SJ WorldNews - шаблон joomla Авто

ကျောင်းကျန်းမာရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပ

Tuesday, 15 August 2017 10:22 font size decrease font size decrease font size increase font size increase font size

ပဲခူး   သြဂုတ်   ၁၄

ကျောင်းကျန်းမာရေး ရက်သတ္တပတ် အခမ်းအနားကို ပဲခူးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ   ပဲခူးမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်လွင်လွင်ဦးက  ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်အောင်မြင်ရန် အတွက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေး ဆောင်ရွက်ခြင်း နှင့် ကုသရေး၊    ကူးစက်ရောဂါ ကာကွယ်ရေး၊  ကျောင်းကျန်းမာရေး ပညာပေးရေး၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေး ဆိုသည့် လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ထားရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ    အခြေခံပညာ ကျောင်းများ၌   အဆိုပါလုပ်ငန်းများကို နေ့အလိုက်သတ်မှတ်ပြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အထူးဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍      မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်ဦးနှင့်     တာဝန်ရှိသူများက ကျောင်းကျန်းမာရေး ရက်သတ္တပတ် စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား  ဆုများအသီးသီး ပေးအပ် သည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာကြသော ဧည့်သည်တော်များက ကျောင်းကျန်းမာရေးဆိုင်ရာ ပန်းချီကားများနှင့် ပိုစတာများ၊ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းနှင့်   အာဟာရ ကျွေးမွေးနေခြင်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းကျန်းမာရေး စံပြဆုရကျောင်းများကို ခရိုင်အလိုက် အထက်တန်းအဆင့် သုံးကျောင်း၊ အလယ်တန်းအဆင့် သုံးကျောင်း၊ မူလတန်း အဆင့် သုံးကျောင်း စုစုပေါင်းကိုးကျောင်း၊ တိုင်းဒေသကြီးအတွက်    ကျောင်းပေါင်း ၃၆ ကျောင်းကို ရွေးချယ်ကာ နှစ်စဉ်ပညာသင်နှစ်အလိုက်  ဆုများပေးအပ်လျက် ရှိကြောင်း သိရသည်။ 

Read 684 times Last modified on Tuesday, 15 August 2017 10:23