SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ ဆေးရုံခုနစ်ရုံ၌ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့သော ကလေးမွေးဖွားမှု သုတေသန ပြုထား

Friday, 19 January 2018 10:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်နဝါရီ   ၁၈

မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့သော ကလေးမွေးဖွားမှု   အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  ဆေးရုံခုနစ်ရုံ၌ သုတေသနများ ပြုထားကြောင်း ဆေးသုတေသန ဦးစီးဌာန အာဟာရဓာတ် သုတေသနဌာနခွဲ သုတေသနမှူး ဒေါက်တာ မြဥမ္မာထံမှ သိရသည်။

''ဇီကာဗိုင်းရပ်စ်ကြောင့်   ခေါင်းသေးတဲ့  ကလေးတွေ ရှိမလားဆိုပြီး   ဒါကို သုတေသန ပြုလုပ်ခဲ့ပါတယ်။   ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်   တစ်နှစ်တာလုံးရဲ့  အချက်အလက်ကို ယူပြီးတော့ ရန်ကုန်မှာရှိတဲ့ OG နဲ့ ကလေးတွဲထားတဲ့ ဆေးရုံခုနစ်ရုံမှာ  လေ့လာ လုပ်ဆောင်ခဲ့တာပါ။ အရပ်လက်သည်နဲ့ အပြင်မှာ မွေးတာတွေ၊  ပုဂ္ဂလိကဆေးရုံက    အချက်အလက်တွေတော့  ဒီသုတေသနမှာ မပါပါဘူး'' ဟု ဒေါက်တာမြဥမ္မာ ကပြောသည်။

အဆိုပါသုတေသနကို  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီး၊ တောင်ဥက္ကလာပ မိခင်နှင့်ကလေး ဆေးရုံ၊ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေ ရောဂါကု ဆေးရုံ၊ အင်းစိန် အထွေထွေ ရောဂါကုဆေးရုံ၊    ရန်ကုန်အရှေ့ပိုင်း ဆေးရုံနှင့်  ရန်ကုန်အနောက်ပိုင်း ဆေးရုံတို့၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့သုတေသနပြုရာတွင်  မွေးရာပါ ကိုယ်အင်္ဂါ တစ်နေရာထက်ပို၍ ချို့တဲ့သော အနေအထား ၂၁ ဒသမ ၇ ရာခိုင်နှုန်း၊   ဗဟိုအာရုံကြောစနစ်တွင်   ဖြစ်ပွားသော မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့မှု ၁၅ ဒသမ    ရာခိုင်နှုန်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ပွားမှု  ၁၅  ဒသမ  ၅ ရာခိုင်နှုန်း၊ ကြွက်သားနှင့် အရိုးများတွင် ဖြစ်ပွားသည့်  မွေးရာပါကိုယ်အင်္ဂါချို့တဲ့မှု ၁၄ ဒသမ ၃ ရာခိုင်နှုန်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပွားသော  မွေးရာပါ  ကိုယ်အင်္ဂါချို့တဲ့မှု ၁၃ ဒသမ ၆ ရာခိုင်နှုန်း တွေ့ရသည်။

ဆက်လက်၍    သုတေသနပြုလုပ်မှုမှ မွေးရာပါ ကိုယ်အင်္ဂါတစ်နေရာထက် ပိုသော ချို့တဲ့သည့် အနေအထားကို ၂ဝ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံး တွေ့ရှိရကြောင်း သိရသည်။

Read 308 times Last modified on Friday, 19 January 2018 10:51