SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ် ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဆောင်ရွက်

Monday, 13 August 2018 10:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်  ၁၂

၂ဝ၁၈ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဗဟိုအဆင့် ရန်ကုန်တိုင်းဒေသကြီးအတွက် စတင်ဖွင့်လှစ် ဆောင်ရွက်ခြင်းကို ယမန်နေ့က ရန်ကုန်မြို့ LOTTE Hotel ၌  ကျင်းပကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ထံမှ သိရသည်။

'' အာဟာရဌာနခွဲက  ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊  ကုလသမဂ္ဂ ကလေးများ  ရန်ပုံငွေအဖွဲ့တို့နဲ့ ပူးပေါင်းပြီး  ၂ဝဝ၉  ခုနှစ်က စပြီး  အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ် လှုပ်ရှားမှုကို သြဂုတ်လတစ်လလုံး  အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။  အခုလို  အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုတွေကို ဗဟိုအဆင့် အနေနဲ့သာမက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့   မြို့နယ်တွေမှာပါ  နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်'' ဟု ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ကပြောသည်။

သို့ဖြစ်ရာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး  ဒုတိယရက် သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ   အာဟာရဖွံ့ဖြိုးရေး၊  တတိယရက်သတ္တပတ်ကို  ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးနှင့် စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်း ချို့တဲ့မှုရောဂါများ ပပျောက်ရေး ရက်သတ္တပတ်များ အဖြစ် သတ်မှတ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၏    လုပ်ငန်းဆောင်ပုဒ် မှာ  မိခင်နို့ရည်ချိုမြမြ  ရင်သွေးငယ်ဘဝ စိတ်ချရ    ဟူ၍ဖြစ်ပြီး    မြန်မာနိုင်ငံသည် အာဟာရစောင့်ရှောက်မှု လုပ်ငန်းများကို ၁၉၅၄  ခုနှစ်က  စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ သုတေသနရလဒ်များအရ အာရှ-ပစိဖိတ်ဒေသတွင်း၌  ငါးနှစ်အောက် ကလေးများ သေဆုံးခြင်း၏ ၅၃ ရာခိုင်နှုန်း သည် အာဟာရချို့တဲ့မှုနှင့် ဆက်နွှယ်နေခြင်းဖြစ်သဖြင့် အာဟာရချို့တဲ့မှု ကာကွယ်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ငါးနှစ်အောက်ကလေး သေဆုံးမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 269 times Last modified on Monday, 13 August 2018 10:12