SJ WorldNews - шаблон joomla Авто

အာမခံ လုပ်သားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး ဆေးရုံဆေးခန်းများ တိုးချဲ့ ဖွင့်လှစ်ရန်ရှိ

Monday, 22 January 2018 12:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၂၁

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  လူမှုဖူလုံရေး အဖွဲ့အနေဖြင့်    လူမှုဖူလုံရေး ထည့်ဝင်ထားသည့်  အကျုံးဝင်အာမခံ လုပ်သားများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး၌  ဆေးရုံ၊ ဆေးခန်းများ    ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံအရာရှိ ဦးစိန်သန်းမြင့် ထံမှ သိရသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဆေးရုံ၊ဆေးခန်းများကို အဆင့်မြှင့်တင်ခြင်းများ လုပ် ဆောင်နေသည့်အပြင် တစ်ဖက်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ပိုမိုတိုးမြှင့်နိုင်ရေး အတွက် ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ရန် စာချုပ်များ ချုပ်ဆိုနေကြောင်း၊ လူမှုဖူလုံရေး အဖွဲ့နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဖွင့်လှစ်သည့် Care Well ဆေးခန်းများကို ရွှေပြည်သာစက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်တို့၌ ဆေးခန်းသုံးခု ဖွင့်လှစ်ထားရှိကာ ကုသပေးလျက်ရှိသည်။

''ပုဂ္ဂလိကနဲ့ပူးပေါင်းပြီး လက်ရှိဆေးခန်း သုံးခန်း ဖွင့်လှစ်ထားပါတယ်။ ထပ်မံဖွင့်လှစ်မယ့် အစီအစဉ်တွေ ရှိပါတယ်။ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်မယ့် စာချုပ်က ဆေးရုံ၊ ဆေးခန်းတွေကို ထပ်မံ တိုးချဲ့သွားဖို့ရှိတယ်။ လက်ရှိမှာ ရန်ကုန်ကနေစပြီး လုပ်နေတာ ဖြစ်ပါတယ်။ တခြားတိုင်းဒေသကြီးနဲ့  ပြည် နယ်တွေမှာလည်း   တိုးချဲ့ဖို့ အစီအစဉ် ရှိပါတယ်''ဟု ဦးစိန်သန်းမြင့် ကပြောသည်။

ထို့ပြင်  လူမှုဖူလုံရေး ဆေးရုံဆေးခန်းများကို အဆင့်မြှင့်တင်လျက် ရှိပြီး ဆရာဝန်၊ သူနာပြုများ လိုအပ်ချက်အတွက် ကုသရေး ဦးစီးဌာနနှင့် လူမှုဖူလုံရေး အဖွဲ့ ရုံးချုပ်တို့ ညှိနှိုင်းကာ ဖြည့်တင်း ဆောင်ရွက်လျက် ရှိကြောင်း၊    မြန်မာတစ်နိုင်ငံလုံးရှိ လူမှုဖူလုံရေး ရုံးများတွင် အာမခံမှတ်ပုံတင်ထားသည့် အာမခံ လုပ်သားဦးရေ ၁၁ သိန်း ကျော်ရှိကြောင်း သိရသည်။

Read 345 times Last modified on Monday, 22 January 2018 12:04