SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
အကျိုးပြုဆောင်းပါး

အကျိုးပြုဆောင်းပါး (826)

အကျိုးပြုဆောင်းပါး

ဆောင်းပါးရှင်-အောင်နိုင်မင်း

မြန်မာ့သမိုင်း ခရီးစဉ်ကြီး တစ်လျှောက်တွင် မြန်မာပြည်ကြီးအား ဦးဆောင် ဦးရွက်ပြုခဲ့ကြသော ရှင်ဘုရင်(မင်း)တို့သည် ¤င်းတို့ စိုးစံခဲ့ သော နန်းသက်ကာလများအလိုက် အစဉ် အဆက်တိုင်းပြည်ကို ကွပ်ကဲအုပ်ချုပ်ပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဧကရာဇ်မင်းမြတ် များသည် တစ်နေ့ သုံးယံညီလာခံခြင်း၊ တိုင်းရေးပြည်မှု၊   သာသနာမှုနှင့် တကွ ကိုယ်တော်ရေးရာ မှစ၍ တိုင်ပင်တော်မူသင့် သည်များကို တိုင်ပင်နှီးနှော တော်မူခြင်း၊ မင်းကျင့်တရားများ၊ မင်းနှင့် ဆိုင်သောသင်္ဂဟ တရားများ၊ ရာဇဂုဏ်များနှင့် အမြဲပြည့်စုံ တော်မူအောင်    အားထုတ်ခြင်းများအား မင်း၏ မြဲမြံသော  အလုပ်ကိစ္စများအဖြစ် ဦးစားပေး သတ်မှတ်၍ လုံ့လပြု ဆောင်ရွက် ခဲ့ကြသည်။

ဤနေရာတွင် မင်းဟူသော ဝေါဟာရနှင့် ပတ်သက်၍ မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် ''တိုင်းနိုင်ငံတွင် စီမံအုပ်ချုပ်သူ၊ ဘုရင်၊ အစိုးရ''ဟု ဖော်ပြထားသည်။ ''မင်း''၏ဝေါဟာရသမိုင်းသည် မြန်မာစာပေ သမိုင်း အစကပင် ယှဉ်တွဲဖြစ်တည်ခဲ့သည်ကို တွေ့ရှိရသည်။

ပုဂံခေတ် ကျောက်စာခေတ်တွင်  အစောဆုံးဟု မော်ကွန်းတင်ခြင်းခံရသည့် ရာဇကုမာရ်ကျောက်စာ ကပင် စတင်ပြီး''မင်း''၊ ''မင်းကြီး''စသည့်   အသုံးအနှုန်းများကို တွေ့ရသည်။   ပထမမြန်မာနိုင်ငံ တည်ထောင်သူ  အနော်ရထာကို  မင်း၊ မင်းကြီး၊   စကြာဝတေးမင်း စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ချီးမြှင့်ခေါ်ဝေါ်ခဲ့ကြ သည်။

မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းပထမပိုင်းတွင် ရာဇနီတိ လောကနီတိကျမ်းလာ မင်း၊  အိမ်ရှေ့မင်း၊ ဝန်မင်း၊ မင်းကြီး စသည့် မင်းနှင့် ပတ်သက်သည့်တာဝန်များ၊   မင်းမှုထမ်း ကျင့်စဉ်များကို အသေးစိတ် ရှင်းလင်း ဖော်ပြထားပေသည်။ သို့သော် အင်္ဂလိပ်နယ်ချဲ့ သမိုင်းဆရာအချို့က ''မင်း''သည် ပဒေသရာဇ် ဧကရာဇ် သက်ဦး ဆံပိုင်ဖြစ်၍ တိုင်းသူပြည်သားများကို မတရားနှိပ်စက် ညှဉ်းပန်းသည့် သဘောဆောင်သည့် အရေးအသားအချို့ကို ရေးသားဖော်ပြခဲ့ကြပေသည်။

မြန်မာပြည်တွင် သာသနာကို စတင် တည်ထောင်ခဲ့သူ အနော်ရထာ(အနိရုဒ္ဓ)၏ ပါဠိသဘောအဓိပ္ပာယ်မှာ ပြည်သူတို့နှင့် မဆန့်ကျင်သောမင်းဟူ၍ ပညတ်ခေါ်ဝေါ် ခဲ့ခြင်းဖြစ်သည်။    မြန်မာမင်းတို့သည်  ဘုရား လောင်း ပါရမီဖြည့်ကျင့် သူများပီပီ ''တရားမင်း''ဟူသော ဘွဲ့အမည်ကိုသာခံယူ လိုကြပေသည်။ ထို့ကြောင့် ဘုရင်မင်းမြတ် တို့သည်-

