SJ WorldNews - шаблон joomla Авто

တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှု ဆောင်ရွက်

Tuesday, 21 May 2019 10:38 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ခုတင် ၁ဝဝ ဆံ့ တိုင်းရင်းဆေးရုံကြီးမှ  ဆရာဝန်များသည်  မေ ၁၉ ရက်က နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်ရှိ ပြည်သူများအား   တိုင်းရင်းဆေးပညာဖြင့်ဆေးကုသမှု ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နေပြည်တော်  ခုတင် ၁ဝဝ ဆံ့ တိုင်းရင်းဆေးရုံကြီး လေငန်းရောဂါနှင့်အရိုး၊ အဆစ်ရောဂါဌာနမှ အကြီးတန်း တိုင်းရင်းဆေးမှူး ဦးဗိုလ်မြင့်ကသွေးတိုး၊ လေငန်းရောဂါနှင့် ပတ်သက်သော ဗဟုသုတတို့ကို ဆွေးနွေး ဟောပြောသည်။

အဆိုပါ တိုင်းရင်းဆေးပညာဖြင့်   ဆေးကုသမှုတွင် နေပြည်တော်ခုတင်  ၁ဝဝ ဆံ့ တိုင်းရင်းဆေးရုံကြီး လေငန်းရောဂါနှင့် အရိုး၊အဆစ် ရောဂါဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးဗိုလ်မြင့် ဦးဆောင်၍ ဆရာ၊ ဆရာမ  ၁၂ ဦးတို့က လေငန်းရောဂါ၊ ဒူးနာ၊ ခါးနာ၊ အနာပေါက်ရောဂါ၊ မီးယပ်ရောဂါ၊ ကလေးသူငယ်နာရောဂါ၊  အမူးအမော်၊  ထုံကျဉ်နာရောဂါနှင့် အခြားအထွေထွေ ရောဂါများကို အခမဲ့ကွင်းဆင်း ကုသပေးရာ ရပ်ကွက်နေ ပြည်သူ  ၇၁ ဦး လာရောက် ဆေးကုသမှု ခံယူကြောင်း သိရသည်။

Read 232 times Last modified on Tuesday, 21 May 2019 10:39