SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျန်းမာရေးသုံး ဆေးဝါး ရောင်းဝယ်မှုများနှင့် ပတ်သက်၍ လစဉ် စစ်ဆေးမှုများ ပြုလုပ် လျက်ရှိ

Thursday, 10 October 2019 09:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ကျန်းမာရေး

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန  (FDA) မှ  ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျန်းမာရေးသုံး ဆေးဝါး ရောင်း ၀ယ်မှုများနှင့် ပတ်သက်၍  လစဉ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း FDA (ရန်ကုန်)  ညွှန်ကြားရေးမှူး  ဒေါက်တာ မင်းဝန်၏ ပြောဆိုချက် အရ သိရသည်။

FDA အနေဖြင့် လစဉ် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆေးဆိုင် ၂၀ မှ ၃၀ အတွင်း စစ်ဆေးမှုများ ပြုလုပ် လျက်ရှိသည်။ ယင်းကဲ့သို့ စစ်ဆေးရာတွင် တရားမ ၀င်ဆေး၊ စပ်ဆေး၊ ဆေးဝါးအတုနှင့် ရက်လွန်ဆေးဝါးများကို ရောင်းချ နေမှုရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တရားမ၀င် ဆေးဝါး အများဆုံး တွေ့ရှိရကြောင်း သိရသည်။

““ဆေးဝါး မှတ်ပုံတင်ရင် ကုန်ကျစရိတ် ရှိမယ်။ တရားဝင်လမ်းကြောင်းကနေဆို ရင် အကောက်ခွန်တွေရှိမယ်၊ အဆင့် ဆင့် ကြာမယ်ဆိုတော့  တရားမ၀င်လိုင်းကနေ တင်သွင်းလာကြတယ်။ အဲဒီတော့ တာဝန် ယူမယ့်သူ၊ တာဝန်ခံမယ့်သူ မရှိဘူး။ အာမခံ မယ့်သူမရှိဘူး။ ဈေးပေါပေါနဲ့  ရောင်းနိုင် မယ်”” ဟု ဒေါက်တာ မင်းဝန်က ပြောသည်။

ယခုကဲ့သို့  စစ်ဆေးတွေ့ရှိချိန်တွင် တရားမ၀င်ဆေး၊ စပ်ဆေး၊ ရက်လွန်ဆေး ရောင်းချသည်ကို တွေ့ရှိပါက   ပထမဆုံး အကြိမ် သုံးလပိတ်ခြင်း၊ ဒုတိယ အကြိမ် ခြောက်လပိတ်ခြင်း၊ တတိယအကြိမ် အမျိုးသား ဆေးဝါးဥပဒေနှင့် တရားစွဲ ဆို၍ လိုင်စင် ပိတ်သိမ်းခြင်းများ လုပ်ဆောင် ကြောင်း သိရသည်။

အကယ်၍  ဆေးဝါးအတု ရောင်းချကြောင်း တွေ့ရှိပါက ပထမဆုံး အကြိမ်မှ စ၍ အမျိုးသား ဆေးဝါးဥပဒေနှင့် တရား စွဲဆို ခြင်း များ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါကိစ်္စရပ်များလျော့နည်းလာစေရန် FDA အနေဖြင့် ပုဂလိက အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ယခင် နှင့်နှိုင်းယှဉ်ပါက တဖြည်းဖြည်း လျော့ကျ လာသည့် အနေအထားရှိကြောင်း သိရသည်။                         

kaykay

Read 64 times Last modified on Thursday, 10 October 2019 09:52