SJ WorldNews - шаблон joomla Авто

(၁၈)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဆေးပညာအဖွဲ့) ညီလာခံ ကျင်းပမည်

Wednesday, 27 September 2017 11:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၆

မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဆေးပညာအဖွဲ့)မှ ကြီးမှူး၍ (၁၈)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း   (ဆေးပညာအဖွဲ့) ညီလာခံကို ရန်ကုန်မြို့ Melia  Hotel ၌ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီး    အထွေထွေရောဂါကု ဆရာဝန်     တွဲဖက်ပါမောက္ခ ဒေါက်တာသိန်းမြင့်ထံမှ သိရသည်။

ညီလာခံတွင် Internal  Medicine နှင့် နှီးနွှယ်သည့်   အထူးပြု ဘာသာရပ်များမှ   စိတ်ဝင်စားဖွယ် ဆေးပညာအကြောင်းအရာများကို   American   College  of  Physicians(ACP) နှင့်  ASEAN  Federation  of  Internal  Medicine(AFIM) အဖွဲ့ဝင်များမှ  ဖိတ်ကြားထားသော ပြည်တွင်းပြည်ပ ပညာရှင်များက ဟောပြော ဆွေးနွေးမည်ဖြစ်သည်။

ထို့ပြင်  အမေရိကန်ပြည်ထောင်စု၏  လက်ရှိ  ဆေးပညာ သင်ကြားရေးစနစ်နှင့် ASEAN   Federation  of Internal Medicine(AFIM) အဖွဲ့ဝင်နိုင်ငံများရှိ ဆေးပညာသင်ကြားရေး စနစ်များနှင့် ပတ်သက်သော ဟောပြောပွဲများ၊ မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများမှ ပညာရပ်ဆိုင်ရာ စာတမ်းများနှင့် သုတေသနစာတမ်း   တင်သွင်းခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းညီလာခံကို ပြည်တွင်းမှ ဆေးပညာရှင်များအပြင် အာဆီယံနိုင်ငံများမှ ဆေးပညာရှင်များ၊ အမေရိကန်၊  အင်္ဂလန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် သီရိလင်္ကာစသည့် နိုင်ငံများမှ ဆေးပညာရှင်များ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံသည်    မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဆေးပညာအဖွဲ့)၏ သက်တမ်း တစ်လျှောက်တွင် ပထမဆုံးအကြိမ်  နိုင်ငံတကာအဆင့်  ဆေးပညာ ညီလာခံ ကျင်းပနိုင်ခြင်းဖြစ်ပြီး  ထူးခြားချက်မှာ နိုင်ငံတကာ အဆင့်    ဆေးပညာညီလာခံကို နိုင်ငံခြားမှ Event  Organizer မငှားဘဲ မိမိတို့အသင်းဝင် ဆရာဝန်များ ကိုယ်တိုင် Event Organizer အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။         

Read 541 times Last modified on Wednesday, 27 September 2017 11:20