SJ WorldNews - шаблон joomla Авто

ညောင်ဦးမြို့ ခုတင် ၂ဝဝ ဆံ့ပြည်သူ့ဆေးရုံရှိ လူနာများ အတွက် အောက်ဆီဂျင်အိုးများ အခမဲ့ ငှားရမ်းပေး

Friday, 18 October 2019 10:22 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ မြတ်ဒါနအောက်ဆီဂျင် အခမဲ့နှင့် လူမှုကူညီရေးအသင်းက ညောင်ဦးမြို့ ခုတင် ၂ဝဝ ဆံ့ပြည်သူ့ဆေးရုံရှိ လူနာများအတွက် တစ်ရက်လျှင် အောက်ဆီဂျင်အလုံးရေ ၅ဝ ခန့် နေ့စဉ်ငှားရမ်း ပေးနေရကြောင်း အဆိုပါ  ညောင်ဦးမြို့ မြတ်ဒါန အောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေး အသင်းရုံးမှ သိရသည်။

ညောင်ဦးမြို့ ခုတင် ၂ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီးသည် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက အမြို့မြို့အနယ်နယ်မှ ဒေသခံ ပြည်သူများကပါ ကျန်းမာရေး ဆေးဝါးကုသခြင်းအတွက် အားထားရသည့် ဆေးရုံကြီးဖြစ်ပြီး လူနာများ ဆေးဝါးကုသရာတွင် အရေးပေါ် အောက်ဆီဂျင် လိုအပ်ပါက ညောင်ဦးမြို့   မြတ်ဒါနအောက်ဆီဂျင် အခမဲ့နှင့် လူမှုကူညီရေး အသင်းက အဆင်ပြေစွာ ဆေးဝါးကုသနိုင်ရန် အောက်ဆီဂျင်အိုးများကို ၂၄ နာရီ ငှားရမ်းပေးလျက်ရှိကြောင်း   သိရသည်။

''ညောင်ဦးမြို့ မြတ်ဒါနအောက်ဆီဂျင် အခမဲ့နှင့် လူမှုကူညီရေး အသင်းအနေနဲ့ လူနာတွေအတွက် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး လစဉ်အလှူရှင်များ၏ ပံ့ပိုးကူညီမှုနဲ့ တစ်လကို လေလှောင်အိုးကြီး အလုံးရေ ၂၅ဝ ဝယ်ယူဖြည့်တင်းပြီး ၂၄ နာရီ ငှားရမ်းပေးတာ ဖြစ်ပါတယ်။

ငှားရမ်းရ လွယ်ကူစေရန်  ဆေးရုံဝင်းအတွင်းမှာ အသင်းရုံးခွဲ ဖွင့်လှစ်ထားရှိပြီး နံနက် ၈ နာရီမှ ညနေ ၄နာရီအထိ ငှားရမ်းပေးသည့်အပြင် ညောင်ဦးမြို့ ပန်းဘဲကုန်းရပ်ကွက် ဆုတောင်းပြည့်ဘုရားအနီး  ပင်မအသင်းရုံးက ၂၄ နာရီ ငှားရမ်းပေးပါတယ်''ဟု ညောင်ဦးမြို့ မြတ်ဒါန အောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးခိုင်လင်းမောင် က ပြောသည်။

Read 172 times Last modified on Friday, 18 October 2019 10:26