SJ WorldNews - шаблон joomla Авто

ကေတု

အိမ်မဲ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လူကောင်းကျွန်း ကျေးရွာအုပ်စု လူကောင်းကျွန်း နယ်မြေရဲစခန်း၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျေးရွာအုပ်စု အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ)  သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) ဖွင့်ပွဲကျင်းပသည်။

ပုလဲ  စက်တင်ဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ ပုလဲရတနာခန်းမ၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅ဝဝ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

ပဲခူး  စက်တင်ဘာ  ၁၂

စင်ကာပူနိုင်ငံ NGEEANN  POLYTE CHNIC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုဘဝတိုးတက်ရေး အသင်းတို့ ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်ပင်ဆိပ်ကျေးရွာ အုပ်စုရှိ မျက်စိဝေဒနာရှင်များကို သုံးရက်တာ  အခမဲ့မျက်စိကုသစမ်းသပ်ပေးမှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၂

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၏ (၂၁)ကြိမ်မြောက် ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သည်။

ရန်ကုန် စက်တင်ဘာ ၁၂

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်း အားကစားသမားများအား တွေ့ဆုံခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏ အားကစားကွင်း မိုးလုံလေလုံ ခန်းမ၌ ကျင်းပသည်။

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်တင်မော်တော်ယာဉ်ကြီးများ လေးလအတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၂

မြန်မာနိုင်ငံမှ နှစ်ပေါင်း ၅ဝ ကျော် သက်တမ်းရှိ Distribution Company ဖြစ်သော Gandamar Business Solutions နှင့် ဂျပန်နိုင်ငံမှ နှစ်ပေါင်း ၅ဝ ကျော် သက်တမ်းရှိ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော

ထန်းတပင် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် နဲဗျောကျေးရွာ မြစ်ကမ်း တာပတ်အတွင်း ရေထိန်းတံခါး တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်  (၇၈)နှစ်မြောက်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။ 

နေပြည်တော်   စက်တင်ဘာ   ၁၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက နယ်မြေခံတပ်ရင်းရှိ သူရငွေထွန်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

Page 2158 of 2228