SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
အကျိုးပြုဆောင်းပါး

အကျိုးပြုဆောင်းပါး (826)

အကျိုးပြုဆောင်းပါး

မြန်မာပြက္ခဒိန် ဆယ့်နှစ်လရာသီမှ ဗြိစ္ဆာရာသီ တန်ဆောင်မုန်းလဘွဲ့ လူးတားတွင် ''---ရွှေပွင့်ခဝဲ၊ ဝတ်မှုန်ကြဲလျက်၊ ထွဋ်ကဲစိန္တေ၊ ရှင်တော့်မွေကို၊ ရိုသေညွတ်ကျိုး၊ မသိုးသင်္ကန်း၊ လှူဒါန်းရောင်ရှိန်၊ ကထိန်ပွဲခင်း၊ ကြိုင်သင်းပန်းမန်၊ ဆုပန်မြွက်ဟ၊ သံချိုမြနှင့် ---''ဟူ၍ ဦးယာကဖွဲ့ဆိုထားသည်။ သီတင်းကျွတ် ပွဲတော်ပြီးသည့်နောက် တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးမြိုင်မြိုင်နှင့် ကထိန်အလှူပွဲ များကို မြို့ပြကျေးလက် ခေတ်အဆက်ဆက် တို့တွင် ကျင်းပကြသည်မှာ ဗုဒ္ဓဘာသာ မြန်မာတို့၏ ရတနာသုံးပါးကို ကြည်ညို သဒ္ဓါပွားကြသည့် ပြယုဂ်ဖြစ်သည်။

မြန်မာ့လူမှုရေး နယ်ပယ်၌ ပေါင်းသင်းဆက်ဆံ ပြောဆိုရာတွင် မကြာခဏ ဆိုသလို မြန်မာ စကားပုံများကို  ထည့်သွင်းပြောဆိုလေ့ ရှိကြရာ စကားပုံများသည် တိုတိုနှင့် မိမိရည်ညွှန်း ပြောဆိုသည့် ဦးတည်ချက်သို့ လျင်မြန်စွာ ချဉ်းကပ်နိုင်သည်ဟု ဆိုနိုင်သော်လည်း ယင်းစကားပုံ၏ အဓိပ္ပာယ်ကို ဂဃနဏ မသိသေးသော သူအတွက်မူ ဆိုလိုရင်းကို နားမလည်နိုင်စရာ ဖြစ်နိုင်ပေသည်။ မြန်မာ စကားပုံများသည် ဗဟုသုတ၊ ပျော်ရွှင်စရာ၊ အတုယူစရာ၊ မှတ်သားစရာနှင့် သံဝေဂရစရာ စသည့် အစွမ်းများ ပေးစွမ်းနိုင်လေရာ မြန်မာ စကားပုံ တချို့နှင့် ပတ်သက်၍ လေ့လာမိသမျှကို မျှဝေပေးလိုက်ပါသည်။

Friday, 27 October 2017 10:08

စံချိန်စံညွှန်း

Written by

ခေတ်သစ်စီးပွားရေးနှင့် လူမှုလောကတွင် စံချိန်စံညွှန်း ဆိုသည့် ဝေါဟာရ တွင်ကျယ်စွာ အသုံးပြုကြသည်ကို အတော်ပင် သတိထားမိပေသည်။ အဆင့်အတန်း မြင့်မားစွာ အသုံးပြုမှုကို ဖော်ညွှန်းပေသည်။ စံချိန်စံညွှန်း ဆိုသည့် ဝေါဟာရကို မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာစာ အဘိဓာန် အကျဉ်းချုပ်တွင် စံချိန်စံညွှန်း နှစ်မျိုးခွဲခြား ဖွင့်ဆို ထားသည်။ စံအမြင့်ဆုံး သတ်မှတ်ချက် အဆင့်အတန်း မြင့်မားစွာ ဖော်ညွှန်းသတ်မှတ် ချက်သည် စံချိန်စံညွှန်း ကိုက်ညီသည်ဟု ဆိုရန်ရှိပေသည်။ မျက်မှောက်ခေတ်တွင် အရည် အသွေးကို ဦးစားပေးလျက် ရှိလေရာ စံချိန်စံညွှန်း ကိုက်ရန်လို၏။ သူ့ထက်ငါ ကောင်းအောင် ဖော်ဆောင်ရသည့် အခြေအနေဖြစ်၏။ ထို့ကြောင့် နောက်ကျ မကျန်ရစ်စေဖို့ စံနှုန်းမြင့်   အရည်အသွေး ကောင်းထုတ်ရန် ပစ္စည်းတွေ ကြွယ်ဝလာရေးက ပဓာနကျလာပေသည်။

