SJ WorldNews - шаблон joomla Авто

ကျေးလက် ကျန်းမာရေးဌာန ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ ကျင်းပ

Friday, 19 January 2018 12:49 font size decrease font size decrease font size increase font size increase font size

လှိုင်းဘွဲ့ ဇန်နဝါရီ  ၁၈

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကော့နွဲ ကျေးရွာ၌  ကျေးလက်ကျန်းမာရေး ဌာန ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကျင်းပသည်။

 ပန္နက်တင်မင်္ဂလာ အခမ်းအနားတွင် လှိုင်းဘွဲ့မြို့နယ် ပြည်သူ့ကျန်းမာရေး ဌာနမှူး ဒေါက်တာဆန်းထွန်းနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ပန္နက်တိုင်များ စိုက်ထူ ကြသည်။

''အခုလို ကော့နွဲကျေးရွာမှာ ကျေးလက် ကျန်းမာရေးဌာန    တည်ဆောက်ခွင့်ရတဲ့ အတွက် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အရင်ထက် ပိုမိုဆောင်ရွက် နိုင်တော့မှာဖြစ်ပါတယ်။ အခုလိုဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအားလုံးကို ကျေးရွာလူထု ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်''ဟု ဆေးခန်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်က ပြောသည်။

အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနကို ပြည်ထောင်စုအစိုးရ၏  ခွင့်ပြုရန်ပုံငွေဖြင့်  ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

Read 362 times Last modified on Friday, 19 January 2018 12:49