ဒါန - အလှူပေးခြင်း၊

သီလ - သီလဆောက်တည်ခြင်း၊

ပရိစာဂ - ပေးကမ်းစွန့်ကျဲခြင်း၊

မုဒုက - ကိုယ်နှုတ်သိမ်မွေ့ခြင်း၊

ဥပေါသထ - ဥပုသ်ဆောက်တည်ခြင်း၊

အက္ကောဓ -  အမျက်မထွက်ရခြင်း၊

အဝိရောဓိ - ရဟန်းရှင်လူပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း၊

အဝိဟိံသန  - ပြည်သူတို့ကို   အခွန်အတုတ်   အမျိုးမျိုးဖြင့် မညှဉ်းဆဲရခြင်း၊

ခန္တီ -  သည်းခံရခြင်းနှင့်

သမ္မာပဋိပန         - ဖြောင့်မတ်မှန်ကန်စွာ ကျင့်သုံးရခြင်း ဟူသည့် အသီတိနိပါတ်တော်လာ မင်းကျင့်တရား  ၁ဝ ပါးနှင့်အညီ ကျင့်ကြံအားထုတ်အုပ်ချုပ် ခဲ့ကြသည်။

ထိုမျှမက မင်းကျင့်တရားများနှင့်အညီ အုပ်ချုပ်သော မင်းကောင်းမင်းမြတ်တို့၏ ထူးခြားသော   ဂုဏ်အင်္ဂါ များဖြစ်သည့် ရာဇဂုဏ် ရှစ်ပါးကြောင့်၊  မှူးမတ်ပြည်သူ ရှင်လူအပေါင်းတို့ကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။

ရာဇဂုဏ်ဆိုသည်မှာ (ရာဇ - တရားနှင့် အညီ ကျင့်သောမင်း၊ ဂုဏ်- ထူးကဲသော သတ္တိကိုပြခြင်း၊ ထင်ရှား ခြင်း၊ သူတကာထက် ထူးကဲသော အရည်အချင်းများဟု မြန်မာ ဝေါဟာရ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုထားခြင်းကြောင့်) တရားနှင့်အညီ ကျင့်သောမင်း၏ သူတကာထက် ထူးကဲသော အရည်အချင်း များဟု ဆိုရပေမည်။

ရွှေနန်းသုံးဝေါဟာရအဘိဓာန်ပါ ရာဇနီတိ ခေါ် ရာဇဂုဏ်ရှစ်ပါးမှာ သိကြားမင်း ကဲ့သို့ကျင့်ခြင်း၊ နေကဲ့သို့ ကျင့်ခြင်း၊ လကဲ့သို့ ကျင့်ခြင်း၊ လေကဲ့သို့ကျင့်ခြင်း၊ ယမမင်းကဲ့သို့ ကျင့်ခြင်း၊ သမုဒ္ဒရာကဲ့သို့ ကျင့်ခြင်း၊ မြေကြီး ကဲ့သို့ကျင့်ခြင်းနှင့်    မိုးကဲ့သို့ကျင့်ခြင်းတို့ ဖြစ်သည်။

သိကြားမင်းကဲ့သို့ကျင့်ခြင်းဟူသည်ကား သိကြားမင်းသည် နတ်အပေါင်းတို့အား နှိမ်နင်းတန်သည်ကို နှိမ်နင်း၍ ချီးမြှောက် တန်သည်ကို ချီးမြှောက်သကဲ့သို့ ရေမြေ သေဌ်နင်းမင်းတို့သည်လည်း   မသူတော်တို့အား နှိမ်နင်း၍ သူတော်တို့အား ချီးမြှင့် မြှောက်စားခြင်းများပြုလုပ်ကုန်ရာသည်။

နေကဲ့သို့ကျင့်ခြင်းဟူသည်ကား နေမင်းသည် ရောင်ခြည် တစ်ထောင်ဖြင့် ဖြည်းညင်း သာယာစွာ မိုးရေကို ခန်းစေသကဲ့သို့ ရေမြေ သေဌ်နင်းမင်းတို့သည်လည်း အခွန်အတုတ် ကို ဖြည်းညင်းသာယာစွာ ကောက်ခံ ယူ ကုန်ရာသည်။