Thursday, 26 October 2017 10:16

ဝါကျမှန်မှန်(၃)

Written by

''ဝါကျထဲက စကားလုံး အစီအစဉ်နဲ့ ပတ်သက်ပြီး သတိထားစရာ ကလေးတွေ ဆက်ပြောစရာ ရှိသေးတယ်ဆိုတာ ဘာတွေပါလဲဆရာ'' ''သြော်...အဓိပ္ပာယ်တစ်မျိုးတည်း ထွက်အောင် သတိထားပြီးပြောဖို့ရေးဖို့ပါပဲ။ တစ်ခါတစ်ခါကျတော့ မရည်ရွယ်ဘဲ ရေးချင်တာကတစ်မျိုး အဓိပ္ပာယ် ထွက်တာကတစ်မျိုး ဖြစ်သွားတတ်တယ်လေ။ တစ်ခါက ဆရာဖတ်လိုက်ရဖူးတယ်။ ဘာတဲ့။ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံသည် လွတ်လပ်ရေး ပြန်လည်ရရှိသည်တဲ့'' ''ဟုတ်ကဲ့'' ''ရေးတာက မြန်မာနိုင်ငံ လွတ်လပ်ရေးရတ ထဲ့ နှစ်အကြောင်း ရေးတာပါ။ ဒါပေမဲ့ သားတို့ သမီးတို့ စဉ်းစားကြည့်စမ်း။ ၁၉၄၈ ခုနှစ်တွင်    ဗြိတိသျှ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံလို့ ရေးတော့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ   ဗြိတိသျှလက်အောက်ခံ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်မနေဘူးလားကွယ်'' ''ဟုတ်တယ်နော် ဆရာ။ အဲဒီအဓိပ္ပာယ် ဖြစ်သွားတာပေါ့'' ''တကယ်တော့ 'ဗြိတိသျှလက်အောက်ခံ ဖြစ်သော'ဆိုတဲ့ အထူးပြုစကားထည့်လိုက်လို့ ရှုပ်သွားတာပါ။'၁၉၄၈ ခုနှစ်တွင် မြန်မာ နိုင်ငံသည် လွတ်လပ်ရေး ပြန်လည်ရရှိသည်'လို့ ရေးရင်ရှုပ်စရာ မရှိဘူးလေ။ ထည့်ချင် ရင်လည်း 'ဗြိတိသျှလက်အောက်ခံ ဖြစ်သော မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ပြန်လည်ရရှိသည်'လို့ ရေးဖို့ကောင်းတာပေါ့။ သားတို့ သမီးတို့ရှင်းအောင် ဆရာရေးပြမယ်'' ကျွန်တော်ဟာ ထိုဝါကျများကို စာရွက်ငယ်တွင်ရေးပြလိုက်သည်။

