SJ WorldNews - шаблон joomla Авто

ရွှေကျင်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေး တိုက်ကျွေး

Monday, 08 July 2019 10:45 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး    ရွှေကျင်မြို့နယ် ရွှေကျင်မြို့ ခုတင် ၁ဝဝ ပြည်သူ့ဆေးရုံကြီး၌ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင်   ၂ဝ၁၉ ခုနှစ် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ဦးစီးဌာနမှူး ဒေါက်တာကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး သည်။

ထို့နောက်  တိုင်းဒေသကြီး ဒုတိယဦးစီးဌာနမှူးနှင့် အဖွဲ့သည်  စုရပ်ထားရှိသော ခြေတော်ရာကျေးရွာ၌  ကလေးငယ်များအား  ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက ဆေးတိုက်ကျွေးခြင်း လုပ်ငန်း    ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်း၊ မိဘအုပ်ထိန်းသူများနှင့် ကလေးငယ်များအား  ကျန်းမာရေး ဆိုင်ရာ အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ကြသည်။

ရွှေကျင်မြို့နယ်အတွင်း    အပိုဆောင်း ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း အစီအစဉ်ကို သုံးကြိမ်ခွဲ၍ တိုက်ကျွေးပေးမည် ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဇူလိုင် ၇ ရက်မှ၉ ရက်အထိလည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ လည်းကောင်း၊ တတိယအကြိမ်အဖြစ် သြဂုတ် ၄ ရက်မှ ၆ ရက်အထိ လည်းကောင်း   ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက်ရှစ်ရပ်ကွက်၊ ကျေးရွာ ၁၂၈ ရွာမှ ငါးနှစ်အောက်ကလေး ၁၁၆၅၆ ဦးအား ဆေးတိုက်စုရပ် ၁၂၄ ခုခွဲကာ ကျန်းမာရေး ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့ ၄၄ ဖွဲ့တို့က   လိုက်လံတိုက်ကျွေး ပေးကြမည်ဖြစ်ကြောင်း သိရသည်။

ပိုလီယိုရောဂါ ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း အစီအစဉ်ကို ပဲခူးတိုင်းဒေသကြီး အတွင်း၌ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ ကရင်ပြည်နယ်၌  ခုနစ်မြို့နယ်နှင့် မွန်ပြည်နယ်၌ သထုံ၊ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ် တို့၌ တစ်ပြိုင်တည်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

Read 136 times Last modified on Monday, 08 July 2019 10:46