SJ WorldNews - шаблон joomla Авто

မြွေဟောက်အဆိပ်မှ အာနိသင်ပိုကောင်းသော မြွေဆိပ်ဖြေဆေးအတွက် အထောက်အကူ ပြုနိုင်

Thursday, 22 August 2019 09:32 font size decrease font size decrease font size increase font size increase font size

မြွေဟောက်၏အဆိပ်တွင်  အင်ဇိုင်းဂုဏ်သတ္တိများနှင့် သွေးမခဲနိုင်သော  ဂုဏ်သတ္တိများ ပါဝင်သဖြင့်  အာနိသင်ပိုမို ကောင်းမွန်သည့် မြွေဟောက်အဆိပ်ဖြေဆေး ထုတ်လုပ် ရာတွင် အထောက်အကူ ပြုစေနိုင်ကြောင်း    ဆေးသုတေသန ဦးစီးဌာန   ဇီဝဓာတုဗေဒ   သုတေသနဌာနခွဲမှ  တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံ၌ မြွေကိုက်ခံရပြီး သေဆုံးသူများအနက်    မြွေဟောက် အကိုက်ခံရမှုကြောင့် သေဆုံးမှုမှာ ဒုတိယအများဆုံး ဖြစ်၍ မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်ရာတွင်  အထောက်အကူပြုရန် ယခုကဲ့သို့ လေ့လာခဲ့ခြင်းဖြစ်သည်။

လေ့လာရာ၌  မြွေဟောက်၏ အဆိပ်တွင်  Cobra Venom ၊ Factor ၊ Kaouthi-gin ၊ Phospholipase ၊ Cardiotoxin ၊ Neurotoxin ၊ Myotoxin စသည်ဖြင့် ပါဝင်ပြီး Phospholipase A2 ၊ Hyaluronidase ၊ Acetylthiocholine ၊  Alkaline Phosphomonoesterase နှင့် Phosphodiesterase အင်ဇိုင်းဂုဏ်သတ္တိတို့ ပါဝင်သည်။ မြွေဟောက်အဆိပ်၏ LD50   ပမာဏကို   ကြွက်ငယ်များအား  အသုံးပြု၍ ရှာဖွေရာ LD50 မှာ  သုည  ဒသမ ၁၈၄  မိုက်ခရိုဂရမ် ရှိသဖြင့်  ကြွက်များထံမှ   တုံ့ပြန်မှု မရှိသော်လည်း LD50 ပမာဏထက်မြင့်သော မြွေဆိပ်ထိုးခံရသည့် ကြွက်များမှာ  နှစ်နာရီအတွင်း   သေဆုံးခဲ့သည်ကိုတွေ့ရသည်။  Myotoxic ဂုဏ်သတ္တိနှင့် ပတ်သက်၍    ကြွက်ငယ်များကို  LD100 ထိုးနှံပြီးနောက်တွင် နှလုံးမှ ထွက်သည့် သွေး၌ CK(Creatine Kinase) အင်ဇိုင်းပမာဏ  တိုင်းတာရာတွင်  ၈၅၈ ဒသမ ၉၇ U/L ရှိသည်ကို တွေ့ရသည်။ Fraction အသီးသီး၏ Protein  သုညဒသမ ၂ မိုက်ခရိုဂရမ်ပမာဏသည် Citrated Plasma ကို မိနစ် ၃ဝ ကျော်သည်အထိ သွေးမခဲစေနိုင်ကြောင်း တွေ့ရပြီး မြွေဟောက်အဆိပ် သုည ဒသမ ဝ၁၊ သုည ဒသမ ၁ နှင့် သုည ဒသမ ၅ မိုက်ခရိုဂရမ်ပမာဏ အသီးသီးတို့မှာလည်း CitratedPlasmaကို မိနစ် ၃ဝ ကျော်ကြာမြင့်သည်အထိ သွေးမခဲစေနိုင်ကြောင်း တွေ့ရသည်။

ထိုမြွေဟောက်အဆိပ်ဖြေဆေးသည် မြွေဟောက်အဆိပ်နှင့် ၎င်း၏ Protein Fraction  အသီးသီးကို ဓာတ်ပြုနိုင်သည့် အခြေအနေကိုလည်း ELISA နည်းပညာဖြင့် တိုင်းတာတွေ့ရှိ ရသကဲ့သို့ မော်လီကျူး အလေးချိန် 30 kDaနှင့်အထက် ပါဝင်ပစ္စည်းများကို မြွေဟောက်အဆိပ်ဖြေဆေးက ဓာတ်ပြုနိုင်ကြောင်း သိရသည်။

ထို့ပြင် မော်လီကျူး အလေးချိန် 30 kDa အောက်ငယ်သော ပစ္စည်းများကိုမူ အနည်းငယ်လောက်သာ ဓာတ်ပြုနိုင်ကြောင်းကိုလည်း Western Blot နည်းပညာ အသုံးပြုကာ  တိုင်းတာလေ့လာ တွေ့ရှိခဲ့ကြောင်း သိရသည်။ 

Read 197 times Last modified on Thursday, 22 August 2019 09:33