SJ WorldNews - шаблон joomla Авто

ကေတု

ညောင်လေးပင်  စက်တင်ဘာ ၃

ရှေးဦးသူနာပြုစုခြင်း(အခြေခံ) ကျောင်းကြက်ခြေနီ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဝါးရုံကုန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပကြောင်း သိရသည်။

ပြည်  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး  ပြည်မြို့ အားကစားကွင်း၌ ယနေ့နံနက် ၁၁ နာရီခွဲတွင်၂ဝ၁၇ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လေးခရိုင်   အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား  ကျင်းပသည်။

ဂန့်ဂေါ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံ၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ရေလှောင်တမံ၌ ကျင်းပသည်။

မန္တလေး  စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မိချောင်းတက်ကျေးရွာနှင့် အခြားကျေးရွာတို့တွင် တိုင်ဝမ်သင်္ဘောကို သံပရာပင်များကြား   သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

မန္တလေး စက်တင်ဘာ ၃

မန္တလေးမြို့ရှိ ဒေသခံများက ခေါ်ဆိုသည့် အုပ်ကလေးအသင်း ခေါ် ရတနာပုံဗုဒ္ဓ ဘောဇနိယဥဿဟ အသင်း၏ (၉၅)ကြိမ်မြောက် မန္တလေးကျောက်တော်ကြီး ဘုရားတွင် အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

နေပြည်တော် စက်တင်ဘာ ၃

ဇီဝကအခမဲ့ဆေးခန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက် ဓမ္မပါလဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ပင်လည်ဘူး စက်တင်ဘာ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော တောင်သူစိုက်ပျိုးရေး ပညာပေးသင်တန်း   ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

နေပြည်တော် စက်တင်ဘာ ၃

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ  ရွာသာကျေးရွာတွင်   ဆယ်မာအူးလ်အွန်ဒုံ စီမံကိန်းကော်မတီ အနေဖြင့် ကျေးရွာနေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊

မြိုင်  စက်တင်ဘာ ၃

ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ (OSS)အလုပ်ရုံ ဆွေးနွေးပွဲကို     မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ယင်းတိုင်းတောင် Community Build Tourism ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

Page 2234 of 2292