SJ WorldNews - шаблон joomla Авто

လာမည့်နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာနှင့် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှစ်မျိုး ထိုးနှံပေးမည်

Tuesday, 01 October 2019 08:44 font size decrease font size decrease font size increase font size increase font size

နိုင်ငံတကာ ကာကွယ်ဆေး ထောက်ပံ့ရေး အဖွဲ့အစည်းဖြစ်သော Gavi The  Vaccine Alliance ၏ ပံ့ပိုးကူညီမှုဖြင့် လာမည့်နှစ်အတွင်း    သားအိမ်ခေါင်း ကင်ဆာနှင့် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှစ်မျိုး   ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာနမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာနှင့်    ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှော ရောဂါသည်   မြန်မာနိုင်ငံ၌    ဖြစ်ပွားမှုများလာသည့် အတွက် ကာကွယ်ပေးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့ပြင်  အသက်ကိုးလမှ  ငါးနှစ်အရွယ် ကလေးငယ်ပေါင်း    လေးသန်းကျော်ကို လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလ အတွင်း ဝက်သက်နှင့်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးရန် အစီအစဉ်ရှိသည်။

လာမည့်နှစ်အတွင်း ထိုးနှံပေးမည့် သားအိမ်ခေါင်း ကင်ဆာနှင့် ရိုတာဗိုင်းရပ်စ် ရောဂါများအတွက်လည်း ထိရောက်စွာ ကုသပေးနိုင်ရန် လက်ရှိတွင် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ   အသိပညာပေးခြင်း လုပ်ငန်းများ   လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနအနေဖြင့်  ပြင်းထန်တီဘီရောဂါ၊   အသည်းရောင်အသားဝါ (ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ဦးနှောက်အမြှေးပါးရောဂါ၊  ဆုံဆို့နာ၊  ကြက်ညှာချောင်းဆိုး၊  မေးခိုင်ရောဂါ၊  ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊   ဝက်သက်ရောဂါ စသည့်ရောဂါများ အတွက် ကာကွယ်ဆေး ၁၁ မျိုးကို ပုံမှန်ထိုးပေးလျက်ရှိသည်။

ပြည်သူများ၏   ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရာတွင် ပြည်သူများကြား ဖြစ်ပွားနေသည့် ရောဂါများကို အထူးကာကွယ်ပေးနိုင်ရန် လိုအပ်သဖြင့် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။                

Read 89 times Last modified on Tuesday, 01 October 2019 08:45