SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြန်မာ - တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်း၍ ငါးမျိုးစပ် ဘီပိုး ကာကွယ်ဆေး တိုးချဲ့  ထုတ်လုပ်ရန် စီစဉ်

Monday, 25 September 2017 10:22 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ ငါးမျိုးစပ် ဘီပိုးကာကွယ်ဆေး တိုး ချဲ့ထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုအခါ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)၌ ဘီပိုးကာကွယ်ဆေးကို လူကြီးထိုးဆေးနှင့် ကလေးထိုးဆေးဟူ၍ နှစ်မျိုးခွဲခြား ထုတ်လုပ်ပြီး တစ်နှစ်လျှင် ထိုးဆေးအလုံးရေ နှစ်သိန်းမှ သုံးသိန်းကြား ထွက်ရှိကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်နိုင်ငံမှ လှူဒါန်းထားသော ဘီပိုးကာ ကွယ်ဆေး အရေအတွက် လေးသန်းခန့်ကို လက် ခံရရှိခဲ့ပြီး ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် လက်ရှိအခြေ အနေအရ ပြည်တွင်း၌ ဆေးဝါး လိုအပ်ချက်၏ ၁ဝ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ပြည်တွင်းဆေးဝါး လိုအပ်ချက်၏ ၅ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်စေရန် ရည်မှန်းချက်ထားကာ စီစဉ်လျက်ရှိသည်။ လက်ရှိတွင် အစိုးရဆေးဝါး စက်ရုံများမှ သွေးကြောသွင်းဆေးရည်၊ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေးရည်နှင့် လိမ်းဆေးဆီစသည့် ဆေးအမျိုး အစားပေါင်း ၁၈ဝ ကျော်ထုတ်လုပ်ပေးနေပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အတွက် လိုအပ်သော ဆေးဝါးများကို ဦးစား ပေးထုတ်လုပ်နေသည့်အပြင် ပြည်တွင်းဈေးကွက်သို့လည်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

Read 496 times Last modified on Monday, 25 September 2017 11:35