SJ WorldNews - шаблон joomla Авто

ကေတု

ရန်ကုန် စက်တင်ဘာ ၇

တစ်နိုင်ငံလုံး အတိုင်းအတာအရ မျက်စိဝေဒနာနှင့် ပတ်သက်၍ ကောက်ယူထားသော အချက်အလက်များကို ယခုနှစ်အတွင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီးမှ သိရသည်။

ပန်းတောင်း   စက်တင်ဘာ  

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ  ဧရာဝတီမြစ်ရေ  ဒုတိယအကြိမ်မြင့်တက်မှုကြောင့် ထပ်မံရေနစ်မြုပ်ခဲ့သည့် တောင်သူများ၏ စပါးခင်းများ အတွက် မျိုးစပါးတင်း ၄ဝဝ ကျော်ကို ယမန်နေ့ နံနက် ၁ဝ နာရီက သွားရောက်၍ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

နေပြည်တော် စက်တင်ဘာ ၇

နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေစင်ရွှေသား ရွှေပြား သင်္ကန်းတော်များ ကပ်လှူပူဇော်ရန် အတွက် (၁၈)ကြိမ်မြောက် ရွှေစင်ရွှေသား လှူဒါန်းပွဲကိုယနေ့ နံနက် ၉ နာရီခွဲတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်း ကျင်းပသည်။

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်များ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေး အတွက် မျှဝေစီးနင်းခြင်း ပို့ဆောင်မှုစနစ် အသုံးပြုခြင်းဖြင့် နေ့စဉ်သွားလာနေသော မော်တော်ယာဉ်အစီးရေ လေးသောင်းခွဲခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း အမေရိကန် အခြေစိုက် အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ  Uber မှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၇

ဒလဆိပ်ကမ်း သာယာလှပရေးနှင့် ခရီးသွားလာမှု အဆင်ပြေစေရေး အတွက် ဆိပ်ကမ်း အရှေ့လမ်းမကြီး ပလက်ဖောင်းများ တစ်လျှောက် သံဆန်ခါများ ကာလျက်ရှိကြောင်း ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၇

မြန်မာနိုင်ငံ၌ လေးကြိမ်မြောက် ကျင်းပမည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂနှင့် အလှဆင်ပစ္စည်းများ ဆိုင်ရာ  Myanmar Build & Décor  ပြပွဲကို စက်တင်ဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Event Park ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်မှ မန္တလေးသို့ ကွန်တိန်နာရထား ပြေးဆွဲရန် ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းအတွင်း လိုအပ်သော အခြေခံအဆောက်အအုံများကို လာမည့်နှစ်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးအောင်မြင့်နိုင်ထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အဆင်ပြေမှု ရှိစေရန် နိုင်ငံတကာ နည်းတူ မြေအောက်မှ လျှပ်စစ်ဓာတ်အား သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးစနစ်ကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ကပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများကို ရခိုင်ပြည်နယ်အစိုးရက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည့်

Page 2167 of 2231