SJ WorldNews - шаблон joomla Авто

၂ဝ၂ဝ ပြည့်နှစ်တွင် ကလေးကင်ဆာ လူနာများအတွက် ပထမဆုံး ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ဆောင်ရွက်နိုင်ရန် စီစဉ်

Thursday, 10 January 2019 10:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ 

ရန်ကုန်ကလေးဆေးရုံကြီး၌ ၂ဝ၂ဝ ပြည့် နှစ်တွင် ကလေးကင်ဆာ လူနာများအတွက် ပထမဆုံး  ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း  ရန်ကုန် ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာဌာနမှ     တာဝန်ခံ ပါမောက္ခဒေါက်တာ အေးအေးခိုင်ထံမှ သိရသည်။

ရန်ကုန်ကလေးဆေးရုံကြီး၌   ကလေး ကင်ဆာအတွင်း လူနာဦးရေ  ၇၅  ဦးခန့်၊ ပြင်ပလူနာဦးရေ  ၁ဝဝ  ခန့်  ကုသမှုခံယူလျက်ရှိပြီး ရိုးတွင်းခြင်ဆီအစားထိုး ကုသမှုဆောင်ရွက်နိုင်ပါက ကလေးကင်ဆာလူနာများ အနေဖြင့်  ပြည်တွင်း၌  ဆေးကုသနိုင် ခြင်းနှင့် ကုသခွင့်ဆုံးရှုံးမှု မရှိတော့ခြင်း စသည့် အကျိုးကျေးဇူးများ  ရရှိစေမည်ဖြစ်သည်။ လက်ရှိတွင် ရိုးတွင်းခြင်ဆီအစားထိုး ကုသနိုင်ရေးအတွက်  လိုအပ်သော လူအင်အား၊ ပစ္စည်းအင်အား၊ ပံ့ပိုးငွေနှင့် သင်တန်းများပေးရန် လိုအပ်လျက်ရှိပြီး ယင်းလိုအပ်ချက် များကို တဖြည်းဖြည်းချင်းစုစည်းကာ ကင်ဆာဝေဒနာရှင် ကလေးသူငယ်များ အကျိုးရှိစေရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

''ကင်ဆာရောဂါကုသမှုမှာ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုက အဓိကဖြစ်ပါတယ်။ ဒါကို  အောင်မြင်စွာကုသပေးနိုင်ရင် ကလေးကင်ဆာ လူနာတွေအတွက် အကျိုးများစွာ ရှိစေမှာဖြစ်ပါတယ်။၂ဝ၁၉ ခုနှစ်အတွင်းမှာ ကလေးအသည်း အစားထိုး ကုသမှုကိုလည်း လုပ်ဖို့ရှိနေတယ်'' ဟု ဒေါက်တာအေးအေးခိုင် ကပြောသည်။

မြန်မာနိုင်ငံ၌ အသက်  ၁၄  နှစ်အောက် ကလေးကင်ဆာ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်လျှင် လူဦးရေ ၁၅ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ယင်းလူနာများ၏ သုံးပုံတစ်ပုံကို ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ကလေးဆေးရုံကြီးတို့၌  ကုသပေးလျက်ရှိကြောင်း  သိရသည်။        

Read 397 times Last modified on Thursday, 10 January 2019 10:52