SJ WorldNews - шаблон joomla Авто

ဖတ်စရာ မှတ်စရာ မြန်မာဆေးနည်းတို

Saturday, 22 December 2018 10:05 font size decrease font size decrease font size increase font size increase font size

မြဝတီ စာဖတ်ပရိသတ်များ၏ ကျန်းမာရေးကဏ္ဍတွင် အထောက်အကူ ပြုနိုင်စေရန် ခေတ် အဆက်ဆက် အသုံးပြုလာခဲ့သည့် ရိုးရာဆေးနည်းတို (ဆေးမြီးတို)များ အကြောင်းကို ရေးသားပြုစုထားသော ဆရာကြည်လွင်မြင့် (မုဒြာ)၏ ''မြန်မာ့ရိုးရာ ဆေးနည်းတို ကုထုံးများ'' စာအုပ်မှဆေးနည်းအချို့ကို ဖော်ပြလိုက်ပါသည် -

ခရုသင်း

ကြိတ်မှန်ရွက်အရည်ကို နေ့စဉ်မှန်မှန် လိမ်းပေးပါက အရောင်ပြောင်းလာနိုင်သည်။ စန္ဒကူးနီ အခေါက်ကို သွေး၍လိမ်းပါ။ တမာပင်မှ ရသောအစေးကို အမှုန့်ပြု၍ သံပရာရည်ဖြင့် ဖျော်စပ်လိမ်းပါ။

ခါးနာ

(က) ကျောက်ကပ်ခါးနာ ဖြစ်လျှင် တောဆီးဖြူပင်၊ ထိကရုံးပင် ပြုတ်သောက်ပါ။ ကျောက်ဖရုံ သီးဟင်းချိုချက်သောက်ပါ။

(ခ) အကြောအဆစ်ရောင်ခါးနာ ဖြစ်လျှင် မုန်ညင်းဆီ၊ နှမ်းဆီကို မီးဖြင့်ချက်လိမ်းပါ။ သက်ရင်းကြီးမြစ် သွေးလိမ်းပါ။ သက်ရင်းကြီးရွက်ကို အိပ်ရာအောက်ခင်းအိပ်ပါ။

(ဂ) ကျီးပေါင်းခါးနာ ဖြစ်လျှင် မိဿလင်ကို အမှုန့်ပြုလုပ်ပြီး အထုပ်ထုပ်၍ ကြပ်ထုပ်ထိုးလျှင် သက်သာစေသည်။ ချင်းခြောက်အမှုန့်နှစ်ဆ၊ လင်းလေအမှုန့် တစ်ဆရောစပ်ပြီး ရေနွေးဖြင့် ဖျော်စပ်၍ လိမ်းကျံပေးပါ။ မိဿလင်ဥအစိုကို ထုထောင်း၍ အရက်ဦးရည်ဖြင့် စိမ်ထားပြီး လိမ်းပါ။ ဝံအူမြစ်၊ တောရှောက်မြစ် နှစ်မျိုးကို သွေးလိမ်းလျှင် သက်သာစေနိုင်သည်။

ခေါင်းအုံရောဂါ

ကွမ်းရွက်ကို အရည်ညှစ်၍ အုန်းဆီဖြင့် ရောစပ်ပြီး ဦးခေါင်းငယ်ထိပ်တွင် လိမ်းကျံပေးပါ။ ကွမ်းရွက်ကို ပြားစေ့အရွယ်ခန့် ဖဲ့ယူပြီး နားထင်နှစ်ဖက်နှင့် မျက်စိထောင့် မျက်မှောင်နှစ်ခု နေရာတွင် ကပ်ပါ။ အစာမကြေ၍ ခေါင်းအုံလျှင် ချင်းကို ပါးပါးလှီးပြီး ထန်းလျက်နှင့် ဆား အနည်းငယ်ထည့်ကာ ကျိုသောက်ပါ။

ချောင်းခြောက်ဆိုးရောဂါ အဆုတ်တွင် အပူငုပ်၍ဖြစ်သည်။ နာတာရှည် အဆုတ်ရောဂါ ခေါ် မြစ်ခြောက်နာကြောင့်လည်း ဖြစ်တတ်သည်။ ကုသနည်းများမှာ-

(၁) နံနက်စောစော အုန်းစိမ်းရည် သောက်ပြီး ရေချိုးပါ။

(၂) အုန်းစိမ်းရည်တွင် ချင်းပါးပါးလှီးပြီး အနည်းငယ်ထည့်၍ မီးဖြင့် ဆူရုံမျှ အပူပေးကာ နွေးနွေးသောက်ပါ။

(၃) လောက်သေရွက်ပြုတ်ရည်ကို တစ်နေ့လျှင် မတ်ခွက်တစ်လုံးစာ သောက်ပါ။

(၄) မီးကွင်းဂမုန်းရွက် သတ္တုရည်တွင် ဆားလှော် အနည်းငယ်ထည့်သောက်ပါ။

(၅) ပြည်ပန်းညိုရွက်ကို ထောင်းပြီး အရည်ညှစ်ကာ အကြမ်းပန်းကန် တစ်လုံးစာတွင် ပျားရည် တစ်ဇွန်း စပ်သောက်ပါ။

(၆) ကြက်သွန်နီဥကြီး မီးအုံးပြီး ပူတုန်းစားပါ။

(၇) ရှောက်သီးအရည် သုံးဇွန်း၊ ပျားရည်တစ်ဇွန်း စပ်ပြီးလျှင် သိန္ဓောဆားအနည်းငယ် ထည့် လျက်ပေးပါ။

(၈) သင်္ဘောအဖိုပင်အရွက်ကို မီးမြှိုက်ပြီး အတို့အမြှုပ် လုပ်စားပါ။

Read 312 times Last modified on Saturday, 22 December 2018 10:07