SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပြည်မြို့ အထွေထွေ ရောဂါ ကု ဆေးရုံကြီး၌ ကျောက်ကပ် ဆေးစက်များ တပ်ဆင်ပြီးစီး

Friday, 22 September 2017 10:04 font size decrease font size decrease font size increase font size increase font size

ပြည် စက်တင်ဘာ  ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင် ၅ဝဝဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ယမန်နေ့က ကျောက် ကပ်ဆေးစက်များတပ်ဆင်ပြီးစီး၍    ကျောက်ကပ်ရောဂါဝေဒနာရှင်များ  စတင်ကု သ နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်ဆင်သည့်ကျောက်ကပ်ဆေးစက် အရေ အတွက်မှာ ငါးလုံးဖြစ်ပြီး မြို့မိမြို့ဖများနှင့် အလှူရှင် ၁၅ဝ ဦးတို့က လှူဒါန်းထားသည့်ငွေကြေးများဖြင့် တပ်ဆင်ခဲ့ခြင်းဖြစ်ကာ ကျန်းမာ ရေးနှင့် အား ကစား ဝန်ကြီး ဌာနက လိုအပ်သည့်အထောက်အကူပစ္စည်းများ ကိုထောက် ပံ့ခြင်းဖြင့် စတင်ခြင်းဖြစ်ကြောင်း၊အလှူရှင်များ၏လှူဒါန်းမှုမှာ ငွေကျပ်သိန်း၁၂ဝဝ ခန့်ရှိ ကြောင်း၊ ကျောက်ကပ်ဆေးမည့် လူနာများ အတွက်    သမားတော် များက ဦးဆောင်ပြု လုပ် မည်ဖြစ်ကြောင်း သိရသည်။

ပြည်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က ''ချက်ချင်း အတွက် အကျိုး ထိရောက်တာကတော့ မြွှေကိုက်တဲ့လူနာတွေ ကျောက်ကပ်ထိသွားတာမျိုး ရှိတတ်တယ်။ ဆီးမထွက်ဘူး။ ကျောက်ကပ်ထိခိုက်သွားတဲ့လူနာတွေဆိုရင်တော့ ဒီမှာတင် ချက်ချင်းကျောက်ကပ်ဆေးလို့ရတယ်။ ယခင်က ဆရာမတို့လွှဲပြောင်း ပေးရတယ် ဆိုတာက မြွှေကိုက်တဲ့လူနာတွေ ကိုမြွှေ ဆိပ်ဖြေဆေးတော့ ထိုးတယ်။ ဒါပေမဲ့ ကျောက် ကပ်ထိ သွားတယ်ဆိုရင် ရန်ကုန်ကိုလွှဲပေးရတာမျိုးတွေရှိတယ်။

တကယ့်ကျောက်ကပ် ရောဂါရှိတဲ့ လူနာတွေ အတွက်လည်း အဆင်ပြေ သွားတယ်''ဟု ပြောသည်။ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ကျောက်ကပ်လာရောက် ဆေး သည့် လူနာတစ်ဦးက ရန်ကုန်၌ ကျောက် ကပ် တစ်ခါသွားဆေးလျှင် ခရီးစရိတ်၊ တည်းခိုစရိတ်မပါဘဲ ငွေကျပ် ၆ဝဝဝဝ၊ ၇ဝဝဝဝ ခန့်ကုန်ကျကြောင်း၊   ယခု ဒီမှာဆေး၍ရနေပြီဖြစ်သည့်အတွက်  အဆင်ပြေကြောင်း ပြောသည်။

ပြည်မြို့နယ်  အထွေထွေရောဂါကုဆေးရုံကြီးသို့ ပြည်ခရိုင် ခြောက်မြို့နယ်မှ လူနာများအပြင် သာယာ ဝတီခရိုင်အတွင်းရှိ မြို့များနှင့်  မကွေးတိုင်းဒေသကြီးအောင်လံ၊ သရက်၊  ကံမနှင့်  မင်း တုန်းမြို့တို့မှလည်း လာရောက်ဆေး ကုသမှု ခံယူလျက်ရှိကြောင်း  သိရသည်။   

Read 596 times Last modified on Friday, 22 September 2017 10:14