SJ WorldNews - шаблон joomla Авто

ခွာနာလျှာနာရောဂါ ကင်းဝေးစေရန် ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံပေး

Thursday, 10 October 2019 09:40 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး   ပွင့်ဖြူမြို့နယ်အတွင်း  ကျွဲ၊ နွားတိရစ္ဆာန်များတွင်  ခွာနာလျှာနာရောဂါ ကင်းဝေးစေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး ဦးဆောင်သော ဝန်ထမ်းများသည် အောက်တိုဘာ ၉ ရက်  နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်    လယ်လှကုန်းကျေးရွာသို့ သွားရောက်ပြီး   ဒေသခံတောင်သူများ၏ ကျွဲ၊နွားတိရစ္ဆာန်များအား    ခွာနာလျှာနာ ရောဂါကင်းဝေးရေး ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာသန့်ဇော်ထွေးက ကျွဲ၊နွား တိရစ္ဆာန်များတွင် ခွာနာလျှာနာရောဂါ ဖြစ်ပွားရခြင်း အကြောင်းနှင့် ခွာနာလျှာနာရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာရန်အချက်များ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် နည်းလမ်းများကို ပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က   ကျေးရွာရှိ    ဒေသခံတောင်သူများ မွေးထားသော ကျွဲ၊ နွား ၂၄၆ ကောင်ကို  ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ လိုက်လံ ထိုးနှံပေးသည်။

ပွင့်ဖြူမြို့နယ်  မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်  မြို့နယ်အတွင်း  လယ်လှကုန်း ကျေးရွာအပါအဝင်   ကျေးရွာပေါင်း ၃၆ ရွာသို့  ကွင်းဆင်းသွားရောက်ပြီး   ကျွဲ၊ နွားကောင်ရေ စုစုပေါင်း     ၃၅၈၂   ကောင်ကို   ခွာနာလျှာနာရောဂါ   ကာကွယ်ဆေးများ ထိုးနှံပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

Read 67 times Last modified on Thursday, 10 October 2019 09:43