SJ WorldNews - шаблон joomla Авто

သွေးလွန်တုပ်ကွေးနှင့်ရာသီတုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အသိပေး ရှင်းလင်း

Tuesday, 23 July 2019 09:52 font size decrease font size decrease font size increase font size increase font size

သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေး A(H1N1)ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ကယားပြည်နယ်  လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက်ရှိ   မြို့နယ်ခန်းမ၌  ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင်  ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အမှာစကားပြောကြားပြီး  ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယဌာနမှူး ဒေါက်တာသောင်းလင်းက ရာသီတုပ်ကွေး A(H1N1) ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းအသိပညာပေး ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူတစ်ဦးက ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ ရောဂါလက္ခဏာ၊ကြိုတင်ကာကွယ်ခြင်း ဆိုင်ရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်  ဒေါက်တာအောင်သူထက်က သွေးလွန်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍အသိပညာပေး ရှင်းလင်းသည်။

ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သိရသည်။

Read 169 times Last modified on Tuesday, 23 July 2019 09:53