SJ WorldNews - шаблон joomla Авто

လေထု ညစ်ညမ်းမှုက မမွေးသေးသည့် ကလေး၏ ကျန်းမာရေးကိုပင် ထိခိုက်နိုင်

Saturday, 09 December 2017 09:09 font size decrease font size decrease font size increase font size increase font size

လေထုညစ်ညမ်းမှုသည် ကလေးငယ်များ အတွက် အလွန်ဆိုးဝါးသည့် အန္တရာယ်တစ်ခု ဖြစ်ပြီး မမွေးဖွားသေးသည့် ကလေးငယ်များ တစ်နည်းအားဖြင့် သန္ဓေသားများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း သုတေသနတစ်ခုက တွေ့ရှိထားသည်။

လန်ဒန်မြို့ရှိ သုတေသနပညာရှင်များက လေထုညစ်ညမ်းမှုနှင့် ယာဉ်ကြော ဆူညံမှုများ ကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုဒဏ် ခံစားရသော မိခင်လောင်းများ၏ အခြေအနေ များကို ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ¤င်းတို့က  အဆိုပါနှစ်များအတွင်း   ယင်းဒေသများ၌ နေထိုင်သည့် အမျိုးသမီးများက မွေးဖွားလာသော ကလေးငယ် ၅၄ဝ၃၆၅ ဦး၏ မွေးကင်းစ ကိုယ်အလေးချိန် အချက်အလက်များကို  ရယူစုဆောင်းခဲ့ ကြသည်။

ပျမ်းမျှအားဖြင့်  လေထုညစ်ညမ်းမှု ဆိုသည်မှာ လေထု ၁ ကုဗမီတာတွင် PM 2.5 အမှုန် ၁၄ မိုက်ခရိုဂရမ် ပါဝင်ခြင်းဖြစ်သည်ဟု သုတေသန ပညာရှင်များက တွက်ချက်ထားသည်။ အဆိုပါ PM 2.5 သည် အလွန်သေးငယ်သော အမှုန်ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရှိ သေးငယ်သော လေဝင်ပေါက်များ မှတစ်ဆင့် အဆုတ်အတွင်း ရောက်ရှိသွားခြင်း ဖြစ်သည်။

လေထု ၁ ကုဗမီတာတွင် အဆိုပါ အမှုန် ၅ မိုက်ခရိုဂရမ် တိုးလာသည့်အခါတိုင်း ပေါင် ချိန်မပြည့်သည့် ကလေးမွေးဖွားမှုနှုန်း ၁၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သုတေသန ပညာရှင်များက တွေ့ရှိထားသည်။ မွေးကင်းစ ကလေးများ ပေါင်ချိန်မပြည့်မှု ကြောင့် ယင်းကလေးများ ကြီးပြင်းလာသည့် အခါ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုး ရောဂါတို့ကို ခံစားရနိုင်သည်။

ယာဉ်လမ်းကြောင်းပေါ်မှ ဆူညံမှုများကမူ မွေးကင်းစကလေး  ကိုယ်အလေးချိန်နှင့် ဆက်စပ်မှု မရှိကြောင်း သုတေသန ပညာရှင်များက ဆိုသည်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီက စံသတ်မှတ်ထားသည့် လေထုညစ်ညမ်းမှုတွင်  PM 2.5 အမှုန် ပါဝင်မှု ပမာဏ ၁၂ မိုက်ခရိုဂရမ်ဖြစ်ပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကမူ ၁ဝ မိုက်ခရိုဂရမ်ဟု သတ်မှတ်ထားသည်။

သို့သော် လန်ဒန်အင်ပီရီယယ် ကောလိပ်မှ ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင် မီရေးဘီတိုလီဒါနို ကမူ လေထုညစ်ညမ်းမှုတွင် မည်သည့်အဆင့် ကမျှ စိတ်ချရခြင်း မရှိဟု ပြောသည်။ PM 2.5 အမှုန် ၁ဝ ရာခိုင်နှုန်း လျှော့ချ နိုင်တိုင်း မမွေးဖွားသေးသည့် ကလေးငယ် အယောက် ၉ဝ ၏ ကျန်းမာရေးကို ကြိုတင် ကာကွယ်နိုင်ကြောင်း၊ သို့သော် လက်ရှိလေထု ညစ်ညမ်းမှု အခြေအနေများသည် ကိုယ်ဝန်ဆောင် မိခင်များက   ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေကို    မည်သို့မျှ ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း တိုလီဒါနိုက ပြောထားသည်။

Ref: The New York Times

Read 450 times Last modified on Saturday, 09 December 2017 09:37