SJ WorldNews - шаблон joomla Авто

စေတနာ့ဝန်ထမ်း ကြက်ခြေနီ လူငယ်မောင်မယ်များ စည်းရုံးရေးမှူး သင်တန်းဆင်း

Monday, 11 December 2017 10:28 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား  ဒီဇင်ဘာ  ၁ဝ

စေတနာ့ဝန်ထမ်း  ကြက်ခြေနီလူငယ်မောင်မယ်များ စည်းရုံးရေးမှူး  သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ၂ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အချိန်ပိုင်း အလုပ်အမှုဆောင်၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်က ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့အကြောင်းကို သိရှိထားရမည်ဖြစ်ပြီးကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း၊ ထို့ပြင် စည်းရုံးရေးမှူး တာဝန်ဝတ္တရားများကိုလည်း သိရှိနားလည်ပြီး လိုက်နာကျင့်ကြံရန် လိုအပ်ကြောင်း၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ မူများအတိုင်း လူမှုကူညီရေး လုပ်ငန်းများအား လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ရန် လိုအပ်ကြောင်း   သင်တန်းဆင်း အမှာ စကားပြောကြားပြီး   သင်တန်းထူးချွန်ဆုရ တပ်ဖွဲ့ဝင် သုံးဦးအား ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဌာနအကြီးတန်း အသင်းခွဲ ဖွံ့ဖြိုးတိုးတက်ရေး အရာရှိ  ဦးအောင်မျိုးဦးက  ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ (ICRC, IFRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း အကြောင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ ကြက်ခြေနီ အသင်းများ၏ဥပဒေ၊  ကျေးရွာများတွင် လက်တွေ့ကွင်းဆင်း စည်းရုံးရာတွင် ထိရောက်စေမည့်   စည်းရုံးရေး နည်းပညာများကို သင်ကြားဆွေးနွေးကြောင်း၊ ကချင်ပြည်နယ်တွင် အဆိုပါသင်တန်းကို တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး စည်းရုံးရေးမှူး အင်အား ၈ဝ ဦး မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်နိုင်ခဲ့ကာ ကချင်ပြည်နယ်အတွင်း မြို့နယ် ၁ဝ မြို့နယ်မှ ကြက်ခြေနီစည်းရုံးရေးမှူး ၂ဝ ဦး တက်ရောက်သည်။

သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ တပ်ဖွဲ့ဝင်များ  အင်အား ၃ဝ ကျော် တက်ရောက်ကြကြောင်း သိရသည်။

Read 424 times Last modified on Monday, 11 December 2017 10:29