SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပျော်ဘွယ်မြို့နယ်၌ တီဘီရောဂါ အကြောင်း အသိပညာပေး ဆွေးနွေး ဟောပြော

Tuesday, 22 August 2017 10:23 font size decrease font size decrease font size increase font size increase font size

ပျော်ဘွယ် သြဂုတ် ၂၁

မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် တီဘီရောဂါ ရှာဖွေကုသရေး စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ တီဘီရောဂါအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သာယာကုန်းကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအလုပ်အမှုဆောင်များက တီဘီရောဂါအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောကြပြီး တီဘီရောဂါ ရှာဖွေကုသရေး စေတနာ့ ဝန်ထမ်းများက တီဘီရောဂါ၏ လက္ခဏာများ၊ ရောဂါပြန့်ပွားနိုင်မှု အခြေအနေများ၊ ကုသရေး ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများက တီဘီရောဂါနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ရှာဖွေကုသရေး စေတနာ့ ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တီဘီရောဂါနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာေ စာင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

Read 532 times Last modified on Tuesday, 22 August 2017 10:24