SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

Wednesday, 16 August 2017 10:10 font size decrease font size decrease font size increase font size increase font size

မယ်စဲ့  သြဂုတ်  ၁၅

ကယားပြည်နယ် မယ်စဲ့မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့်  ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီတွင်  မယ်စဲ့မြို့ရှိ   အခြေခံပညာ အထက်တန်းကျောင်း၌   ဆောင်ရွက်သည်။

အဆိုပါဟောပြောပွဲတွင် မယ်ဆည်နမ် ကျေးလက်ကျန်းမာရေး ဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဦးကျော်ခိုင်က ယနေ့အချိန်ထိ ကယားပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကူးစက်မြန်ပြင်းထန် ရာသီတုပ်ကွေး ရောဂါ H1N1 ဖြစ်ပွားမှုမရှိသေးကြောင်း ပြောကြားပြီး ရာသီတုပ်ကွေး H1N1ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နည်းနှင့် ကာကွယ်ကုသပုံနည်းလမ်း တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။

ထို့နောက် သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာပြည်စိုးဦးက သွားနှင့်ခံတွင်းရောဂါများ အကြောင်းနှင့် နည်းမှန်စနစ်မှန် သွားတိုက်ခြင်းများ အကြောင်းကို လည်းကောင်း၊ မြို့နယ် သူနာပြုဆရာမကြီး ဒေါ်သက်သက်ထွေးက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါများ အကြောင်းကို လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

Read 618 times Last modified on Sunday, 20 August 2017 19:06