SJ WorldNews - шаблон joomla Авто

ကေတု

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်မြို့၏ အဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခုဖြစ်သည့် Golden City မှ ကလေးငယ်များ မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ကွဲပြားခြားနားမှု စွမ်းရည်တို့ကို အားပေးသည့် အနေဖြင့် Golden City in your eyes ကလေးပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ရာ ဆုရရှိသူ ခြောက်ဦးကို စိစစ်ရွေးချယ်ကာ ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၁

YBS ယာဉ်လိုင်းအားလုံး ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းကာ ဝေပုံကျ ခွဲယူသော ရှယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်ရမည့် ရက်ကို မကြာမီကြေညာမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ မကြာသေးမီက ကျိုးပေါက်ခဲ့ဖူးသည့် ငမိုးရိပ်ချောင်း အမှတ် (၆) ရေထိန်းတံခါး ရေရှည် တည်တံ့စေရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒဂုံ(မြောက်ပိုင်း) မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ထံ မှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် စာချုပ်ချုပ်ဆိုထားသော ပုဂ္ဂလိက ဆေးခန်းသုံးခုနှင့် စာချုပ်ချုပ်ဆိုရန် အဆိုပြုထားသော ပုဂ္ဂလိကဆေးခန်း ခုနစ်ခုအထိရှိကြောင်း လူမှုဖူလုံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုထံမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့လာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏

ညောင်ဦး   စက်တင်ဘာ   ၁၁

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်း  ဒုတိယနှစ်စက်ဝန်းတွင် ပါဝင်သော ပညာရေးနှင့် သက်ဆိုင်သည့်

တနင်္လာနေ့ည  ဥရောပတစ်ခွင်မှာ ဘောလုံးပွဲ နှစ်ပွဲသာရှိပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၄) ရဲ့ ပွဲကျန်တစ်ပွဲဖြစ်တဲ့ အမှတ်ပေးဇယား အောက်ဆုံးက ဝက်စ်ဟမ်းနဲ့ အမှတ်ပေးဇယား အဆင့် (၃) နေရာမှာ ရပ်တည်နေတဲ့ ဟတ်ဒါးဖီးလ်တို့ပွဲ၊ စပိန်လာလီဂါပွဲစဉ် (၃) ပွဲကျန်တစ်ပွဲဖြစ်တဲ့ မာလာဂါနဲ့ လက်စ်ပါးမက်စ်တို့ ပွဲစဉ်တွေဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပရိသတ်တွေအတွက် သုံးသပ်ဖော်ပြပေးလိုက်ပါတယ်။

ကလော  စက်တင်ဘာ  ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)   ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပသည်။

နမ့်ခမ်း  စက်တင်ဘာ  ၁ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း)  နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာအုပ်စု နမ့်တီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက လူမှောင်ခို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

Page 2164 of 2232