ်  ကာဆီးပေးထားသည်။

ဇီဝမျိူးစုံမျိူးကွဲများနှင့် ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှုများ အဘယ်ကြောင့် ယိုယွင်းပျက်စီးလာ သနည်း။

၂၀ ရာစုနောက်ပိုင်းကာလများမှစ၍ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ နှင့်အတူ သဘာဝ ပတ်ဝန်းကျင်ကို ယိုယွင်းစေသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာစေခဲ့သည့် အဓိက အကြောင်းရင်းနှစ်ရပ်ကို တွေ့ရှိခဲ့ကြသည်။ ထိုအကြောင်းရင်းနှစ်ရပ်မှာ ကမ္ဘာမြေ၏ သယံဇာတများ ထုတ်ယူသုံးစွဲမှု အလွန်များပြားလာခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝသယံဇာတများ ဖြစ်သော သစ်တော၊ သစ်ပင်၊ ရေထု၊ မြေထု၊  လေထုနှင့်  ဇီဝမျိူးစုံမျိူးကွဲများကို  စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်မှုမှာ လိုသည်ထက်  ပိုမိုသုံးစွဲခဲ့ခြင်း၊  ဖွံ့ဖြိုးလာသောစက်မှုလုပ်ငန်း၊    စွမ်းအင်လုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း၊ ကုန်သွယ် ရေးလုပ်ငန်းနှင့် ကဏ္ဍအသီးသီးမှထုတ်လွှတ်သော    မှန်လုံအိမ် ဓာတ်ငွေ့များ (ကာဗွန်ဒိုင်အောက်ဆိုက်) နှင့်  စွန့်ပစ်ပစ္စည်းများကြောင့် ရေထု၊ မြေထု၊ လေထုများ ညစ်ညမ်းမှုတိုးပွားလာခြင်းဆိုသော အကြောင်းနှစ်ရပ်ကြောင့်    ပျက်စီးရန် မလွယ်သော  သဘာဝကပေးထားသည့် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော ဇီဝမျိူးစုံမျိူးကွဲများနှင့် ဂေဟစနစ်များကို  ထိန်းသိမ်း စောင့်ရှောက်နိုင်မှုများ  ယိုယွင်းခဲ့ရသည်။ ထို့အတူ ပျက်စီးမှုများနှင့်လည်း တွေ့ကြုံ ရသည်။

ရာသီဥတုပြောင်းလဲခြင်း

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကို လေ့လာရန် ကမ္ဘာ့မိုးလေဝသအဖွဲ့ခုျပ်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်ရေးဆွဲမှုများတွင် ၁၉၈၈ ခုနှစ်၏ ရာသီဥတုပြောင်းလဲမှု နှင့်ပတ်သက်သည့် နိုင်ငံတကာ အဖွဲ့အစည်းကို တည်ထောင်၍ ရာသီဥတုပြောင်းလဲခြင်း၏အကျိူးဆက်နှင့် လိုက်လျောညီထွေနေ ထိုင်ရန်ကြိုးစားခြင်းနှင့် ပြောင်းလဲမှုဒဏ်ခံရမှုနည်းပါးရန် ဆောင်ရွက်ခြင်းအတွက် လုပ်ငန်းဖွဲ့စည်းခြင်း၊ လူမှုရေးနှင့် စီးပွားရေးအကျိူးသက်ရောက်မှုကိစ္စများကို လေ့လာရန် လုပ်ငန်းစုအဖွဲ့ ဖွဲ့စည်းခြင်း၊ ထိုအဖွဲ့အစည်းများနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးမှ သိပ္ပံပညာရှင်များပူးပေါင်း၍ ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရာမှ   တွေ့ရှိချက်များကိုလည်း ဤသို့ ဖော်ပြခဲ့သည်။ ကမ္ဘာ့ပင်လယ်ရေ  မျက်နှာပြင်သည် သက္ကရာဇ် ၂၀၅၀ ပြည့်နှစ်တွင် လက်ရှိထက် မြင့်လာနိုင်ခြင်း၊ ရေသယံဇာတအရင်းအမြစ်များသည် ယခုထက်ပို၍ ခက်ခဲလာနိုင်ခြင်း၊ စိုက်ပျိူးရေး ကဏ္ဍတွင် အကျိူးဆက်များစွာ ဖြစ်ပေါ်လာနိုင်ခြင်း၊  သက္ကရာဇ်  ၂၀၃၀ပြည့်နှစ်တွင် ကမ္ဘာ့ မြေမျက်နှာပြင် အပူချိန်၃  ဒီဂရီစင်တီဂရိတ်အထိ တိုး၍ပူလာနိုင်ခြင်းဆိုသော အခြေအနေများကို ထုတ်ဖော်ခဲ့ကြသည်။ အထူးလေ့လာသုံးသပ်ချက်တစ်ရပ်ကိုလည်း ဖော်ပြခဲ့ရာ သတိပြုရန်အဖြေထွက် သည်မှာ ဖန်လုံအိမ်ဓာတ်ငွေ့များပင်ဖြစ်သည်။

