SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရာသီတုပ်ကွေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကလေးများအား ဗီတာမင်အေ တိုက်ကျွေးခြင်း ဆောင်ရွက်

Tuesday, 15 August 2017 11:24 font size decrease font size decrease font size increase font size increase font size

ရွာသစ်  သြဂုတ်  ၁၄

ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် ကလေးများအား ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်း ကို ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် ဘောလခဲခရိုင် ရွာသစ်မြို့ စတုမာလာဓမ္မာရုံ၌ ဆောင်ရွက်သည်။

အဆိုပါ ဟောပြောပွဲတွင် ကျေးလက် ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းစိန်ညွန့်က ရာသီတုပ်ကွေးရောဂါ အမျိုးအ စားများ၊ ရောဂါကူးစက်နိုင်ပုံ၊ ရောဂါလက္ခဏာများနှင့် H1N1 ရောဂါကာကွယ်ရန် နည်းလမ်းများ၊ မိမိကိုယ်ကို ကာကွယ်ရန် လက်ဆေးခြင်းနှင့် နှာခေါင်းစည်းများ စနစ်တကျအသုံးပြုရန် နည်းလမ်းများကို ဟောပြောသည်။ ထို့ပြင် ကလေးများအား ဗီတာမင်အေ တိုက်ကျွေးရခြင်း၏ အကျိုးကျေးဇူးများကို အသေးစိတ် ဟောပြောကာကလေး များအား ကျန်းမာရေး စောင့်ရှောက်မှု စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် ဗီတာမင်အေဆေးများ တိုက်ကျွေးကြောင်း သိရသည်။

Read 586 times Last modified on Sunday, 20 August 2017 19:07