Print this page

ပြည်ပ၌ ဝယ်ယူရန် ခက်ခဲသော ဆေးဝါးများကို ပြည်သူ့ဆေးရုံကြီး ၌ ဦးစားပေး ရောင်းချရန် စီစဉ်လျက်ရှိ

Wednesday, 27 September 2017 10:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   စက်တင်ဘာ  ၂၆

ပြင်ပ၌ ဝယ်ယူရန်ခက်ခဲသော ဆေးဝါးများကို ပြည်သူ့ဆေးရုံကြီးများ၌ ဆေးရုံကြီးကြပ်ရေး ကော်မတီမှ ဖွင့်လှစ်သည့် ဆေးဆိုင်များတွင် ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာနမှ သိရသည်။

ဆေးအရောင်းဆိုင်များကို မကြာမီဖွင့်လှစ်မည် ဖြစ်ပြီး လူနာများ ဆေးဝါးဝယ်ယူရာတွင် အဆင်ပြေမှု ရှိစေရန်နှင့် ဈေးနှုန်းသက်သာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။၂၀၁၅ ခုနှစ်တွင် ဆေးရုံဝင်းအတွင်း အစားအစာ ရောင်းချသော ဆိုင်များ ၊ဆေးဆိုင်များ မဖွင့်လှစ်ရန် ညွှန်ကြားချက်ထုတ်ပြန်၍ ဆိုင်ပိတ်ခဲ့ရာ လူနာများအနေဖြင့် လိုအပ်သည့် ဆေးဝါးများကို အလွယ်တကူ ဝယ်ယူမရနိုင်သော အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် သက်ဆိုင်ရာဌာနများသို့ အဆင့်ဆင့် တင်ပြ၍ ခွင့်ပြုချက် ရရှိလာသော်လည်း  ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ဆေးရုံကြီးကြပ်ရေး ကော်မတီမှ ဦးစီး၍  ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချရန် သဘောတူညီခဲ့သည်။

ယင်းဆေးဆိုင်များကို စီမံချက်များဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဗဟိုအဆင့် ဆေးရုံ ၃၉ ရုံ၌ စတင်ဖွင့်လှစ်မည် ဖြစ်သည်။ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဆေးရုံများ၌ ဆက်လက်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ယခုဆေးရုံ ကြီးကြပ်ရေးကော်မတီမှ ဖွင့်လှစ်မည့် ဆေးအရောင်းဆိုင်များမှ ရရှိသော အမြတ်ငွေများကို ဆေးရုံ ကြီးကြပ်ရန်ပုံငွေအဖြစ် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စများတွင် အသုံးပြုရန် စီစဉ်ထားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေး ဌာနပေါင်း ၁၇၇၈ ခု ဆောက်လုပ်ပေးထားပြီး ကျေးလက် ကျန်းမာရေး ဌာနခွဲပေါင်း ၉၀၈၃ ခု ရှိကြောင်း သိရသည်။

Read 482 times Last modified on Wednesday, 27 September 2017 10:41