SJ WorldNews - шаблон joomla Авто

ရမည်းသင်းမြို့၌ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

Tuesday, 12 December 2017 09:45 font size decrease font size decrease font size increase font size increase font size

ရမည်းသင်း  ဒီဇင်ဘာ  ၁၁

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်   ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာလှလှဌေးက ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းကို ဖတ်ကြားသည်။

ထို့နောက် ရမည်းသင်းမြို့နယ် ကျန်းမာရေးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က HIV/AIDS ရောဂါနှင့်ပတ်သက်သော အချက်အလက်များကို ရှင်းလင်းတင်ပြပြီး World AIDS Day အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ဆုရရှိသူများ၊ ကဗျာစာမူချီးမြှင့်ပေးသော စာပေပညာရှင်များ၊ တေးသရုပ်ဖော် အဖွဲ့တို့ကို ဆုနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီအသင်းဝင်များ၊ မြို့မိမြို့ဖများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

Read 406 times Last modified on Tuesday, 12 December 2017 09:46