SJ WorldNews - шаблон joomla Авто

ရောဂါနောက်ဆုံး အဆင့်လူနာများ ကုသစောင့်ရှောက်မှုတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၇၆ ရှိနေ

Monday, 07 October 2019 09:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ 

ရောဂါဝေဒနာအပြင်းအထန်ခံစားရပြီးနောက် ဆရာဝန် လက်လျှော့ပေးလိုက်သည့် ကုထုံးကုန် လူနာများပြုစု စောင့် ရှောက်မှု ကို ရည်ညွှန်း ခေါ်ဆိုသော Hospice ကုသစောင့်ရှောက်မှုသည် မြန်မာနိုင်ငံက  ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၇၆ တွင်ရှိကြောင်း ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း နာယက  ဒေါက်တာ လှမောင်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၂) လမ်းမကြီးဘေး ရွာသာကြီးရပ်ကွက်ရှိ ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း၌  ကင်ဆာ ဝေဒနာရှင်များ အတွက် အလှူငွေ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်း တွင် ကျင်းပသည်။

''ကျွန်တော်တို့ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ကင်ဆာရောဂါ နောက်ဆုံးအဆင့် ဆရာဝန် လက်လျှော့ပေးခဲ့ရတဲ့ လူနာ တွေကို အခမဲ့ပြုစု စောင့်ရှောက်ပေးနေပါတယ်။ ရောဂါနောက်ဆုံး အဆင့်မှာ ရောက်နေပေမယ့် စိတ်ဓာတ်မကျ စေဘဲ ၎င်းတို့ရဲ့ စိတ်ဓာတ်သာယာ ချမ်းမြေ့စွာ ရှိစေဖို့အတွက် ဆရာဝန်၊ သူနာပြုတွေနဲ့ အနီးကပ်ပြုစု စောင့်ရှောက် ပေးတာကို Hospice လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ကုသပေးနိုင်မှုက ကမ္ဘာ့အဆင့် ၇၆ မှာရှိပါတယ်''ဟု ဒေါက်တာ လှမောင်က ပြောသည်။                  

၂ဝ၁၅ ခုနှစ်မှ ယနေ့ထိ Lien  Foundation နှင့် The  Economist  Intelligence  Unit တို့ ပူးပေါင်းလျက် နိုင်ငံပေါင်း ၈ဝ တို့တွင် ဘဝ၏ နောက်ဆုံးအချိန်ရောက်နေကြသော လူနာများစာရင်းကို ကောက်ယူ၍ အညွှန်းကိန်း တစ်ရပ် ထုတ်ပြန် ခဲ့ရာ   ဗြိတိန်နိုင်ငံက အဆင့် ၁၊ သြစတြေးလျနိုင်ငံက အဆင့် ၂၊  နယူးဇီးလန် နိုင်ငံက အဆင့် ၃၊ အိုင်ယာ လန် နိုင်ငံက အဆင့် ၄၊ ဘယ်လ်ဂျီယံနိုင်ငံက  အဆင့် ၅၊ တရုတ်(တိုင်ပေ)ကအဆင့် ၆၊  ဂျာမနီ နိုင်ငံက  အဆင့် ၇၊  နယ်သာလန် နိုင်ငံက အဆင့် ၈၊ အမေရိကန်နိုင်ငံက အဆင့် ၉၊ ပြင်သစ်နိုင်ငံက အဆင့် ၁ဝ ဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၇၆ ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံပေါင်း ၈ဝ အနက်အဆင့် ၇၆ ရှိခြင်းမှာ ရန်ကုန်မြို့နှင့် မန္တလေး မြို့ကြီးများတွင်ဦးလှထွန်း မေတ္တာရိပ်မွန်ကို ထူထောင်ဖွင့်လှစ် နိုင်ခဲ့၍ဖြစ်ကြောင်း၊ ပြည်သူ့ စာရင်းကိုင်နှင့် ဘဏ္ဍာရေး အတိုင်ပင်ခံ နိုင်ငံတော်လူမှု ထူးချွန်ပထမဆင့် ရရှိထားသော ဦးလှထွန်း သည် တစ်ဦးတည်းသောသမီး သွေးကင်ဆာဖြင့် ကွယ်လွန်ပြီးနောက် အဆိုပါဖောင်ဒေးရှင်းကို  ၁၉၉၈ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ စတင်တည်ထောင်ချိန်မှစ၍ ယနေ့အထိ ရန်ကုန်မြို့၌ နောက်ဆုံးအဆင့် ကင်ဆာဝေဒနာရှင်ပေါင်း၂၇၁၃ ဦး၊ မန္တလေးမြို့၌ ၃၄၈၁ ဦးတို့ကို ပြုစု စောင့်ရှောက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ လူမျိုးမရွေး ဘာသာမရွေး ကင်ဆာရောဂါ စွဲကပ်ပြီး ဆရာဝန် လက်လျှော့ ဝေဒနာရှင် များအား ဆက်လက်ပြုစု စောင့်ရှောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 79 times Last modified on Monday, 07 October 2019 09:11