ရာသီဥတုပြောင်းလဲခြင်း၏   ကျိူးဆက်များ

ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိသက်မဲ့ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည့် အကျိူးဆက်များမှာ သဲကန္တာရများသည် ပိုမို၍   အစွန်းရောက်သော ရာသီဥတု အခြေအနေများ ခံစားရဖွယ်ရှိနိုင်ပြီး ပူနွေးမှုများပိုလာသော်လည်း စွတ်စိုမှုသိသာစွာတိုးလာမည် မဟုတ်ကြောင်း သတိပြုရမည်ဖြစ်သည်။ ရေလွှမ်းမိုးမှုနှင့် မိုးခေါင်ခြင်းပုံစံများ ပြောင်းလဲသွားနိုင်သည်။ စိုက်ပိုျးနိုင်သည့်မြေနေရာများပြောင်းလဲပြီး တခိုျ့နေရာများ၌ အထွက်နှုန်းပိုလာနိုင်သော်လည်း တခြားဒေသများ၌ ယုတ်လျော့သွားဖွယ်ရာရှိသည်။ ရာသီဥတုပြောင်းလဲမှုသည် လူသားများ၏ ကောင်းကျိူးထက် ဆိုးကျိူးကို သိသာစွာပေးမည်ဖြစ်သည်။ ထိုအကျိူးဆက်များ၏ တွန်းအား ပေးမှုကြောင့် ရောက်လာမြဲရာသီဥတုသည် အချိန်ကာလရွေ့ကာ ပုံမှန်မဟုတ်သောရာသီဥတုအဖြစ် ဖြစ်ပေါ်နေသောကြောင့် ရာသီဥတုနှင့်ယှဉ်သည့် ဘေးဒဏ်အမျိူးမျိူးလည်း ဖြစ်ပေါ်လာမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကို  တုံ့ပြန်ရန်နည်းလမ်းများရာသီဥတုပြောင်းလဲမှုကိုတုံ့ပြန်ရန် နည်း လမ်းများကို ပညာရှင်များက ရှာဖွေခဲ့ရာ နည်းလမ်းတခိုျ့ကို ဤသို့ဖော်ပြခဲ့ပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချခြင်း၊ လိုက်လျောညီထွေနေထိုင်ရန်ကြိုးစားခြင်း၊  ရာသီဥတုပြောင်းလဲကြောင်းကို ပိုမိုသိရှိကြရန် ကြိုးစားခြင်းဆိုသော နည်းလမ်းများဖြစ်သည်။ ရာသီဥတုဟူသည် ဖြစ်စဉ်တစ်ရပ်အဖြစ် ရှိနေသော်လည်း ပြောင်းလဲမှုမမှန်သော နည်းလမ်းများကြောင့် ''သဘာဝဘေး'' စသောပျက်စီး ခြင်းများနှင့် တွေ့ကြုံနေရခြင်းဖြစ်သည်။  နွေမိုးဆောင်းပုံမှန်လည်ပတ်နိုင်သော အချိန်ကာလများသည် ယခုအခါ လွန်စွာအားနည်းနေပြီဖြစ်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခေါင်းဆောင်များနှင့် သိပ္ပံပညာရှင်များကပါ ဂေဟစနစ်များထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်း လျက်ရှိသည်။ ပထမဆုံးဆောင်ရွက်မှုအနေဖြင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်း ဆိုသောအဖွဲ့အစည်းကို ဖွဲ့စည်း၍ အခြေခံအကြောင်းများကို ရှာဖွေခြင်းများပြုလုပ်ခဲ့သည်။

လူသားတိုင်းကလည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းများသည် သတိထားကြရမည့်ဖြစ်စဉ်များအဖြစ် သာမက ဟန့်တားတိုက်ဖျက်ရေးအတွက် လမ်းညွှန်မှုများကိုပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  ပါဝင် ဆောင်ရွက်ကြရန် လိုအပ်သည်။ သို့မှသာ ပုံမှန်ပြောင်းလဲသောရာသီဥတုဖြစ်စဉ်များနှင့် ကမ္ဘာမြေ တစ်ခွင်ကို သာယာစေမည်ဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။           

မြမဉ္ဇူဝေ(ကျုံမငေး)

Read 35 times
Rate this item
(0 votes)