SJ WorldNews - шаблон joomla Авто

ဖလမ်းပြည်သူ့ ဆေးရုံကြီးအတွက် ဒေါ်လာလေးသိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းမည်

Thursday, 14 December 2017 10:04 font size decrease font size decrease font size increase font size increase font size

ဖလမ်း  ဒီဇင်ဘာ ၁၃

အမေရိကန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် C.U.R.E. Associationက ချင်းပြည်နယ် ဖလမ်းပြည်သူ့ဆေးရုံကြီးအတွက်   အမေရိကန်ဒေါ်လာ လေးသိန်းကျော်တန်ဖိုးရှိ ပြည်သူ့အကျိုးပြု ဆေးရုံသုံးပစ္စည်းများကို  ဒီဇင်ဘာ ၁၅ ရက်တွင် လှူဒါန်းမည်ဖြစ်ကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Rotary Club of Central Yangon မှ သိရသည်။

 ''ကျွန်တော်တို့အဖွဲ့နဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဖလမ်းဆေးရုံကို လှူဒါန်းမယ့်ပစ္စည်းတွေ ဒီဇင်ဘာ ၉ ရက်မှာ ရန်ကုန်ကိုရောက်ရှိလို့ ကျွန်တော်တို့အဖွဲ့က လွှဲပြောင်းရယူပြီးတော့ ဖလမ်းမြို့ကို ပစ္စည်းတွေ ပို့ပေးလိုက်ပါပြီ။ လိုင်စင်လျှောက်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းကို  ချင်းပြည်နယ် အစိုးရအဖွဲ့၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနတို့    ပူးပေါင်းပြီး ဆောင်ရွက်ရတာပါ။

ကျွန်တော်တို့က   ဖလမ်းမြို့ရောက်တဲ့အထိ  ပို့ဆောင်ပေးရတာပါ ''ဟု Rotary Club of Central Yangon မှ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။

အဆိုပါဆေးရုံသုံးပစ္စည်းများမှာ မော်တာတပ် ခုတင်၊ ချွဲစုပ်စက်၊ ခန္ဓာကိုယ်တွင်း မှန်ပြောင်းကြည့်စက်၊   ဆေးရုံသုံးပစ္စည်း အပူပေးသည့်စက်များ၊ မေ့ဆေးစက်၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ အပါအဝင် ပစ္စည်း အမျိုးအစားပေါင်း ၇ဝဝ ကျော် ပါဝင်ကြောင်းသိရသည်။

Read 438 times Last modified on Thursday, 14 December 2017 10:05