SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင် ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူလူနာ H1N1 ပိုးတွေ့ လူနာ ၄ဝဝ၊ သေဆုံးသူ ဦးရေ ၃၈ ဦးရှိ

Wednesday, 27 September 2017 13:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂၆

စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီမှစက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီအထိ၁၁ ရက်အတွင်း

ရာသီတုပ်ကွေးရောဂါ Seasonal Infl uenza A(H1N1) pdm- 2009 သံသယ လူနာ ၁၁၆ ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာ ၃ဝ ဦးတွေ့ရှိခဲ့ရပြီး တစ်ဦး ထပ်မံသေ ဆုံး ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီမှစက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီအထိ စစ်ဆေးသူ စုစုပေါင်း ၃၅ ဦးတွင်H1N1 positive လူနာ တစ်ဦးသာတွေ့ရှိပြီးသေဆုံးသူ ထပ်မံ မရှိကြောင်း၊ ဇူလိုင် ၂၁ရက်မှ ယနေ့မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်းလူနာ ၁၁၈ဝ ဦးအနက် H1N1ပိုးတွေ့လူနာ စုစုပေါင်း ၄ဝဝ ဦးရှိခဲ့ကာတစ်နိုင်ငံလုံး၌ ယနေ့အထိသေဆုံးသူဦးရေမှာ ဧရာဝတီတိုင်း ဒေသကြီး၌ ၁၃ ဦး၊ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ခြောက်ဦးနှင့် အခြား တိုင်းဒေ သကြီး/ပြည်နယ်တို့၌ ၁၁ ဦး စုစုပေါင်း ၃၈ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက် အရသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင်ံ H1N1 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါ အခံများကြောင့် ယနေ့ အထိသေဆုံးသူ စု စုပေါင်း ၂၂ ဦးရှိကြောင်း၊ ယနေ့မွန်းလွဲ ၂ နာရီအထိ H1N1 ပိုးတွေ့လူနာအဖြစ် အထူးကုဆေးရုံကြီး(ဝေဘာဂီ)၌ အတွင်းလူနာအဖြစ် တက် ရောက်ကုသမှုခံယူသူမရှိတော့ကြောင်းနှင့် အခြား တိုင်းဒေ သကြီး/ပြည်နယ်ဆေးရုံကြီးများတွင်အတွင်းလူနာ စုစုပေါင်းသုံးဦး ဆက်လက်ကုသမှုခံယူလျက်ရှိပြီး ရောဂါ သက်သာကောင်းမွန်သဖြင့် ဆေးရုံဆင်းသောလူနာ၃၁၈ ဦးနှင့် ပြင်ပလူ နာ အဖြစ်ပြသသူ ၁၉ ဦးရှိခဲ့ကြောင်းနှင့် ဆေးရုံတက်ရောက်ကုသသူ ဦးရေမှာလည်း သိသိသာသာ ကျဆင်းလျက်ရှိကြောင်း၊ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေး ရိပ် သာနှင့်ဂေ ဟာများ၊ အခြားလူစု လူဝေးရှိသောနေရာများတွင် တုပ်ကွေး ဆန်သော ရောဂါ လက္ခဏာများ ထပ်ဆင့်ဖြစ်ပွားမှု အခြေ အနေမှာ လျော့နည်းသွား သဖြင့် ကူးစက်မှုနှုန်းမှာ ကျဆင်းလာကြောင်း သိ ရသည်။

ပြည်သူလူထု အနေဖြင့် မိမိတွင်ရာသီတုပ်ကွေးရောဂါလက္ခဏာများခံစားရသည်ဟုသံသယရှိပါက နီးစပ်ရာပြည်သူ့ဆေးရုံများသို့ အချိန်မီသွားရောက်ဆေးကုသမှုခံယူရန် နှင့် မိမိထံမှအခြား သူများ သို့ရောဂါကူးစက်မှုမရှိစေရန် မိမိကိုယ်တိုင်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရာသီတုပ်ကွေးရောဂါ ဆိုင် ရာ ကျန်းမာရေး အသိ ပညာပေးနှိုးဆော် ချက်များ ကို လိုက်နာဆောင်ရွက်သွားရန်တိုက်တွန်းထားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသော ရာသီ တုပ်ကွေးရောဂါ Seasonal Infl uenzaA(H1N1)pdm- 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူ လူ ထုများ သိရှိနိုင်ရန် သတင်းထုတ်ပြန်ချက်အား အခါအားလျော်စွာ ထပ်မံ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                                            

Read 498 times Last modified on Wednesday, 27 September 2017 13:33