SJ WorldNews - шаблон joomla Авто

ကျောက်ဖြူမြို့နယ်ရှိ မျက်စိ ဝေဒနာရှင် များအား အခမဲ့ ကုသပေး

Saturday, 20 January 2018 13:48 font size decrease font size decrease font size increase font size increase font size

ကျောက်ဖြူ  ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ်   ကျောက်ဖြူမြို့  ခရိုင်ပြည်သူ့ဆေးရုံကြီး၌  ကျောက်ဖြူမြို့နယ် အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ အခမဲ့  စစ်ဆေးခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ရန်ကုန်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာနီလာသိန်း  ဦးဆောင်သော ကျွမ်းကျင်ပညာရှင် ၂၇ ဦး၊ စစ်တွေဆေးရုံနှင့်  အမ်းဆေးရုံတို့မှ ဆရာဝန်၊   သူနာပြုများနှင့်  ကျောက်ဖြူဆေးရုံမှ  ဝန်ထမ်းများက ခွဲစိတ်ကုသပေးလျက် ရှိသည်။

ဇန်နဝါရီ ၁၆ ရက်တွင် မျက်စိဝေဒနာရှင် ၆၅ဝ ဦး၊ ဇန်နဝါရီ ၁၇ ရက်တွင် မျက်စိ ဝေဒနာရှင် ၅၂၅ ဦး၊ ဇန်နဝါရီ ၁၈ ရက်တွင် မျက်စိဝေဒနာရှင် ၂ဝဝ ဦးကျော်ကို ခွဲစိတ် ကုသပေးလျက် ရှိသည်။

ထို့ပြင် မျက်စိဝေဒနာရှင်များအား လိုအပ်သော ဆေးဝါးများနှင့် မျက်မှန်များ၊ လာရောက် ပြသသောလူနာများအား   နံနက်၊ ညနေ ထမင်းထုပ်များ ဝေငှပေးခြင်းကို အလှူရှင် MCM Co.,Ltd. က တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Read 408 times Last modified on Saturday, 20 January 2018 13:49