SJ WorldNews - шаблон joomla Авто

ကေတု


နယူးဒေလီ  စက်တင်ဘာ  ၁၆

အိန္ဒိယနိုင်ငံ မဟာရက်ထရာပြည်နယ် အနောက်ပိုင်း၌ စက်တင်ဘာ ၁၆ ရက်တွင် မီးလောင်မှုကြီး တစ်ခုဖြစ်ပွားရာ အိန္ဒိယနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် RK စတူဒီယို ပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

မြန်မာစကားပုံ၌ ပွဲမင်းလည်းငွေမှား၊ ဆေးသမားလည်း သားသေ၊ ဗေဒင်သမားလည်း နွားပျောက်ဟူ၍ ရှိကြလေရာ ငွေကောင်းမကောင်း အကဲဖြတ်သည့်ပုဂ္ဂိုလ် ပွဲမင်းပင်ဖြစ်လင့်ကစား အကဲဖြတ် မှားသည့်အခါရှိသည်။

နေပြည်တော် စက်တင်ဘာ ၁၆

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အစိုးရရှေ့နေများ အသင်း၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်သည်။

နေပြည်တော် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ (၃၆၅ )ရက် နေ့စဉ်အရုဏ်ဆွမ်းလောင်း အသင်းကြီး၏ ၂ဝ၁၇ ခုနှစ်၊ သြဝါဒခံယူပွဲနှင့် ပထမပြန်၊ ဓမ္မာစရိယနိကာယ်နှင့်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အောက်တိုဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်မည့် အခြေခံ (၁) ညနေပိုင်းသင်တန်း အမှတ်စဉ် (၅၉)ကို အွန်လိုင်းမှလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှသိရသည်။

မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နှစ်ပတ်လည်မျက်နှာစုံညီ အစည်း အဝေးကို ယနေ့နံနက် ၉ နာရီကရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ် ၌ကျင်းပကြောင်း သိရသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ ကြန့်ကြာမှုအဖြစ်ဆုံး အကွေ့အကောက်နှင့် လျှောစောက်အများဆုံးဖြစ်သည့် ဘူတာလေးခုကို သုံးနှစ်အတွင်း လမ်းအူလမ်းကြောင်းပြောင်းရန် သုတေသနပြုလုပ်လျက်ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအောင် ဝင်းထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် သဘာဝအတိုင်း မျိုးဆက်ရှင်သန်ခွင့်ရရှိစေရန် လွှတ်ထားသောကြယ်လိပ် အကောင် ၁၅ဝ ကို သစ်တောဦးစီးဌာန လိပ်မျိုး ဆက်ရှင်သန်ရေးနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာအစီ အစဉ်) တို့ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာအစီအစဉ်)မှ သိရသည်။

ရန်ကုန်  စက်တင်ဘာ  ၁၆

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပသည်။

စစ်တွေ  စက်တင်ဘာ  ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည် နယ်အစိုးရတို့ ပူးပေါင်း၍ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် အတွင်းရှိ ဒေသခံတိုင်း ရင်းသားကျေးရွာများနှင့် အစ္စလာမ်ဘာသာဝင် ကျေးရွာများအား ယနေ့နံနက်ပိုင်းတွင် စား နပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Page 2157 of 2235