SJ WorldNews - шаблон joomla Авто

(၅၃)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စုပေါင်း သွေးလှူဒါန်း

Monday, 25 September 2017 10:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၂၄

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၁ဝဝဝ ဆံ့၌   ယနေ့ နံနက် ၈ နာရီတွင် စုပေါင်း သွေးလှူဒါန်းကြသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးနှင့် နေပြည်တော် ရဲတပ်ဖွဲ့ လက်အောက်ရှိ ခရိုင်/မြို့နယ်များမှ အမျိုးသား ရဲတပ်ဖွဲ့ဝင် ၃၂ ဦး၊ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်၁၅ ဦး စုစုပေါင်း ၄၇ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့လှူဒါန်းနေမှုကို နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်၊   ဒုတိယတပ်ဖွဲ့မှူး  ယာယီရဲမှူးကြီးရွှေသောင်း၊ အထူး တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးဝင်းသိန်း၊ ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှရီနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းသော ရဲတပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး အားဆေး၊ အာဟာရအား ဖြည့်  အချိုရည်နှင့်ကြက်ဥတို့ကို   ပေးအပ်ကြောင်း သိရသည်။       

 

Read 536 times Last modified on Monday, 25 September 2017 10:37