လကဲ့သို့ကျင့်ခြင်းဟူသည်ကား လပြည့်ဝန်းသည် မြင်မြင်သမျှကုန်သော သူတို့၏  ဝမ်းမြောက်ခြင်းကို ဖြစ်စေ သကဲ့သို့ ရေမြေသေဌ်နင်းမင်း တို့သည်လည်း ရွှင်လန်း သာယာစွာ ပြောဆိုသဖြင့်  မှူးမတ်ပြည်သူ

ရှင်လူအပေါင်းတို့၏   ဝမ်းမြောက်ခြင်းကို ဖြစ်စေ ကုန်ရာသည်။

လေကဲ့သို့ကျင့်ခြင်း ဟူသည်ကား လေသည် သတ္တဝါအပေါင်းတို့၏ ကိုယ်အတွင်းသို့ဝင်၍ သွားသကဲ့သို့ ရေမြေသေဌ် နင်းမင်းတို့သည်လည်း ခပ်သိမ်းကုန်သော တိုင်းသူပြည်သား ရှင်လူအပေါင်းတို့၏   အမူအရာ ချမ်းသာဆင်းရဲကို လည်းကောင်း၊ မိမိတို့၏ အကျိုး အပြစ်ကိုလည်းကောင်း၊ ကိုယ်တိုင် လှည့်လည် ၍လည်းကောင်း၊    အမတ်သူလျှိုထား၍ လည်းကောင်း သိအောင်ပြုရာကုန်သည်။

ယမမင်းကဲ့သို့ ကျင့်ခြင်းဟူသည်ကား ယမမင်းသည် ချစ်သောသူ၊ မုန်းသောသူဟူ၍ မရှိ။  ကံနှင့် လျော်ညီစွာ ရောက်လာလျှင် စီရင်သကဲ့သို့ ရေမြေသေဌ်နင်းမင်းတို့သည် လည်း ချစ်သူမုန်းသူ မရွေး ချယ်ဘဲ မျက်နှာကြီးငယ် အရွယ်မထောက် အမှုနှင့်လျော်ညီစွာ စီရင်ကုန်ရာသည်။

သမုဒ္ဒရာကဲ့သို့  ကျင့်ခြင်းဟူသည်မှာ သမုဒ္ဒရာသည် ရေကိုမတောင့်တသကဲ့သို့ ရေမြေသေဌ်နင်းမင်း တို့သည်လည်း ဥစ္စာကို မတောင့်တဘဲ ထုံးစံရှိရာ ရထိုက်သမျှကိုသာ ခံယူကုန်ရာသည်။

မြေကဲ့သို့ကျင့်ခြင်းဟူသည် မြေကြီးသည် သတ္တဝါအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ် သကဲ့သို့ ရေမြေသေဌ် နင်းမင်း တို့သည်လည်း သင်္ဂဟတရား လေးပါးဖြင့် ပြည်သူအပေါင်း တို့၏ မှီခိုကိုးကွယ်ရာဖြစ်အောင် ကျင့်ဆောင် ကုန်ရာသည်။

မိုးကဲ့သို့ကျင့်ခြင်းဟူကား မိုးသည် သတ္တဝါ အပေါင်းတို့အား   မိုးရေဖြင့်  ရောင့်ရဲစေဘိသကဲ့သို့    ရေမြေ သေဌ် နင်းမင်းတို့သည်လည်း အမှုထမ်း အရာထမ်းတို့အား မျိုးရိက္ခာ အဝတ်အစားတို့ဖြင့်   ရောင့်ရဲစေ ကုန်ရာသည်။

ဤကဲ့သို့   မင်းကောင်းမင်းမြတ်တို့၏ ထူးခြားကောင်းမွန်သော ဂုဏ်အင်္ဂါများ ကြောင့် တိုင်းသူပြည်သား ရှင်လူရဟန်းတို့ ချမ်းမြေ့ပျော်ရွှင်မှု၊ တိုင်းရေးပြည်ရွာ သာယာ ဝပြောခြင်းများ ဖြစ်ပေါ်စေလျက် တိုင်းပြည် ၏ ဂုဏ်သတင်းကို မွှေးပျံ့ စေခဲ့ပါကြောင်း လေ့လာတင်ပြ လိုက်ရပါသည်။  

................

Page 49 of 59