အသိဥာဏ်ဟူသည် သိသင့်သိထိုက်သော အမှုကို သိသောဥာဏ်၊ သိမှုဝိဇ္ဇာဥာဏ်ဖြစ်သည်။ တွေးခေါ်မြော်မြင်တတ်သော၊ ဆင်ခြင်တတ်သော ဥာဏ်ဟုလည်း ဆိုကြသည်။ မှန်ကန်သော အသိရှိအောင် အသိဥာဏ်က အထောက်အပံ့ ပြုနေသည်။ အသိဥာဏ်တိုးပွားက ပညာကြွယ်မည်။ ပညာကြွယ်ဝ ပြည့်စုံက ဘဝတန်ဖိုးမြင့်မားဖို့ လုပ်ဆောင်မည်။ ဘဝတန်ဖိုး မြင့်မားလိုက အသိဥာဏ်ကို တိုးလို့ကျင့်ကြံမည်။ အသိဥာဏ် တိုးပွားမှုနှင့် ဘဝတန်ဖိုး မြင့်မားမှုသည် အပြန်အလှန် ဆက်စပ်နေကြသည်။

မိမိတို့ရဲ့ လူမှုပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်မည် ဆိုပါက အချို့က ကောင်းတာလုပ်နေ ပါလျက် ကောင်းကျိုးတွေ မရတဲ့အပြင် ဒုက္ခတွေတစ်သီကြီး ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။ အချို့ကျတော့လည်း မကောင်းတာတွေ လုပ်ပြီး ကြီးပွားချမ်းသာ နေကြပါတယ်။ ဒါတွေ မြင်တွေ့ကြရတဲ့ အခါ မြတ်စွာဘုရား ဟောကြားတော် မူခဲ့သော'' ကောင်းမှုကုသိုလ် ပြုလုပ်လေ့ရှိသူသည် ကောင်းသောအကျိုးကို စံစားရ၏။ မကောင်းမှု အကုသိုလ်ကို ပြုလေ့ရှိသော သူသည် မကောင်းသော အကျိုးကို ခံစားရ၏'' ဆိုသည့် မိန့်ဆိုစကားကို နားမလည် ဖြစ်ရသူတွေက သူတို့မြင်တွေ့ နေရသည့် ပတ်ဝန်းကျင်ကို သာဓကပြုပြီး ပြောလေ့ရှိကြပါတယ်။

ကုလသမဂ္ဂဟူသော အမည်သည် ၁၉၄၂ ခုနှစ် ကုလသမဂ္ဂ ကြေညာစာတမ်းတွင် ဝင်စတန်ချာချီနှင့် ရုစဗဲ့တို့က စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကုလသမဂ္ဂညီလာခံကို ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅၁ နိုင်ငံ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂ ကြေညာစာတမ်းကို အတည်ပြုခဲ့ကြသည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကုလသမဂ္ဂ အဖွဲ့ကြီး တရားဝင် ပေါ်ထွန်းခဲ့သည်။

လူတိုင်းသည် မိမိဆန္ဒအရ ဆောင်ရွက်မှု တိုင်းတွင် အောင်မြင်ခြင်းပန်းတိုင်ကို ရယူလိုသူ ချည်းသာဖြစ်သည်။ ပညာရေး၊ စီးပွားရေး၊ အသက်ရှည်ရှည် နေလိုရေးဟူသည့် ပန်းတိုင် အသီးသီးကို မျှော်မှန်းကာ အောင်မြင်မှု ရရှိရေး ကြိုးပမ်းကြသည်။ ပန်းတိုင်ရောက်ရန် စိတ်ကူးဆန္ဒ ရှိရုံဖြင့်မပြီးပေ။ ကျော်ဖြတ်ရမည့် နည်းလမ်းအသွယ်သွယ်ကို သိရှိကာ၊ စနစ်တကျ ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်သည်။ ယင်းကဲ့သို့ ကြိုးပမ်းရာတွင် အဓိက အချက်နှစ်ချက် မြင်တွေ့ရမည်ဖြစ်သည်။ ယင်းတို့မှာ ဥာဏ်ရည် (IQ)နှင့် နှလုံးရည် (EQ) တို့ဖြစ်သည်။

Page 52 of 59